India



ဘာစမာတီဆန်အတွက် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်း အိန္ဒိယအစိုးရ သတ်မှတ်ဖွယ်ရှိ

ဘာစမာတီဆန်အတွက် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်း အိန္ဒိယအစိုးရ သတ်မှတ်ဖွယ်ရှိ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ဘာစမာတီ မဟုတ်သော ဆန်ဖြူ တင်ပို့ခြင်းကို အိန္ဒိယ အစိုးရက ပိတ်ပင်လိုက်ပြီးသည့် နောက်တွင် အိန္ဒိယမှ အများဆုံး တင်ပို့သည့် ဆန်အမျိုးအစား တင်ပို့မှု ရပ်ဆိုင်းသွားသည်။ ထိုအခါ ၎င်းဆန်ဖြူတို့ကို ဘာစမာတီဆန်ဟု တင်ပို့ကြမည့်အရေး ပေါ်ပေါက်လာသဖြင့် ဘာစမာတီဆန်အတွက် အနည်းဆုံး ပို့ကုန်ဈေးနှုန်းကို အိန္ဒိယအစိုးရ သတ်မှတ်ဖွယ်ရှိသည်။ အကယ်၍ ကုန်သည်က ဆန်ဖြူကို ဘာစမာတီဆန်ဟု ကြေညာပြီး တင်ပို့ပါက ဘာစမာတီဆန်ဈေးနှုန်း အမြင့်ဖြင့် တင်ပို့ရမည် ဖြစ်သဖြင့် တွက်ခြေမကိုက်နိုင်တော့ချေ။ သို့ဖြစ်ရာ ဆန်ဖြူကို ဘာစမာတီဆန်ဟု ကြေညာပြီး တင်ပို့ခြင်းများ အလိုလို ရပ်သွားမည် ဖြစ်သည်။ 

 

ဘာစမာတီဆန်အတွက် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်းကို တစ်မက်ထရစ်တန်လျှင် $1,200  ဝန်းကျင် သတ်မှတ်ပေးထားမည် ဖြစ်သည်။ 

 

မွှေးကြိုင်သော ပရီမီယံ၊ ဘာစမာတီဆန်ကို အိန္ဒိယနှင့် ပါကစ္စတန်တို့တွင် စိုက်ပျိုးကြသည်။ အိန္ဒိယသည် ဘာစမာတီဆန် တစ်နှစ်လျှင် မက်ထရစ်တန် ၄ သန်း ဝန်းကျင် တင်ပို့သည်။ အီရန်၊ အီရတ်၊ ယီမင်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အမေရိကန်တို့ထံ တင်ပို့သည်။ 

 

ယခုအခါ အိန္ဒိယသည် ဆန်ကွဲနှင့် ဘာစမာတီ မဟုတ်သော ဆန်ဖြူတို့ကို တင်ပို့ခြင်း မပြုရန် တားမြစ်ပိတ်ပင်ထားပါသည်။ 

 

Source economictimes


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 
Read times Last modified on Saturday, 26 August 2023 18:10
Rate this item
(0 votes)