India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းဘတ်ငွေ အားကောင်းပြီး ပို့ကုန်ဆန်အတွက်  ခိုင်မာသော ဝယ်လိုအားကြောင့် ၂ နှစ်နီးပါးအတွင်း ထိုင်းနိုင်ငံမှ ပို့ကုန်ဆန် ဈေးနှုန်းများ ယခုသီတင်းပတ်အတွင်း အမြင့်ဆုံးသို့ မြင့်တက်ခဲ့ပါသည်။

 

ထိုင်းနိုင်ငံ၏ ဆန်ကွဲ ၅% နှုန်း <RI-THBKN5-P1> ပို့ကုန်ဆန်အမျိုးအစားသည် ယခင်အပတ်က တစ်တန်လျှင် ကန်ဒေါ်လာ ၄၈၀ မှ ယခုသီတငါးပတ် ကြာသပတေးနေ့တွင် တစ်တန်လျှင် ကန်ဒေါ်လာ ၄၉၅ သို့ မြင့်တက်ခဲ့သည်။

 ၂၀၂၁ ခုနှစ် မတ်လနောက်ပိုင်း ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ဘတ်တန်ဖိုး အမြင့်ဆုံးဖြစ်‌ေနသည့် အပြင် ဒေသတွင်းမှ အထူးသဖြင့် အင်ဒိုနီးရှားမှ ထိုင်းဆန်ကို  ဝယ်လိုအား ပိုမိုအားကောင်းလာခြင်းကြောင့် ဆန်ဈေး မြင့်တက်သည်။

 ထိုင်းဆန်ဈေးနှုန်း တစ်တန် $500 သို့ ရောက်လာနိုင်ခြေ များနေသည်။

ဗီယက်နမ်ဆန် ဈေးနှုန်းများသည် ခြောက်ပတ်တာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားသည်။

နှစ်သစ်ကူး အားလပ်ရက် မတိုင်မီ အကြိုကာလတွင် အရောင်းအဝယ်ပါးနေသည်။

 

ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်း <RI-VNBKN5-P1>  ဆန်အမျိုးအစားသည် 

တစ်တန်လျှင် လွန်ခဲ့သည့် တစ်ပတ်က  ၄၅၈ ဒေါ်လာ ရှိခဲ့ရာမှ ကန်ဒေါ်လာ ၄၄၅ ~  ၄၅၀ သို့ ခေါ်ဈေး ကျဆင်းသည်။

၂၀၂၂ တွင် ဆန်တင်ပို့မှု များပြားခဲ့ပြီး ယခုအခါ လက်ကျန်လျော့ကျနေသည်။ အရောင်းအဝယ် စာချုပ်ပြီးသား အမှာစာများ တင်ပို့ရေးကို အဓိကထား ဆောင်ရွက်နေကြသည်။

တစ်နှစ်တာတွင် စပါးအများဆုံး ထွက်သည့် ဆောင်း-‌ေနွဦး စပါးရိတ်သိမ်းချိန် ဖေဖော်ဝါရီလတွင် စတင်မည်။ မတ်လလယ်တွင် အများဆုံး ထုတ်လုပ်သည်။ 

ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယ၏ ၅% ဆန်ကွဲပါ ပေါင်းဆန်  <RI-INBKN5-P1> အမျိုးအစားသည် ယခုသီတင်းပတ်တွင် တစ်တန်လျှင် ဒေါ်လာ ၃၇၅ မှ ၃၈၂ ဒေါ်လာအထိ ခေါ်ဈေး ဖြစ်ပေါ်ခဲ့သည်။

ယခင်အပတ်က ဈေးနှုန်းအတိုင်းဖြစ်သည်။ ဈေးနှုန်း မပြောင်းလဲပါ။

ဆန်ဖြူ အဝယ်လိုက်သဖြင့် ဈေးတက်သည်။ ယခင်သီတင်းပတ်တွင် တစ်တန် ဒေါ်လာ ၃၉၄-၄၀၀ ခေါ်ဈေး ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် တစ်တန် ဒေါ်လာ ၃၉၇-၄၀၅ ဖြစ်လာသည်။

အိန္ဒိယဆန်ဖြူ ဈေးတက်သော်လည်း ထိုင်းဆန်၊ ဗီယက်နမ်ဆန်တို့ထက် ဒေါ်လာ ၅၀ ဝန်းကျင် ဈေးသက်သာနေဆဲ ဖြစ်သည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 13 January 2023 13:17
Rate this item
(0 votes)