India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
ht tps://t.me/Guid4U

08 June 2023

 

• ဗီယက်နမ်ကုန်သည်များ ပို့ကုန်စာချုပ်များကို ဖြည့်ဆည်းရန် အရှိန်အဟုန်ဖြင့် ဆန်ဝယ်ယူ‌နေကြသည်။

 

• ဘင်္ဂလားဒေ့ရှ်သည် ပြီးခဲ့သည့် ၁၁ လအတွင်း ဆန်တန်ချိန် ၆၃၄,၀၀၀ တင်သွင်းခဲ့သည်။

 

• မိုးခေါင်ရေရှားမည့်အ‌ေရး စိုးရိမ်ပူပန်မှုများဖြင့် အင်ဒိုနီးရှား ဆန်ဝယ်ယူ‌

 

• ဆန်တင်ပို့မှု ကမ္ဘာ့အများဆုံးနိုင်ငံ အိန္ဒိယမှ တင်ပို့သည့် ဆန်ဈေးနှုန်းများသည်  ယခုအပတ်တွင် မတ်လဆန်း နောက်ပိုင်း အမြင့်ဆုံးသို့ ခုန်တက်

 

*

အိန္ဒိယပြည်တွင်း အစိုးရက စပါး ဝယ်ယူရာ၌ သတ်မှတ်သည့်ဈေးနှုန်းကြောင့်လည်းကောင်း၊ ဈေးကွက်ထဲ ဆန်အဝင်နည်းနေသဖြင့်လည်းကောင်း အိန္ဒိယဆန်ဈေး မြင့်တက်လာသည်။ အစိုးရက စပါး တစ်ရာ ကီလိုဂရမ်ကို ၂,၁၈၃ ရူးပီး ဈေးနှုန်း သတ်မှတ်ပြီး ဝယ်ယူသည်။ ယခင်ရာသီထက် ၇% ဈေးမြှင့်တင်ပေးထားသည်။ စပါးဈေးတက်သဖြင့် ဆန်ဈေးတက်သည်။

၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် တစ်တန် ခေါ်ဈေး ယခင်အပတ်က $375-$380 ရှိခဲ့ပြီး ယခု သီတင်းပတ်တွင် $388-$395 သို့ ခုန်တက်သည်။

*

၅% ဆန်ကွဲပါ ထိုင်းဆန် တစ်တန် ခေါ်ဈေး ယခင် အပတ်က $495 ရှိပြီး ယခုအပတ်တွင် $490-$495 သို့ အနည်းငယ် ကျဆင်းသည်။

ဝယ်လိုအား ပါးနေဆဲ ဖြစ်ပြီး အာဖရိက နိုင်ငံများသည် ထိုင်းဆန်ဈေးက အိန္ဒိယဆန်ဈေးထက် မြင့်နေသဖြင့် ထိုင်းဆန်ကို မဝယ်ကြချေ။

*

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ဈေးနှုန်း ငြိမ်နေသည်။ တစ်တန်ခေါ်ဈေး $490-$495 ရှိသည်။

 

Source Reuters

TO GET INSTANT UPDATE 

Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 09 June 2023 06:34
Rate this item
(0 votes)