India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အာဖရိကတိုက်ရှိ ဝယ်လက်များထံမှ ဝယ်လိုအား နှေးကွေးမှုကြောင့် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် အချက်အချာနိုင်ငံ အိန္ဒိယမှ တင်ပို့သည့် ဆန်ဈေးသည် ယခုသီတင်းပတ်တွင် လျော့ကျခဲ့သည်။
၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် <RI-INBKN5-P1> အမျိုးအစားသည် ယခင်က ၂ နှစ်တာအတွင်း အမြင့်ဆုံး ရောက်ခဲ့သော ခေါ်ဈေး တစ်တန် $397-$404 ရှိခဲ့ရာမှ ယခု သီတင်းပတ်တွင် $390-$395 သို့ လျော့ကျခဲ့သည်။
အိန္ဒိယဆန်ဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် အာဖရိက ဝယ်လက်များ အဝယ်နှေးသွားခဲ့သည်။
အိန္ဒိယအစိုးရသည် တင်ပို့မှု ပိတ်ပင်ထားသော ဆန်ကွဲကို ပြန်လည် ခွင့်ပြုရန် အစီအစဉ် မရှိသေးချေ။ ဆန်ဖြူ ပြည်ပတင်ပို့ခြင်းအပေါ် အခွန် ၂၀% စည်းကြပ်ခြင်းကိုလည်း ရုပ်သိမ်းဖို့ အစီအစဉ် မရှိသေးပေ။ ပြည်တွင်းဆန်ဈေးကို ထိန်းပေးရန်အတွက် ယခုလို ပိတ်ပင်ခြင်းနှင့် အခွန်စည်းကြပ်ခြင်းတို့ကို ဆောင်ရွက်ထားခြင်း ဖြစ်သည်။


၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> အမျိုးအစားကို ယခင်က ခေါ်ဈေး တစ်တန် $460 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $450 သို့ ကျဆင်းသည်။
အဝယ်အေးနေပြီး ဆန်သစ်လည်း မဝင်သေးချေ။


၅% ဆန်ကွဲပါ ဗီယက်နမ်ဆန်<RI-VNBKN5-P1> အမျိုးအစားသည် ယခင်က ခေါ်ဈေး တစ်တန် $457 ရှိခဲ့ရာမှ ယခု $440-$445 သို့ ကျဆင်းသည်။
ဆန်သစ်များ ဝင်လာပြီး ပြည်ပဝယ်လက်များ အဝယ်နည်းနေသဖြင့် ဈေးကျဆင်းခဲ့သည်။ ယခုလအတွင်း ဆန်သစ်များ အများဆုံး ဝင်လာမည်ဖြစ်ရာ လာမည့် သီတင်းပတ်များတွင် ဆန်ဈေး ပြန်တက်ဖွယ်မရှိဟု ခန့်မှန်းထားကြသည်။

Source Reuters

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 03 March 2023 18:06
Rate this item
(0 votes)