India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယစတိုင် လီမွန်ထမင်း


လီမွန်ထမင်းက အိန္ဒိယဟင်းလျာတိုင်းလိုလိုနဲ့ တွဲဖက်စားဖို့အတွက် အရမ်းသင့်တော်ပါတယ်။

 

အလှူပွဲတွေမှာ ဖြစ်ဖြစ်၊ မွေးနေ့တွေမှာပါဖြစ်ဖြစ် ချက်စားနိုင်ပါတယ်။ ယင်းအပြင် သူ့ရဲ့ထူးခြားချက်မှာ လီမွန်ချက်ထားတာကြောင့် အအီပြေပြီး စားလို့အရမ်းကောင်းမယ့် အိန္ဒိယစတိုင် လီမွန်ထမင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ချက်ပြီးသားထမင်း၊ ဟင်းရွက်ဆီ၊ မဆလာ၊ မြေပဲ၊ ငရုတ်နီခြောက်၊ ချင်း၊ နနွင်းမှုန့်၊ ပျဉ်းတော်သိမ်၊ လီမွန်အရည်၊ မုန်ညင်းစေ့ တို့ဖြစ်ပါတယ်။

 

ဒယ်အိုးထဲ ဆီထည့်ပြီး မြေပဲ၊ ငရုတ်နီခြောက်များကို စက္ကန့်အနည်းငယ် ဆီသတ်ပေးပါ။

 

ပြီးလျှင် ချင်း၊ နနွင်းမှုန့်၊ ပျဉ်းတော်သိမ်ရွက်ထည့်ပြီး မိနစ်အနည်းငယ်ခန့် မွှေပေးထားပါ။

 

ပြီးနောက် လိမွန်ရည်၊ ဆား၊ မုန်ညင်းစေ့ ထည့်လိုက်ပါ။


ပြီးမှ ထမင်းထည့်ပြီး အားလုံးကို ရောမွှေပေးပါ။ ထမင်းများမကြစေရန် အသာလေး မွှေပေးထားပါ။

 

နောက်ဆုံးတွင်တော့ အလွန်အရသာရှိတဲ့ လီမွန်ထမင်းပူပူနွေးနွေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

 

WWH

Read times Last modified on Tuesday, 18 September 2018 12:51
Rate this item
(18 votes)