India



အိန္ဒိယ သကြား အမျိုးမျိုး အားလုံး တင်ပို့မှု ကန့်သတ်ချက် သက်တမ်းတိုး

အိန္ဒိယ သကြား အမျိုးမျိုး အားလုံး တင်ပို့မှု ကန့်သတ်ချက် သက်တမ်းတိုး

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယအစိုးရသည် အကြမ်း၊ အဖြူ၊ သန့်စင်ပြီးနှင့်  အော်ဂဲနစ် အပါအဝင် သကြား အမျိုးမျိုး အားလုံး တင်ပို့မှု ကန့်သတ်ချက် ကို အောက်တိုဘာ ၃၁ ရက်နောက်ပိုင်းအထိ သက်တမ်းတိုးထားသည်။

 

လက်ရှိတွင် သကြား ပြည်ပတင်ပို့ခွင့် တားြမစ်ချက်သည် အောက်တိုဘာလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သဖြင့် ရက်အကန့်အသတ်မရှိ နောက်ထပ် ကြေညာချက် ထုန်ပြန်သည်အထိ ဆက်လက်ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ 

သို့သော် သကြားရရှိနိုင်မှုအပေါ် မူတည်ပြီး သကြားပို့ကုန် ခွဲတမ်း ချပေးသည်။

 

မုတ်သုံ အားနည်းမှုကြောင့် ပြည်တွင်း ထုတ်လုပ်မှု လျော့နည်းမည့်အပေါ် စိုးရိမ်မှုများ ရှိနေသဖြင့် သကြားတင်ပို့မှု ဆက်လက်ကန့်သတ်ထားလိုက်သည်။

 

သကြားတင်ပို့မှု ပိတ်ပင်ခြင်းသည် အီးယူနှင့် အမေရိကန်တို့ အကျုံးမဝင်ချေ။ အိန္ဒိယသည် အီးယူနှင့် အမေရိကန်တို့နှင့် အခွန်ဖြေလျော့မှု သဘောတူညီချက် လက်မှတ်ရေးထိုးထားသဖြင့် ၎င်း‌သဘောတူညီချက်ပါ သကြားခွဲတမ်းပမာဏကို တင်ပို့ပေးရမည် ဖြစ်သည်။

Source economictimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 20 October 2023 20:35
Rate this item
(0 votes)