India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

  • ထိုင်းကုန်သည်များသည် မတ်လအစတွင် ဆန်သစ်များ ရရှိကြမည်။

  • ဗီယက်နမ်သည် ဇန်နဝါရီလတွင် ဆန်တန်ချိန် ၄၀၀,၀၀၀ တင်ပို့ခဲ့သည်။

  • အိန္ဒိယကုန်သည်များ ဆန်ဝယ်ယူရရှိဖို့ အကန့်အသတ် ရှိနေသည်။

ထိပ်တန်းတင်ပို့သူ အိန္ဒိယ၏ ၅% ဆန်ကွဲပါ ပေါင်းဆန်  <RI-INBKN5-P1> အမျိုးအစားသည် ခေါ်ဈေး တစ်တန်လျှင် ယခင်အပတ်က $387-$395 ရှိခဲ့ပြီး ယခုအပတ်တွင် $393-$398 သို့ မြင့်တက်သည်။

အစိုးရက အရန်ဆန် ထားရှိရန် စပါးများ စံချိန်တင် ဝယ်ယူနေသဖြင့် ကုန်သည်များ ဆန် ဝယ်ယူရရှိဖို့ အကန့်အသတ် ရှိနေသည်။

၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> အမျိုးအစား တစ်တန် $500 မှ $495 သာသာသို့ ဈေးကျသည်။

ဝယ်လိုအား ကျဆင်းသဖြင့် ဈေးကျဆင်းသည်။ မတ်လဆန်း ဆန်သစ်ပေါ်သည့်အခါ ဈေးကွက်ထဲ ဆန်သစ်များ ရောက်လာပြီး ဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ်မည်။

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစား ဈေးမပြောင်းသည်မှာ ၂ ပတ်ကျော်သွားပြီ ဖြစ်သည်။ ခေါ်ဈေး တစ်တန် $445-$450 ရှိသည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 03 February 2023 22:55
Rate this item
(0 votes)