India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယဆန်တင်ပို့မှုဈေးနှုန်းများသည် ယခု သီတင်းပတ်တွင် ပြည်တွင်းဆန် ဝယ်ယူရရှိမှုတွင် အကန့်အသတ် ရှိနေခခြင်းနှင့် ကန်ဒေါ်လာနှင့် လဲနှုန်းတွင် အိန္ဒိယရူပီ တန်ဖိုးတက်ခြင်းများကြောင့်၂၀၂၁ ခုနှစ် ဧပြီလနောက်ပိုင်း ဈေးနှုန်းအမြင့်ဆုံးအဆင့်သို့ မြင့်တက်ခဲ့သည်။

ထိုင်းနိုင်ငံသည်လည်း ဘတ်ငွေ ပြန်မာလာခြင်းကြောင့် ပို့ကုန်ဆန် ဈေးတက်သည်။ 


 

အိန္ဒိယဆန်

ဆန်အများဆုံးတင်ပို့သည့်နိုင်ငံ အိန္ဒိယမှ ၅% ဆန်ကွဲပါ ပေါင်းဆန်<RI-INBKN5-P1>  အမျိုးအစား ခေါ်ဈေး တစ်တန်လျှင် ယခုသီတင်းပတ်တွင် $387-$395  ရှိသည်။ ယခင်သီတင်းပတ်က တစ်တန်လျှင် $375-$382  ရှိခဲ့ပါသည်။ 

ဆန်ဖြူသည် ယခင်သီတင်းပတ်က တစ်တန်လျှင်$398-$405  ရှိခဲ့ရာမှ ယခုသီတင်းပတ်တွင် $435-$440 သို့ မြင့်တက်သည်။ 


 

 ထိုင်းဆန်

၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> အမျိုးအစား တစ်တန် ခေါ်ဈေးသည် ယခင်သီတင်းပတ်က $495 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင်  $500-$502 သို့ မြင့်တက်သည်။ ၂၀၂၁ ခုနှစ် မတ်လနောက်ပိုင်း အမြင့်မားဆုံး ဈေးနှုန်း ဖြစ်သည်။ ကန်ဒေါ်လာနှင့် လဲနှုန်းတွင် ဘတ်ငွေ တန်ဖိုးတက်ခြင်းနှင့် ပြည်တွင်း ဝယ်လိုအား မြင့်တက်နေခြင်းတို့ကြောင့် ပို့ကုန်ဆန် ခေါ်ဈေး မြင့်တက်သည်။ ပြည်တွင်း ဝယ်ဈေးကို ဘတ်ငွေဖြင့် တွက်ချက်ပေးချေပြီး ပို့ကုန်ဆန်ကို ကန်ဒေါ်လာသို့ ပြောင်းလဲပြီး ဈေးခေါ်သဖြင့် ဘတ်ငွေ တန်ဖိုးတက်လျှင် ကန်ဒေါ်လာ ခေါ်ဈေးလည်း လိုက်တက်သည်။ သို့ဖြစ်ရာ ပြည်ပဝယ်လက်အချို့က အမှာစာ မပေးသေးဘဲ ဘတ်ငွေ တန်ဖိုးအတက်အကျ အခြေအနေကို စောင့်ကြည့်နေကြသည်။ 

ထိုင်းနိုင်ငံက ၂၀၂၃ ခုနှစ် ဆန်တင်ပို့ရန် လျာထားချက်ကို တန်ချိန် ၈ သန်း လျာထားခဲ့သည်ကို ၇.၅ သန်းဟု ပြင်ဆင်လျာထားလိုက်သည်။ ပို့ကုန်ဆန် ဈေးနှုန်းသည် နှစ်နှစ်နီးပါးအတွင်း စံချိန်တင် မြင့်မားနေသဖြင့် ရောင်းအားကျမည် ဖြစ်သဖြင့် လျာထားချက်ကို ပြင်ဆင်သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်း Thai Rice Exporters Association က ပြောကြားသည်။ 

ဆန်သစ်များ အဝင်နည်းနေပြီး ရာသီလွန်စပါးပေါ်ချိန် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ဆန်သစ် အဝင်ပြန်များမည်ဟု မျှော်မှန်းထားကြသည်။ 


 

ဗီယက်နမ်ဆန်

၅% ဆန်ကွဲပါ  ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစားသည် ယခင်သီတင်းပတ်အတိုင်း ဈေးနှုန်း အတက်အကျ မရှိဘဲ တစ်တန်လျှင် ခေါ်ဈေး  $445-$450 ရှိသည်။ 

နှစ်သစ်ကူးကာလ ပြီးသည်အထိ အရောင်းအဝယ်အေးနေဦးမည် ဖြစ်သည်။ ဖေဖော်ဝါရီလတွင် စပါးပေါ်ချိန်မှာ အရောင်းအဝယ်များ ပြန်သွက်လာမည်ဟု မျှော်မှန်းသည်။ 

 

၂၀၂၃ ဇန်နဝါရီလ ပထမ လဝက်တွင် ဗီယက်နမ်သည် ဆန်တန်ချိန် ၂၂၆,၀၀၀ ကို ကန်ဒေါ်လာ ၁၁၄.၇ သန်းဖြင့် တင်ပို့ခဲ့ပါသည်။ 


Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 20 January 2023 19:04
Rate this item
(0 votes)