India

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးဆီများအပေါ် အကောက်ခွန်နှုန်းထားများအား အိန္ဒိယအစိုးရက ထပ်မံလျော့ချ

အိန္ဒိယအစိုးရသည် စားအုန်းဆီနှင့် ပဲပုတ်ဆီများအပေါ် တင်သွင်းသည့် ကုန်စည် ပမာဏ တန်ချိန်အလိုက် ကောက်ခံသည့် အခွန်နှုန်းထားများအား

၂၀၂၁ ခုနှစ် ဇွန်လအတွင်း၌ လျော့ချခဲ့ပြီးနောက် ယခုတစ်ဖန် စားသုံးဆီများအပေါ် ကောက်ခံသည့် သွင်းကုန်အခွန် နှုန်းထား များကို ထပ်မံလျော့ချခဲ့ပါသည်။

အိန္ဒိယအကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များ ကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC) ၏ ၁၀-၉-၂၀၂၁ နေ့၌ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအရ အခြေခံအကောက်ခွန်နှင့် အခြားသွယ် ဝိုက်အခွန်များ အပါအဝင် စားအုန်းဆီကြမ်း၊ ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့အပေါ် ကောက်ခံလျက်ရှိသော သွင်းကုန်ခွန်အား ၃၀.၂၅% မှ ၂၄.၇၅% သို့လည်းကောင်း၊ ပြုပြင်သန့် စင်ထားသည့် စားအုန်းဆီ၊ ပဲပုတ်ဆီနှင့် နေကြာဆီတို့အပေါ် ကောက်ခံလျက်ရှိသော သွင်းကုန်ခွန် ကို ၄၁.၂၅% မှ ၃၅.၇၅% သို့လည်းကောင်း (၁၁-၉-၂၀၂၁) နေ့မှစတင်၍ လျော့ချကောက်ခံ မည်ဖြစ်ကြောင်း သိရှိရသည်။

ယခင်က အခြေခံ အကောက်ခွန်နှုန်းများကို စားအုန်းဆီကြမ်းအပေါ် ၁၀%၊ ပဲပုတ်ဆီ ကြမ်းနှင့် နေကြာဆီကြမ်းတို့အပေါ် ၇.၅% အသီးသီး ချမှတ်ထားရာမှ ယခုအခါ ၂.၅% သို့ လျော့ချသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အိန္ဒိယအစိုးရသည် စားအုန်းဆီကြမ်းအပေါ် စိုက်ပျိုးရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန်(AIDC)ကို ၂.၅% တိုး မြှင့်ခဲ့ရာ ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့အပေါ် ကောက်ခံလျက်ရှိသည့် AIDC အခွန်နှုန်း ၂၀% နှင့် တန်းတူညီ ရောက်ရှိခဲ့သည်။ သို့ဖြစ်ရာ အခြေခံအကောက်ခွန်နှင့် AIDC အခွန် နှစ်ရပ် ပေါင်း ၂၂.၅% အပေါ် ကောက်ခံသည့် လူမှုဖူလုံရေး အထူးထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်းအား ထည့်သွင်းတွက်ချက်ပါက အဆိုပါ စားသုံးဆီကြမ်း ၃ မျိုးအပေါ် သွင်းကုန်ခွန် စုစုပေါင်းမှာ ၂၄.၇၅% ကျသင့်မည်ဖြစ်သည်။

AIDC အခွန် ကောက်ခံမှုမပြုသည့် ပြန်လည်သန့်စင်၊ အရောင်ချွတ်၊ အနံ့သတ်ထား သော စားအုန်းဆီ၊ ပဲပုတ်ဆီနှင့် နေကြာဆီတို့အပေါ် အခြေခံအကောက်ခွန် နှုန်းထားအား ၅% လျော့ချလျက် ၃၂.၅% သို့ ပြောင်းလဲသတ်မှတ်ခဲ့ရာ လူမှုဖူလုံရေး အထူးထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်းအား ထည့်သွင်းတွက်ချက်ပါက အဆိုပါ စားသုံးဆီချော ၃ မျိုးအပေါ် သွင်းကုန်ခွန် စုစုပေါင်းမှာ ၃၅.၇၅% ကျသင့်မည်ဖြစ်သည်။

အိန္ဒိယ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီးဌာနက (၁၁-၉-၂၀၂၁) နေ့၌ သတင်းထုတ်ပြန်ရာတွင် စားသုံးဆီများ ဈေးနှုန်းမြင့်တက်မှုကို လျော့ပါး သက်သာစေရေးအတွက် အစိုးရသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း ကုန် သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ ဖြေလျော့မှုများစွာကို လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်ပမှတင်သွင်း လာသည့် စားသုံးဆီများအတွက် ဆိပ်ကမ်းရှင်းလင်းမှု လွယ်ကူမြန်ဆန်စေရန် စံလုပ်ငန်း သတ်မှတ်ချက် (SOP) များကို ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ စားသုံးဆီများ ဆိပ်ကမ်းရှင်း လင်းမှု ပျမ်းမျှကြာမြင့်ချိန်မှာ ၃ ဒသမ ၄ ရက်သို့ ကျဆင်းခဲ့ပြီဖြစ်ကြောင်း၊ ယခုအကြိမ် အခွန် နှုန်းထားများ လျော့ချပေးမှုက ဘဏ္ဍာနှစ် တစ်ခုလုံး၌ တန်ဖိုးအားဖြင့် ရူပီးငွေ ကုဋေ ၃၅၀၀ ခန့်ရှိမည်ဖြစ်ပြီး ယခင်က ဖြေလျော့ပေးခဲ့သော တန်ဖိုးများပါ ထည့်သွင်းတွက်ချက်ပါက စားသုံး သူများအနေဖြင့် ရူပီးငွေ ကုဋေ ၄၆၀၀ အထိ သက်သာမှု ရရှိစေမည်ဖြစ်ကြောင်း ဖော်ပြပါသည်။

အိန္ဒိယသို့ စားသုံးဆီများတင်ပို့ရာ ပင်ရင်းနိုင်ငံများ၏ ဈေးနှုန်းမြင့်တက်မှုအား အခွန် နှုန်းလျော့ချပေးမှုမှ စားသုံးသူအပေါ် အကျိုးဖြစ်ထွန်းမှု တစ်စိတ်တစ်ဒေသကို လျော့ပါးစေ မည်ဖြစ်ပြီး ရှေ့လာမည့် ရက်သတ္တပတ်များ၌ ပြည်တွင်း လက်လီဈေးကွက်တွင် စားသုံးဆီ ၁ လီတာ လျှင် ၂ ရူပီး မှ ၃ ရူပီးခန့်သာ ဈေးနှုန်းကျဆင်းဖွယ်ရှိကြောင်း၊ သို့ရာတွင် ယခုနောက်ဆုံး အမိန့်ထုတ်ပြန်ချက်၌ နေဝင်ချိန်စည်းမျဉ်းခေါ် အကျိုးသက်ရောက်မှုရှိမည့် ကာလသတ် မှတ်ချက်အား ပယ်ဖျက်ပေးခဲ့သဖြင့် အစိုးရက နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာထုတ် ပြန်မှုမပြုသရွေ့ လျော့ချပေးထားသည့် အကောက်ခွန်နှုန်းထားများဖြင့် စားသုံးဆီများကို တင် သွင်းခွင့် ရရှိနေမည်ဖြစ်ကြောင်းဖြင့် အိန္ဒိယ ဆီကြိတ်လုပ်ငန်းရှင်များအသင်းမှ အမှုဆောင် ဒါရိုက်တာ Mr. BV Mehta က Economic Times သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

 

Market Information Service- DOP- MOALI

Read times
Rate this item
(0 votes)