India



သကြား ပြည်ပတင်ပို့သည့် အိန္ဒိယ သကြားတင်သွင်းရသည့်နိုင်ငံ ဖြစ်လာနိုင်

သကြား ပြည်ပတင်ပို့သည့် အိန္ဒိယ သကြားတင်သွင်းရသည့်နိုင်ငံ ဖြစ်လာနိုင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယနိုင်ငံတွင် မိုးနည်းပါးခြင်းကြောင့် ကြံအထွက်နှုန်း လျော့ကျခြင်း၊ စိုက်ပျိုးဧရိယာ လျော့နည်းခြင်းတို့ကြောင့် သကြား အထွက်နည်းလိမ့်မည်။

အိန္ဒိယနိုင်ငံ သကြားထုတ်လုပ်မှု၏ ထက်ဝက်နီးပါးကို ထုတ်လုပ်ပေးသည့် ပြည်နယ် ၂ ခု ဖြစ်သော  Maharashtra နှင့် Karnataka တို့တွင် ကြံခင်းများသို့ ရေပေးဝေသည့် ဆည်များတွင် ရေလက်ကျန် လျော့နည်းနေသဖြင့် ရေမပေးဝေနိုင်ချေ။ သို့ဖြစ်ရာ ကြံအစား ဂျုံ၊ ကုလားပဲ အစရှိသည်တို့ကို စိုက်ပျိုးကြရသဖြင့် ကြံစိုက်ဧရိယာ လျော့နည်းနေသည်။

 

 photo_2023-12-19_22-44-41.jpg

 

အိန္ဒိယ၏ သကြားအထွက်နှုန်းသည် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းစားသုံးမှုအတွက် မလုံမလောက် ဖြစ်သည်ကို ကြုံရလိမ့်မည်။ 

 သို့ဖြစ်ရာ သကြားထုတ်လုပ်မှု ကမ္ဘာ့ဒုတိယအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံသည် သကြားကို ပြည်ပမှတင်သွင်းရလိမ့်မည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။

၂၀၂၄ ခုနှစ်တွင် ပြည်ပသို့ သကြားတင်ပို့မှု ပိတ်ပင်ထားမည် ဖြစ်သည်။ 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 19 December 2023 22:46
Rate this item
(0 votes)