India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံ၌ ကြက်သွန်နီ အမျိုးအစား ၂ ခုအား ပြန်လည်တင်ပို့ခွင့်ပြုခြင်း

အိန္ဒိယနိုင်ငံ၌ ကြက်သွန်နီ အမျိုးအစား ၂ ခုအား ပြန်လည်တင်ပို့ခွင့်ပြုခြင်း Google

အိန္ဒိယနိုင်ငံအစိုးရသည် ပြည်တွင်းဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် တန်ဖိုးမြှင့်ပြုပြင်ထုပ်ပိုးထားသည့်

ကုန်စည်မှအပ ကြက်သွန်နီအမျိုးအစားများ အားလုံး ပြည်ပတင်ပို့ခြင်းအား ၁၄-၉-၂၀၂၀ နေ့မှစတင်၍ တားမြစ်ပိတ်ပင်ထားရာမှ Bangalore Rose နှင့် Krishnapuram အမျိုးအစား ကြက်သွန်နီများအား စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြန်လည် တင်ပို့ခွင့်ပြုလိုက်ပြီလို့ ၉-၁၀-၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၁၅-၂၀ ကို ထုတ်ပြန်ခဲ့သည်။

 

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ထုတ်ပြန်သည့် အဆိုပါအမိန့်ကြော်ငြာစာ တွင် Bangalore Rose အမျိုးအစား ကြက်သွန်နီများ တင်ပို့မည့်လုပ်ငန်းရှင်သည် ကာနာတကာပြည်နယ်အစိုးရထံမှ တင်ပို့မည့်ကြက်သွန်နီ၏ အမျိုးအစားနှင့်အရေအတွက်ဆိုင်ရာ ထောက်ခံချက်ရယူ၍ ဘန်ဂလောမြို့ရှိ DGFT ရုံးခွဲတွင်တင်ပြလျက် ပို့ကုန်ခွင့်ပြုချက်ယူရမည်ဖြစ်ပြီး Krishnapuram အမျိုးအစား ကြက်သွန်နီတင်ပို့မည့်သူများ သည် အန္တရာပရာဒေ့ရှ်ပြည်နယ် အစိုးရထံမှ အလားတူထောက်ခံစာကိုရယူလျက် ချန်နိုင်းမြို့ရှိ DGFT ရုံးခွဲ၌ ပို့ကုန်ခွင့်ပြုချက် လျှောက်ထားရယူရန်လိုအပ်သည်။ 

 

အဆိုပါ ကြက်သွန်နီ အမျိုးအစားတစ်ခုစီအတွက် တန်ချိန် ၁ သောင်းစီကို ၃၁-၃-၂၀၂၁ နေ့ နောက်ဆုံးထားလျက် တမီနာဒူပြည်နယ်၊ ချန်နိုင်းမြို့ရှိ ဆိပ်ကမ်းမှသာ ပြည်ပသို့ တင်ပို့ရမည်ဖြစ်သည်။ ချန်နိုင်းဆိပ်ကမ်းရှိ အကောက်ခွန်အာဏာပိုင်သည် သက်ဆိုင်ရာပြည်နယ်အစိုးရများနှင့် DGFT ရုံးခွဲများမှ ထုတ်ပေးသည့် ထောက်ခံစာနှင့် ခွင့်ပြုမိန့်များအပေါ် အခြေပြုလျက် ကြက်သွန်နီများ ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်မည်လို့ ဖော်ပြထားပါသည်။

 

အိန္ဒိယ Business Standard သတင်းဌာနမှ ဖော်ပြချက်အရ ကာနာတကာပြည်နယ်ရှိ ကြက်သွန်နီစိုက်ပျိုးသည့်တောင်သူများက ပြည်တွင်း၌ ဝယ်လိုအားနည်းပါး သော Bangalore Rose အမျိုးအစား ကြက်သွန်နီတန်ချိန် ၁၀၀၀၀ တင်ပို့ခွင့်ပြုရန် ဗဟိုအစိုးရထံ တောင်းဆိုခဲ့ကြရာမှ ခွင့်ပြု ပေးခဲ့ခြင်းဖြစ်သည်။ အလားတူ Krishnapuram အမျိုးအစား ကြက်သွန်နီသည်လည်း ၎င်း၏ အရွယ်အစားနှင့် အနံ့အရသာအား ပြည်တွင်းစားသုံးသူများ နှစ်သက်မှုနည်းပါးဖြင့် ပမာဏကန့်သတ်၍ ပြန်လည်တင်ပို့ခွင့်ပြုခြင်းဖြစ်ပြီး ၎င်းကြက်သွန်နီ ၂ မျိုးအား အရှေ့တောင်အာရှဒေသရှိ မလေးရှား၊ စင်ကာပူ၊ ထိုင်းတို့နှင့် ဟောင်ကောင်၊ ထိုင်ဝမ်၊ သီရိလင်္ကာ စသည့်နိုင်ငံများက အဓိကဝယ်ယူတင်သွင်းလျက်ရှိသည်။

 

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ စာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ကြက်သွန်နီတင်ပို့မှုမှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၂၇.၈၃ သန်းရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ဧပြီလမှ ဇူလိုင်လအတွင်း ကြက်သွန်နီပြည်ပတင်ပို့မှုမှဒေါ်လာ ၂၀၃.၃၁ သန်း ရရှိခဲ့ပြီး အဆိုပါ ၄ လတာ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီတင်ပို့မှုမှာ ၁၅၈% အထိ မြင့်တက်ခဲ့သည်ဟု Live Mint သတင်းဌာနက ဖော်ပြပါသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)