India



အိန္ဒိယ ဘာစမာတီဆန် ဝယ်ယူသူများ သင်္ဘောအမြန်တင်ရန် လောဆော်

အိန္ဒိယ ဘာစမာတီဆန် ဝယ်ယူသူများ သင်္ဘောအမြန်တင်ရန် လောဆော်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယအစိုးရက ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်လိုက်ပြီးနောက် ဝယ်လက်များထံမှ ၎င်းတို့ ဝယ်ယူသည့် ဘာစမာတီဆန်များ ဆောလျင်စွာ သင်္ဘောတင် တောင်းဆိုမှုများကို အိန္ဒိယဆန်တင်ပို့ရောင်းချသူများက  လက်ခံရရှိခဲ့ကြသည်။

.

 ကမ္ဘာ့အများဆုံး ဆန်တင်ပို့သည့် အိန္ဒိယနိုင်ငံ အစိုးရသည် ပြည်တွင်းဆန်ဈေး တလအတွင်း ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်အပြင် မုတ်သုံရာသီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကောက်ပဲသီးနှံများ သိသိသာသာ ပျက်စီးခဲ့ရသဖြင့် ဇူလိုင်လအစောပိုင်းတွင် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှု တားမြစ်ချက် ထုတ်ပြန်ခဲ့ပါသည်။

 .

“ဘာစမာတီဆန် တင်ပို့မှုကို အစိုးရက ကန့်သတ်လိုက်မှာကို စိုးရိမ်တာကြောင့် ဝယ်သူတွေက စောစောတင်ပို့ဖို့ တောင်းဆိုနေကြတာပါ”ဟု အိန္ဒိယမှ ဘာစမာတီဆန် တင်ပို့မှုတွင် ဦးဆောင်သူနေရာမှာ ရှိနေသည့် GRM Overseas မှ ဦးဆောင်ညွှန်ကြားရေးမှူးချုပ် Atul Garg က ပြောကြားသည်။

.

ဝယ်ယူသူများသည် အများအားဖြင့် လစဉ် ပမာဏတစ်ခုကို ပေးပို့ရန် အာမခံချက်ဖြင့် နှစ်ရှည်စာချုပ်များ ချုပ်ဆိုကြသည်။

သို့သော် ယခုအခါ အချို့ဝယ်လက်များက စက်တင်ဘာနှင့် အောက်တိုဘာလတွင် တင်ပို့ရန် မျှော်မှန်းထားသည့် ဆန်ကို ဩဂုတ်လတွင် တင်ပို့ရန်  တောင်းဆိုနေကြသည်ဟု ၎င်းက ဆိုသည်။

.

အိန္ဒိယသည် ၂၀၂၂/၂၃ တွင် ဘာစမာတီဆန် မက်ထရစ်တန် ၄.၅ သန်းခန့် တင်ပို့ခဲ့သည်။ ဆော်ဒီအာရေးဗီးယား၊ အီရန်၊ အီရတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ယီမင်နှင့် အမေရိကန်တို့သည် ထိပ်တန်းဝယ်ယူသူများထဲတွင် ပါဝင်သည်။

.

အိန္ဒိယမှ တင်ပို့ခွင့်ပိတ်ပင်ထားသည့် ဘာစမာတီမဟုတ်သော ဆန်ဖြူများကို ဆီနီဂေါ၊ ဘီနင်၊ တိုဂို၊ ဘင်္ဂလားဒေ့ရှ်၊ နှင့် ကို့ဒ်ဒီဗောရီတို့က အဓိကဝယ်ယူကြသည်။

.

အိန္ဒိယသည် ယခင်က ဘာစမာတီဆန် တင်ပို့မှုကို ပိတ်ပင်ခဲ့ဖူးခြင်း မရှိသော်လည်း ၂၀၀၈ ခုနှစ်တွင် ပို့ကုန်ခွန် စည်းကြပ်ခဲ့သည်။

.

“ဘာစမာတီဆန် တင်ပို့မှုကို တားမြစ်နိုင်ခြေ မရှိပါဘူးလို့ ဝယ်သူတွေကို အာမခံထားပေမဲ့ အစိုးရရဲ့ မကြာသေးမီက ဆုံးဖြတ်ချက်တွေကြောင့် ဝယ်သူတချို့က စိုးရိမ်နေကြပါတယ်”ဟု နယူးဒေလီမှ ဆန်ပို့ကုန်လုပ်ငန်းရှင် တဦးက ပြောကြားသည်။

.

အိန္ဒိယသည် ဂျုံတင်ပို့မှုကို  ၂၀၂၂ ခုနှစ်တွင် ရုတ်တရက် တားမြစ်ခဲ့ပြီး ထိုနောက်ပိုင်းတွင် သကြားနှင့် ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

.

ဘာစမာတီစပါးကို  အဓိက စိုက်ပျိုးသည့် အိန္ဒိယ မြောက်ပိုင်းရှိ ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခံခဲ့ရသည်။

သို့သော် ဘာစမာတီစပါး စိုက်ပျိုးဧရိယာသည် ၂၀၂၃ ခုနှစ်တွင် ပိုများလာပြီး ထုတ်လုပ်မှုသည် ယခင်နှစ်ထက် ပိုမိုများပြားဖွယ်ရှိကြောင်း တင်ပို့သူ Vijay Setia မှ ပြောကြားခဲ့သည်။

ဘာစမာတီဆန်သည် ဘာစမာတီ မဟုတ်သောဆန်ထက် ဈေးပိုရနေသဖြင့် ဘာစမာတီစပါး စိုက်ပျိုးသူ ပိုများလာခြင်း ဖြစ်သည်။

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 01 August 2023 19:18
Rate this item
(0 votes)