India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံက ဂျုံတန်ချိန် ၁၀ သန်း တင်ပို့ရန် လျာထားချက် ရုပ်သိမ်းပြီး ဂျုံတင်ပို့မှု စတင် ပိတ်ပင်

အိန္ဒိယနိုင်ငံက ဂျုံတန်ချိန် ၁၀ သန်း တင်ပို့ရန် လျာထားချက် ရုပ်သိမ်းပြီး ဂျုံတင်ပို့မှု စတင် ပိတ်ပင်

အိန္ဒိယနိုင်ငံ အစိုးရက ဂျုံတင်ပို့မှုကို မေလ ၁၄ ရက် စနေနေ့မှာ စတင် ပိတ်ပင်လိုက်ပါတယ်။

မေလ ၁၃ ရက်မှာ ကမ္ယာ့ဈေးကွက်ထဲသို့ အိန္ဒိယဂျုံတန်ချိန် ၁၀ သန်းကို ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း တင်ပို့ရန် လျာထားကြောင်း၊ မော်ရိုကို၊ တူနီးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ တူရကီ၊ အယ်လ်ဂျီးရီးယားနှင့် လက်ဘနွန် စုစုပေါင်းနိုင်ငံ ၉ နိုင်ငံသို့ ဂျုံတင်ပို့ရောင်းချရန် ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယခုအခါ မူဝါဒ ဂငယ်ကွေ့ ကွေ့လိုက်တာ ဖြစ်ပါတယ်။

 

L/C (letters of credit) ထုတ်ပြီးသား ဂျုံတင်ပို့မှုများကို ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။ ဂျုံကို မရှိမဖြစ် လိုအပ်နေတဲ့ နိုင်ငံများအနေဖြင့်  နိုင်ငံအစိုးရက တောင်းဆိုတဲ့အခါ သုံးသပ်စိစစ်ပြီး တင်ပို့ခွင့်ကို ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။ 

 

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကြောင့် ရုရှားနှင့် ယူကရိန်းတို့ထံမှ ဂျုံများ ကမ္ဘာ့ဂျုံဈေးကွက်ထဲ စီးတဝင်မှု အလွန်နည်းပါးနေချိန်မှာ ဂျုံထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံထံမှ ဂျုံကို ဝယ်လက်များက အားထားနေရချိန်မှာ ယခုလို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ 

 

အိန္ဒိယဂျုံ မရနိုင်တော့တဲ့အတွက်ကြောင့် ကမ္ဘာ့ဂျုံဈေးနှုန်း မြင့်တက်သွားမှာ ဖြစ်ပြီး အာရှနှင့် အာဖရိကမှ မချမ်းသာတဲ့ နိုင်ငံများ  ဂျုံတင်သွင်းဖို့ အခက်ကြုံကြမှာ ဖြစ်ပါတယ်။ 

 

အိန္ဒိယနိုင်ငံ မှာ မတ်လလယ်မှာ အပူလှိုင်း ကျရောက်ခဲ့လို့ ဂျုံထွက်နှုန်း ကျဆင်းခဲ့ပြီး ပြည်တွင်းဂျုံဈေးနှုန်း စံချိန်တင် မြင့်တက်နေတာကြောင့် ဂျုံတင်ပို့မှု ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ဂျုံတစ်တန်ကို ၂၅,၀၀၀ ရူပီ ($322.71)  ပေါက်ဈေး ဖြစ်ပေါ်နေပါတယ်။

ဧပြီလမှာ ဂျုံတန်ချိန် ၁.၄ သန်း စံချိန်တင် တင်ပို့ခဲ့ပြီး မေလမှာ ပြည်ပတင်ပို့ရန် ရောင်းချထားပြီးသား ဂျုံတန်ချိန်  ၁.၅ သန်း ဝန်းကျင် ရှိပါတယ်။

 

အိန္ဒိယက ၂၀၂၁-၂၂ မှာ  ဂျုံ ၇ သန်း မက်ထရစ်တန် စံချိန်တင် တင်ပို့ ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၀၅ ဘီလျံ ရှိပါတယ်။ 

အိန္ဒိယ ဂျုံတင်ပို့မှု တန်ချိန်စုစုပေါင်းရဲ့ ၅၀% ဝန်းကျင်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ခဲ့ ပါတယ်။

 

($1 = 77.4700 Indian rupees)

Read times
Rate this item
(0 votes)