India



အီကွေဒေါ ငှက်ပျောသီး အစားထိုးရန် အိန္ဒိယ ငှက်ပျောသီး ရုရှား ဝယ်ယူ

အီကွေဒေါ ငှက်ပျောသီး အစားထိုးရန် အိန္ဒိယ ငှက်ပျောသီး ရုရှား ဝယ်ယူ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ရုရှားသည် အိန္ဒိယထံမှ ငှက်ပျောသီးများကို စတင်ဝယ်ယူတင်သွင်းခဲ့ပြီး အိန္ဒိယငှက်ပျောသီး တင်သွင်းမှုကို မြှင့်တင်မည်ဖြစ်သည်။

ရုရှားသို့ ငှက်ပျောသီး အများအပြား တင်ပို့သည့် အီကွေဒေါနိုင်ငံမှ ငှက်ပျောသီးများကို ရုရှားအာဏာပိုင်တို့က တင်သွင်းခွင့် ရပ်ထားသည်။ 

 

အီကွေဒေါ ကုမ္ပဏီငါးခုမှ ငှက်ပျောသီး တင်သွင်းမှုကို ဆိုင်းငံ့ထားပြီး ၎င်းတို့၏ ငှက်ပျောသီးများတွင် ပိုးမွှားများ တွေ့ရှိသဖြင့် တင်သွင်းမှု ပိတ်ပင်သည်ဟု ရုရှားအာဏာပိုင်တို့က ဆိုသည်။

 

ရုရှားနိုင်ငံသို့ တင်ပို့သည့် အီကွေဒေါ ငှက်ပျောသီးများ၌ ၀.၃%မှာသာ အင်းဆက်ပိုးမွှား ပါဝင်ကြောင်း၊ ဘေးအန္တရာယ် မရှိကြောင်း အီကွေဒေါမှ စားနပ်ရိက္ခာ ဘေးကင်းရေး အေဂျင်စီက ပြောကြားသည်။

 

စောင့်ကြည့်လေ့လာသူတို့က ရုရှားနှင့် အီကွေဒေါ နှစ်နိုင်ငံ ဆက်ဆံရေးတွင် အဖုအထစ် ဖြစ်ပေါ်နေသဖြင့် အီကွေဒေါ ငှက်ပျောသီးများကို ရုရှားက အဝယ်ရပ်ခြင်းဖြစ်သည်ဟု ယူဆကြသည်။ 

 

ရုရှားလုပ် စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းများကို အီကွေဒေါက အမေရိကန်သို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး အမေရိကန်က အမေရိကန် အဆင့်မြင့် စစ်သုံးပစ္စည်းများ ကန်ဒေါ်လာ သန်း ၂၀၀ ဖိုးကို အီကွေဒေါထံ ပေးအပ်ရန် သဘောတူစာချုပ်ကို အီကွေဒေါက အမေရိကန်နှင့် လက်မှတ်ရေးထိုးခဲ့သည်။ ရုရှားက ၎င်းစာချုပ်ကို ပြစ်တင်ရှုတ်ချခဲ့သည်။

 

ရုရှားအာဏာပိုင်များသည် အိန္ဒိယငှက်ပျောသီး တင်သွင်းခြင်းကို အမေရိကန်-အီကွေဒေါ သဘောတူညီချက်နှင့် ဆက်စပ်ပြောဆိုခြင်း မရှိပါ။

သို့သော် ရုရှားသည် နှစ်နိုင်ငံဆက်ဆံရေး မပြေလည်သည့် နိုင်ငံထံမှ စားသောက်ကုန်များ တင်သွင်းခြင်းကို ယခင်ကလည်း အကြိမ်ကြိမ် ပိတ်ပင်ခဲ့သည်။ 

 

 အိန္ဒိယမှ ငှက်ပျောသီး ပထမအသုတ်ကို ဇန်နဝါရီလတွင် ရုရှားနိုင်ငံသို့ တင်ပို့ခဲ့သည်။ နောက်တသုတ်ကို ဖေဖော်ဝါရီ လကုန်ပိုင်းတွင် တင်ပို့မည် ဖြစ်သည်။ 

 

ရုရှားသည် ၂၀၂၂ ခုနှစ်တွင် အီကွေဒေါငှက်ပျောသီး တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။

အီကွေဒေါသည် နှစ်စဉ်ငှက်ပျောသီး တင်ပို့မှု၏ ၂၀-၂၅% ကို ရုရှားသို့ တင်ပို့ခဲ့သည်။

 

အိန္ဒိယသည် ငှက်ပျောသီး အများအပြား ထုတ်လုပ်သူ ဖြစ်သည်။ သရက်သီး၊ နာနတ်၊ သင်္ဘောသီးနှင့် မာလကာ အစရှိသည့် အခြားသစ်သီးဝလံများကို ရုရှားဈေးကွက်သို့ တင်ပို့ရောင်းချရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားသည်။ 

 

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 10 February 2024 00:31
Rate this item
(0 votes)