India

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှားစတိုင် ကြက်သားအာလူးနှင့် ကြက်အူချောင်းအစပ်ဟင်း

ဒီဗဲကာရီဟင်းကတော့ မလေးရှားနိုင်ငံ မာလက်ကာပြည်နယ်မှ ဟင်းဖြစ်ပါတယ်။ ချက်နည်းနှစ်မျိုးရှိပြီး ယခုချက်နည်းလေးကတော့ အစပ်နဲနဲလျော့ထားတဲ့ ချက်နည်းပဲဖြစ်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြက်သား၊  ကြက်အူချောင်း၊ ဂေါ်ဖီ၊ အာလူး၊ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်၊  ပဲငံပြာရည်အကြည်၊ ရှာလကာရည်၊ ကြက်သားမှုန့်၊ ဆား၊ ငရုတ်သီးအမှည့်အတောင့်ရှည်၊ ငရုတ်သီးအစိမ်းအတောင့်ရှည်၊ ဆီ တို့ လိုအပ်ပါမယ်။

 
ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး အတုံးကလေးများဖြစ်အောင် တုံးထားပါ။  ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဒဲကော၊ ချင်း၊ စပါးလင်၊ ငရုတ်သီးအနှစ်၊ စိမ်းစားငါးပိ တို့ ညက်အောင် ထောင်းထားပါ။ အာလူးကို အခွံနွှာပြီး ရေဆေးသန့်စင်ထားပါ။

 

ပြီးနောက် ထောင်းထားတဲ့ ပါဝင်ပစ္စည်းများကို အရင်ဆုံး ဆီသတ်ပါ။

 

Read More >>>>>> နေပူပူမှာ ရင်ကိုအေးငြိမ်းစေတဲ့ မန်ကျည်းဖျော်ရည် 

 

ပြီးနောက် အနံ့မွှေးလာလျှင် ကြက်သားနှင့် အာလူးထည့်ပြီးမွှေလိုက်ပါ။

 

ပြီးရင်ရေထည့်ပြီးဆူအောင် တည်ထားပါ။ ဆူလာသည်နှင့် ပဲငံပြာရည်၊ ကြက်သားမှုန့် နှင့် ဆားထည့်ပါ။

 

ပြီးလျှင် မီးအရှိန်လျှော့ပြီး မိနစ်အနည်းငယ်ခန့် တည်ထားပါ။

 

ပြီးနောက် အတုံးကလေးများတုံးထားတဲ့ ကြက်အူချောင်း၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်းနှင့် ငရုတ်သီးမှည့်၊ ရှာလကာရည်ထည့်ပြီး ဂေါ်ဖီနူးသည်အထိ ဆက်ချက်ပါ။

 

ပြီးရင်တော့ အပေါ်မှ ကြက်သွန်နီကြော်နှင့် ကြက်သွန်ုဖြူကြော်ထည့်ပြီးရင်တော့ ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

 

Read times Last modified on Wednesday, 24 April 2019 12:48
Rate this item
(1 Vote)