India



ပဲမျိုးစုံအထွက် ကောင်းစေရန် တောင်သူများအား လိုအပ်သည့် အကူအညီများ ပေးမည်

အိန္ဒိယဗဟိုအစိုးရမှ ပဲမျိုးစုံ ပိုမို စိုက်ပျိုး ထွက်ရှိစေရန် တောင်သူလယ်သမားများအတွက် လိုအပ်သော အကူအညီများ

ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံ၊ စားသုံးသူရေးရာဦးစီးဌာနမှ အတွင်းရေးမှူးဖြစ်သူ Rohit Kumar Singhမှ ပဲမျိုးစုံ အသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြည်သူများအနေဖြင့်လည်း ပဲမျိုးစုံကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရေး ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှုကို လွယ်ကူ လျင်မြန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့်လည်း ပဲမျိုးစုံ ပိုမိုစိုက်ပျိုး ထွက်ရှိစေရန်နှင့် ပဲမျိုးစုံအား ၂၀၂၃ ခုနှစ်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ပဲမျိုးစုံတင်သွင်းသူ လုပ်ငန်းရှင်များအား လိုအပ်သည့် အကူအညီများအား ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကိုလည်း ပဲမျိုးစုံအသင်းအဖွဲ့နှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

အဆိုပါအစည်းအဝေးသို့ All India Dal ဆန်စက်အသင်း၊ အိန္ဒိယပဲမျိုးစုံနှင့် အစေ့အဆန်များ အသင်းနှင့် ပြည်ပ စိုက်ပျိုးရေး ကုန်သည်များ အသင်းတို့မှ ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြသည်။

 

Mahmood Brothers

Click Here >>> Mahmood & Sons

 

လာမည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ပဲမျိုးစုံရရှိနိုင်မှုသည် မြန်မာနိုင်ငံက မျှော်မှန်းထားသည့် ထုတ်လုပ်မှု တိုးလာ သည်နှင့်အမျှ ပိုမိုကောင်းမွန်လာမည်ဟု ခန့်မှန်းထားပြီးအာဖရိကနိုင်ငံများတွင် ပဲမျိုးစုံစိုက်ပျိုးသည့် ဧရိယာများသည်လည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှစ၍ တိုးလာမည် ဖြစ်သည်။ ယင်းအခြေအနေဖြင့် ပဲမျိုးစုံတင်သွင်းမှု ရေစီးကြောင်းကို တစ်သမတ်တည်း ထိန်းထားနိုင်မည် ဖြစ်ပြီး ပဲမျိုးစုံရရှိနိုင်‌ရေး စိန်ခေါ်ချက်များကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။

 

ပြည်တွင်းပဲ စားသုံးမှုလိုအပ်ချက်အတွက် အကြံပြုလိုသည်မှာ နိုင်ငံအတွင်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက် အောင်ဆောင်ရွက်ခြင်း၊ တင်သွင်းမှုများအတွက် အကောက်ခွန်ရှင်းလင်းရေး ကိစ္စရပ်များ လွယ်ကူမြန်ဆန်အောင် ဆောင်ရွက်ပေးခြင်း၊ ပဲတင်သွင်းသည့် နိုင်ငံအနည်းငယ်အပေါ်မှီခိုနေရခြင်းအား လျော့ကျစေရန်အတွက် ဈေးကွက်အသစ်များ ရှာဖွေဖော်ထုတ်၍ တင်သွင်းစေခြင်းနှင့် တည်ငြိမ်သော မူဝါဒစနစ်များ ရှိရန် ဆောင်ရွက်ရမည် ဖြစ်သည်။

 

အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့်လည်း နိုင်ငံအတွင်းရှိ ပဲမျိုးစုံအသင်းအဖွဲ့များ၊ ပဲမျိုးစုံတင်ပို့ရောင်းချသည့် နိုင်ငံကြီး များနှင့် ပုံမှန် အပြန်အလှန် ဆက်ဆံ ဆောင်ရွက်လျက်ရှိပြီး လိုအပ်သော မူဝါဒအစီအမံများကို ကူညီပံ့ပိုးပေးမည်ဟု သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Business Today

Myanmar Food Industry Guide

 

Read times
Rate this item
(0 votes)