India



အာရှဆန် တပတ်တာ ဈေးအတက်အကျများ

အာရှဆန် တပတ်တာ ဈေးအတက်အကျများ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

February 15, 2024 

.

အာဖရိကဝယ်လက်များထံမှ ဝယ်လိုအား နည်းနေသော်လည်း အိန္ဒိယမှ ပြည်ပ တင်ပို့သည့် ပေါင်းဆန်ဈေးနှုန်းများသည် ယခုသီတင်းပတ်အတွင်း စံချိန်တင် အမြင့်ဈေးမှာ ဆက်ငြိမ်နေသည်။

 .

ဗီယက်နမ်တွင် နှစ်သစ်ကူး အားလပ်ရက်ရှည် ပြီးဆုံးသဖြင့် ဆန် အရောင်းအဝယ်များ ပြန်လည်များပြားလာနေပြီ ဖြစ်သည်။

 .

၅% ဆန်ကွဲပါ အိန္ဒိယဆန် RI-INBKN5-P1 အမျိုးအစား ခေါ်ဈေးသည် ယခုသီတင်းပတ်တွင် ယခင်အပတ်ကအတိုင်း တတန်လျှင် စံချိန်တင် $542 - $550 မှာ ဆက်ရှိနေဆဲ ဖြစ်သည်။ အဝယ်လိုက်ပြီး ဝယ်လိုအား များသောကြောင့် ဈေးတက်ခြင်း မဟုတ်ဘဲ ပြည်တွင်းမှာ ဆန်အကန့်အသတ်ဖြင့်သာ ရရှိနေသဖြင့် စံချိန်တင် ဈေးတက်နေခြင်း ဖြစ်ပါသည်။ 

.

“အာဖရိကဝယ်သူတွေက ပိုမြင့်တဲ့ စျေးနှုန်းတွေကို မျိုချဖို့ နင်နေကြတဲ့အဖြစ်ကို ကြုံနေကြတယ်။ ဒီတော့ အများစုက အဝယ်ရပ်ထားလိုက်ကြပြီ" ဟု အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ ဆန်ပို့ကုန် လုပ်ငန်းရှင် တဦးက ပြောကြားသည်။ 

.

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် RI-VNBKN5-P1 အမျိုးအစား ခေါ်ဈေးသည် တတန်လျှင် နှစ်သစ်ကူး မတိုင်ခင်က $635-$640 ရှိခဲ့ပြီး ယခုအပတ်တွင် $637-$640 ရှိပါသည်။

 

"နှစ်သစ်ကူးပြီးချိန်မှာ ဆန်တွေ ပိုဝင်လာတယ်။ အရောင်းအဝယ်တွေ ပိုသွက်လာတယ်"ဟု မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ ကုန်သည်တဦးက ပြောကြားသည်။

.

၅% ဆန်ကွဲပါ ထိုင်းဆန် RI-THBKN5-P1 အမျိုးအစား ခေါ်ဈေး တတန်လျှင် ယခင်အပတ်က $630 ရှိပြီး ယခုအပတ်တွင် $610 သို့ ကျဆင်းသည်။ ရောင်းလိုအား ဝယ်လိုအားကြောင့် ဈေးကျရခြင်း မဟုတ်ဘဲ ဘတ် -  ကန်ဒေါ်လာ ငွေလဲနှုန်းတွင် ဘတ်ငွေ အားပျော့နေသောကြောင့် ဈေးအပြောင်းအလဲ ဖြစ်ပေါ်ခြင်း ဖြစ်သည်။

 

ပြည်ပမှ အဝယ်နည်းနေသည်။ ထို့ပြင် စပါးပေါ်ချိန် ဖြစ်သောကြောင့် ဆန်သစ်များ ဝင်လာနေသည်ဖြစ်ရာ ပြည်တွင်းဆန်ဈေး ကျသဖြင့် ပို့ကုန်ဆန် ဈေးနှုန်းများ ကျရိပ်ရှိနေသည်။  ရှေ့လအထိ ဆန်သစ်များ ဆက်ဝင်နေဦးမည်။ 

 

Source Reuters


 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 16 February 2024 13:19
Rate this item
(0 votes)