India



အစိုးရ ဈေးနှုန်းသတ်မှတ်ချက်ကြောင့် အိန္ဒိယ ဘာစမာတီဆန် တင်ပို့မှု သိသိသာသာ ကျဆင်း

အစိုးရ ဈေးနှုန်းသတ်မှတ်ချက်ကြောင့် အိန္ဒိယ ဘာစမာတီဆန် တင်ပို့မှု သိသိသာသာ ကျဆင်း

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

အိန္ဒိယမှ တန်ဖိုးမြင့် ဘာစမာတီဆန် တင်ပို့မှုအပေါ် အစိုးရက မကြာသေးမီက အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်း minimum exports price (MEP) တစ်တန်ကို  ဒေါ်လာ ၁၂၀၀ သတ်မှတ်လိုက်ပြီးသည့်နောက်  ဘာစမာတီဆန် တင်ပို့မှု သိသိသာသာ ကျဆင်းသွားသည်။

 

သတ်မှတ်ထားသော MEP အထက်တွင်ရှိသော တင်ပို့မှုများကိုသာ စိုက်ပျိုးရေးနှင့် ပြုပြင်ပြီး စားသောက်ကုန် ထုတ်ကုန်များ တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ Agricultural and Processed Food Products Exports Development Authority (APEDA) မှ ပို့ကုန်ကင်းရှင်းချက် ထုတ်ပေးသည်။

 

ပြီးခဲ့သည့်လက တင်ပို့သည့် ဘာစမာတီဆန် စာချုပ်စျေးနှုန်း အမျိုးမျိုးကို စိစစ်ရန် APEDA မှ ကော်မတီတစ်ရပ်ကို လက်ရှိဖွဲ့စည်းထားသည်။

အနည်းဆုံးဈေးနှုန်းမှာ တတန်လျှင် $359 ဖြစ်ပြီး ပျမ်းမျှ ဈေးနှုန်းမှာ တတန်လျှင် $1,214 ဖြစ်သည်ဟု ၎င်းကော်မတီက ဆိုသည်။  

 

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်၍ တင်ပို့ခြင်း တားမြစ်ခံထားရသော ဘာစမာတီမဟုတ်သော ဆန်ဖြူများကို ဘာစမာတီဆန်ဟု စာရင်းပြပြီး  တရားမဝင် တင်ပို့ရောင်းချမှုများ ရှိနေသည်ကို ခိုင်ခိုင်လုံလုံ သိထားကြောင်း ပြောကြားခဲ့သည်။

 

တင်ပို့ခွင့် ပိတ်ပင်ထားသော ဘာစမာတီမဟုတ်သော ဆန်ဖြူများကို တင်ပို့ရန် ခွင့်ပြုထားသည့် ဘာစမာတီဆန်များအဖြစ် စာရင်းပြပြီး အနိမ့်ဈေးနှုန်းများဖြင့် တရားမဝင် တင်ပို့ခြင်း မပြုနိုင်အောင် MEP ဖြင့် တင်းကျပ်ထားသည်။

 

နှစ်စဉ် အိန္ဒိယ ဘာစမာတီဆန် တန်ချိန် ၄ ဒသမ ၅ သန်း တင်ပို့ရာတွင် ၇၅ ရာခိုင်နှုန်းခန့်သည် တစ်တန်လျှင် ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၇၀၀ မှ  ၁၀၀၀ အတွင်း ဈေးနှုန်းများဖြင့် တင်ပို့သည်ဟု ဆန်တင်ပို့သူ အများအပြားက ဆိုသည်။ အစိုးရ၏ MEP သည် ဈေးမြင့်နေသည်ဟု ဝေဖန်ကြသည်။

 

“တကယ်လို့ မြင့်မားတဲ့ MEP တစ်တန်ကို ကန်ဒေါ်လာ ၁၂၀၀ သတ်မှတ်ထားတာကို မကြာခင်မှာ နောက်မဆုတ်ရင် ပြည်တွင်းစပါးဈေးကို ထိခိုက်လိမ့်မယ်”ဟု အိန္ဒိယ ဆန်တင်ပို့သူများအသင်း All India Rice Exporters Association (AIREA) ဥက္ကဋ္ဌဟောင်း ဗီဂျေးဆီတီယာက ပြောကြားသည်။

 

အိန္ဒိယသည် ဘာစမာတီဆန် တန်ချိန် ၅.၅ သန်းတင်ပို့ပြီး ကမ္ဘာ့ဘာစမာတီဆန် တင်ပို့မှု၏ ၈၀%ကို တင်ပို့ပေးနေခြင်း ဖြစ်သည့်အတွက်ကြောင့် ကမ္ဘာ့ဘာစမာတီဆန် ပြတ်လပ်မှုများ ပေါ်ပေါက်နိုင်သည်ဟု ဘာစမာတီဆန် ထိပ်တန်းတင်ပို့သူတစ်ဦးမှ ပြောကြားခဲ့ပါသည်။

 

ပါကစ္စတန် တင်ပို့မှုမှာ ဘာစမာတီဆန် တန်ချိန် ၁ သန်းခန့်ရှိပြီး တင်သွင်းသူများသည် ဘာစမာတီဆန် များ ရရှိရန်အတွက် အိန္ဒိယအပေါ် မှီခိုနေကြရသည်။

ယခင်ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယနိုင်ငံသည် ဘာစမာတီဆန် တန်ချိနိ ၄.၅၆သန်း၊  ကန်ဒေါ်လာ ၄.၇၈ ဘီလီယံဖိုးကို ပျမ်းမျှတစ်တန်လျှင် ကန်ဒေါ်လာ ၁,၀၅၀ ဖြင့် တင်ပို့ခဲ့သည်။

 

AIREA ၏ အဆိုအရ လွန်ခဲ့သည့် ငါးနှစ်အတွင်း ဘာစမာတီဆန် ပျမ်းမျှပို့ကုန်စျေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၉၇၅ ဖြစ်သည်။

 

ဘာစမာတီဆန်အတွက် MEP နှင့် ပေါင်းဆန်အပေါ် ပို့ကုန်ခွန် ၂၀% စည်းကြပ်ခြင်းတို့ကို အောက်တိုဘာလလယ်အထိ ဆက်လက်ပြဋ္ဌာန်းထားမည်ဖြစ်သည်။ 

 

MEP သည် "လက်တွေ့မကျသော ဈေးနှုန်း သတ်မှတ်ချက်" ဖြစ်သောကြောင့် အစိုးရအနေဖြင့် ဆုံးဖြတ်ချက်ကို စောနိုင်သမျှ အစောဆုံး ရုပ်သိမ်းသင့်သည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။

 

အသစ်တင်ပို့မည့် ဘာစမာတီဆန်များသာမက ချုပ်ဆိုထားပြီးသား အရောင်းအဝယ်စာချုပ်များ ငွေပေးချေမရ ဖြစ်နေသည်ဟု ကုန်သည်များက ပြောကြားသည်။

 

အိန္ဒိယသည် ကမ္ဘာ့ဆန်မွှေးဈေးကွက်တွင် ဈေးကွက်ဝေစု ၈၀% ရအောင်နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရပြီး ယခုအခါ ဈေးကွက်ဝေစု ဆုံးရှုံးနေပြီဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။

 

စျေးကွက်အများစုရှိ နောက်ဆုံးအဆင့်မှ  စားသုံးသူများသည် ထိုကဲ့သို့ မြင့်မားသောစျေးနှုန်းကို ဈေးအမြင့်ပေးပြီး ဝယ်စားဖို့ အဆက်မပြေကြောင်း၊ ယခုနှစ်အတွက်အခြားနိုင်ငံများက  ဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်နိုင်စေလိမ့်မည်ဟု ဆီတီယာမှ ပြောကြားသည်။

 

ကော်မတီသည် ပြီးခဲ့သည့် သီတင်းပတ်က ဆန်တင်ပို့သူများနှင့် တွေ့ဆုံခဲ့သည်။ ဘာစမာတီ အဓိက စိုက်ပျိုးသည့် ပြည်နယ်များမှ တာဝန်ရှိသူများနှင့် မကြာမီ တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက် အစီရင်ခံစာကို စက်တင်ဘာလ လကုန်တွင် တင်သွင်းမည် ဖြစ်သည်။

 

Source finicial express 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 14 September 2023 08:56
Rate this item
(0 votes)