India



အိန္ဒိယ ဘာစမာတီ မဟုတ်သော ဆန်ဖြူတင်ပို့မှုများ အားလုံး ရုတ်တရက်ချက်ချင်း ပိတ်ပင်

အိန္ဒိယ ဘာစမာတီ မဟုတ်သော ဆန်ဖြူတင်ပို့မှုများ အားလုံး ရုတ်တရက်ချက်ချင်း ပိတ်ပင်

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ပိတ်ပင်ကြောင်း ကြာသပတေးနေ့(ဇူလိုင် ၂၀) တွင် အစိုးရက အမိန့်ထုတ်သည်။

 

မုတ်သုန်မိုးကြောင့် စပါးခင်းများ ပျက်စီးခဲ့ပြီး ပြည်တွင်း လက်လီဆန်ဈေးနှုန်းများ ၃% မြင့်တက်လာသဖြင့် ဆန်တင်ပို့မှု ရုတ်တရက်ချက်ချင်း ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

 

“အိန္ဒိယဈေးကွက်မှာ ဘာစမာတီမဟုတ်သည့် ဆန်ဖြူများ လုံလောက်စွာ ရရှိနိုင်စေရန်၊  ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းမြင့်တက်မှုကို လျှော့ချနိုင်ရန် အိန္ဒိယအစိုးရက ပို့ကုန်မူဝါဒကို ပြင်ဆင်ပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ၁၂ လတာအတွင်း ပြည်တွင်း လက်လီဆန်ဈေးနှုန်းများ ၁၁.၅% မြင့်တက်ခဲ့သည်။

 

အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်ကို တင်ပို့သည်။ သို့ဖြစ်ရာ ဆန်တင်ပို့မှု ပိတ်ပင်လိုက်ခြင်းကြောင့် ကမ္ဘာ့ဆန်ဈေး မြင့်တက်တော့မည် ဖြစ်သည်။

Source Reuters 

 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Friday, 21 July 2023 00:48
Rate this item
(0 votes)