India

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှား စားအုန်းဆီကြမ်း ပို့ကုန်ခွန်ကြောင့် ဈေးမြင့်တက်

စားအုန်းဆီ အများဆုံးတင်ပို့တဲ့ အင်ဒိုနီးရှား အစိုးရက စားအုန်းဆီအတွက် ပို့ကုန်ခွန် စည်းကြပ်လိုက်တဲ့အတွက် ဈေးနှုန်း စံချိန်တင် မြင့်တက်ခဲ့လို့ မလေးရှား စားအုန်းဆီ ဝယ်ယူလိုသူ များပြားသွားစေပါတယ်။


အိန္ဒိယမှ စားအုန်းဆီ တင်သွင်းသူတွေ မလေးရှား စားအုန်းဆီ ဝယ်ယူလိုကြတယ်လို့ အိန္ဒိယမှ Solvent Extractors’ Association က ပြောကြားပါတယ်။

စားအုန်းဆီ တင်ပို့မှုအပေါ် ပို့ကုန်ခွန်ကို အင်ဒိုနီးရှား အစိုးရက မနှစ်က တိုးမြှင့်ခဲ့ပြီးတဲ့နောက်မှာ အင်ဒိုနီးရှား စားအုန်းဆီးဈေးနှုန်းများ မြင့်တက်လာခဲ့ပါတယ်။ ယခုနှစ်မှာ စံချိန်တင် မြင့်တက်နေပါတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

စားအုန်းဆီ အဓိကတင်သွင်းတဲ့ အာရှနိုင်ငံ အိန္ဒိယမှာ တင်သွင်းတဲ့ စားအုန်းဆီ တန်ချိန်ပမာဏ စုစုပေါင်းရဲ့ ၇၀~၇၅% ကို အင်ဒိုနီးရှားမှ တင်သွင်းပါတယ်။ အိန္ဒိယမှ ဆီသန့်စက်ရုံတွေက စားအုန်းဆီကြမ်းကို တင်သွင်းကြပါတယ်။
ယခုလို ဈေးမြင့်တက်တာကြောင့် ယခုနှစ် ၂၀၂၂ ဇန်နဝါရီမှ စက်တင်ဘာအထိ ကာလအတွင်း အင်ဒိုနီးရှားမှ စားအုန်းဆီ တင်သွင်းမှု ၅၅% လျော့ကျပြီး မလေးရှား စားအုန်းဆီ တင်သွင်းမှု ၄၅% မြင့်တက်ခဲ့ပါတယ်။

အင်ဒိုနီးရှားက စားအုန်းဆီ တင်ပို့မှုအပေါ် ပို့ကုန်ခွန် စည်းကြပ်တာကို ၃ နှစ် ရပ်နားထားခဲ့ပြီး ပြီးခဲ့တဲ့နှစ် ၂၀၂၀ ဖေဖော်ဝါရီလမှာ ပြန်လည်စတင် စည်းကြပ်ခဲ့ပါတယ်။ ယခုနှစ် ဖေဖော်ဝါရီမှာ စားအုန်းဆီကြမ်း တစ်တန် အမေရိကန်ဒေါ်လာ ၂၅၅ အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ဈေးမြင့်တက်တာကို ဖြေရှင်းပေးတဲ့အနေဖြင့် အိန္ဒိယအစိုးရက စားအုန်းဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီ တင်သွင်းမှုအပေါ် အခွန်စည်းကြပ်ခြင်းကို စက်တင်ဘာလမှာ လျော့ပေါ့ပေးခဲ့ပါတယ်။

အင်ဒိုနီးရှား အစိုးရက စားအုန်းဆီကြမ်း တင်ပို့မှုအပေါ် အခွန်ပိုကောက်ပြီး ဆီချော တင်ပို့မှုအပေါ် လျေှာ့ကောက်တဲ့အတွက် စားအုန်းဆီချော တင်သွင်းတဲ့ နိုင်ငံတွေအဖို့ ပို့ကုန်ခွန်က အကျိုးသက်ရောက်မှု မကြီးမားဘူးလို့ Pakistan Edible Oil Refiners Association ရဲ့ ဉက္ကဋ္ဌ Abdul Rasheed Janmohammed က ပြောကြားပါတယ်။ ဆီချောတင်သွင်းတဲ့ ပါကစ္စတန်မှာတော့ အင်ဒိုနီးရှားမှ စားအုန်းဆီကို အများဆုံး တင်သွင်းနေဆဲ ဖြစ်ပါတယ်

Read times
Rate this item
(0 votes)