India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဆန်ကွဲ တင်ပို့မှု ယတိပြတ်ပိတ်ပင်၊ ဆန်၊ ဂျုံ၊ ပြောင်း ကမ္ဘာ့ဈေးနှုန်းများ မြင့်တက်

အိန္ဒိယဆန်ကွဲ တင်ပို့မှု ယတိပြတ်ပိတ်ပင်၊  ဆန်၊ ဂျုံ၊ ပြောင်း ကမ္ဘာ့ဈေးနှုန်းများ မြင့်တက် 

 

အိန္ဒိယနိုင်ငံက ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့ပြီး အခြားအဆင့် ဆန်အမျိုးအစားများအပေါ်  အခွန်များ ပြဋ္ဌာန်းလိုက်ပါတယ်။ 

ထိုင်း၊ဗီယက်နမ်၊မြန်မာဆန်ဈေးများ မြင့်တက်လာမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဆန်ဈေးများ မြင့်မားလာခြင်းကြောင့် ချီကာဂိုတွင် ဂျုံ၊ ပြောင်း ကြိုပွိုင့်ဈေးနှုန်းများ မြင့်တက်လာပါတယ်။

အိန္ဒိယဆန်ကွဲ အဓိကဝယ်လက် တရုတ်နိုင်ငံက တိရစ္ဆာအစာအတွက် ပြောင်းကို ပိုမိုသုံးစွဲတော့မှာ ဖြစ်လို့ ရလဒ်အဖြစ် ပြောင်းဈေးနှုန်းများ မြင့်တက်အောင် ဆွဲတင်ခံရပါလိမ့်မယ်။ 

အိန္ဒိယ၏ ဆန်တင်ပို့မှုကို တားမြစ်ရန် ဆုံးဖြတ်ချက်သည် ကမ္ဘာ့ဆန် စျေးနှုန်းများကို မြှင့်တက်စေမည်ဖြစ်ပြီး ဆန်နှင့် အပြိုင်ပြုနေတဲ့  ဂျုံနှင့် ပြောင်းဈေးကွက်တွင် ဂယက်ထကာ စားနပ်ရိက္ခာ ကုန်ဈေးနှုန်းများ တက်လာမယ့်အရေး စိုးရိမ်မှုများ နက်ရှိုင်းလာစေမယ်လို့ ခန့်မှန်းထားကြပါတယ်။ 

 

ဆန်တင်ပို့မှုမှာ အဓိကျတဲ့ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ပို့ကုန်ဆန်ဈေးများ မြင့်တက်လာလိမ့်လို့ ကုန်သည်များနှင့် လေ့လာဆန်းစစ်သူတို့က ဆိုပါတယ်။

 

 ရာသီဥတုဆိုးရွားမှုနှင့် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဈေးမြင့်တက်နေတဲ့ ဆန်၊ ဂျုံ၊ ပြောင်း  တင်သွင်းတဲ့ နိုင်ငံများရဲ့ ဝန်ထုပ်ဝန်ပိုးကို ထပ်တိုးစေမှာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက  ဆန်ကွဲတင်ပို့မှုကို တားမြစ်ပါတယ်။

ဆန်အမျိုးအစား အမျိုးမျိုးအပေါ် ပို့ကုန်ခွန် ၂၀% စည်းကြပ်ဖို့ ပြဋ္ဌာန်းပါတယ်။

 

ယခင်ဖော်ပြချက် ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ

အိန္ဒိယအစိုးရ ဆန်ကွဲတင်ပို့မှု ပိတ်ပင်၊ ဆန်တင်ပို့မှု အခွန် ၂၀% ပြဋ္ဌာန်း

 

 

 

မုတ်သုံမိုးရွာသွန်းမှု လျော့နည်းခဲ့ပြီးနောက် စပါးစိုက်ပျိုးမှု ဧရိယာ လျော့ကျသဖြင့်  ကမ္ဘာ့ ဆန်အများဆုံး တင်ပို့နေတဲ့ အိန္ဒိယနိုင်ငံက  ပြည်တွင်းဆန်စျေးနှုန်းများ တည်ငြိမ်စေရန် ကြိုးပမ်းလျက်ရှိပြီး ပြည်တွင်း ဆန်လက်ကျန် များစေဖို့ စီမံဆောင်ရွက်နေပါတယ်။

အိန္ဒိယက ကြာသပတေးနေ့မှာ ဆန်တင်ပို့မှုကို ချုပ်ကိုင်ခဲ့ပြီး သောကြာနေ့မှာ အမေရိကန်နိုင်ငံ ချီကာဂို ကုန်စည်ဒိုင်မှာ ဂျုံဈေးနှုန်းများ မြင့်တက်ပါတယ်။ ဂျုံဈေးနှုန်းများ မြင့်တက်နေတာ ၃ ပတ်ဆက်တိုက် ရှိပါပြီ။ 

အိန္ဒိယက ဆန်ကို ချုပ်ကိုင်တာကတစ်ကြောင်း၊ ရုရှားသမ္မတ ပူတင်က ယူကရိန်း ဂျုံ‌ေစ့နှင့် ပြောင်းစေ့ အပါအဝင် ကောက်နှံစေ့ တင်ပို့မှုအပေါ် သတိပေး ပြောကြားခဲ့တာက တစ်ကြောင်းတို့ကြောင့် ဂျုံကြိုပွိုင့်ဈေးနှုန်းများ မြင့်တက်ပါတယ်။

 

ပူတင်ရဲ့ ပြောကြားချက်ကို Myanmar Food Industry Guide မှာ ဖော်ပြခဲ့ပါတယ်။

 

 ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ။

ယူကရိန်း ကောက်နှံစေ့များ ဖွံ့ဖြိုးဆဲကမ္ဘာသို့ မရောက်ဘဲ ဥရောပသို့ ပေးပို့နေဟု ပူတင် ဝေဖန်

 

အိန္ဒိယက ကမ္ဘာ့ဆန်တင်ပို့ရောင်းချမှု၏ ၄၀ ရာခိုင်နှုန်းကျော်ကို တင်ပို့လျက် ရှိပြီး ကမ္ဘာ့ဈေးကွက်တွင် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာ နိုင်ငံတို့နှင့် အပြိုင်ပြုပါတယ်။

 

"ထိုင်းနဲ့ ဗီယက်နမ်က တင်ပို့သူတွေက ခေါ်ဈေးကို ပိုမြှင့်နေချိန်မှာ မြန်မာဆန်ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၀ လောက် တက်သင့်တယ်” လို့ စင်ကာပူအခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

 

အိန္ဒိယအစိုးရက ဆန်တင်ပို့မှု ချုပ်ကိုင်ခြင်း မပြုခင်က  ဆန်ကွဲငါးရာခိုင်နှုန်းပါ မြန်မာဆန် ခေါ်ဈေး တစ်တန်လျှင် ကန်ဒေါ်လာ ၃၉၀ မှ ၃၉၅ ဒေါ်လာအထိ ရှိပါတယ်။ FOB (free on board) ဈေးနှုန်းများ ဖြစ်ပါတယ်။ ဆန်ကွဲငါးရာခိုင်နှုန်းပါ အိန္ဒိယဆန်ဖြူ ခေါ်ဈေး တစ်တန်လျှင် ကန်ဒေါ်လာ ၃၄၈ ဝန်းကျင်မှာ ရှိပါတယ်။

ထိုင်းဆန်က အိန္ဒိယဆန်ထက် ကန်ဒေါ်လာ ၆၀~၇၀ ဝန်းကျင် ပိုမြင့်ပါတယ်။ 

 

ယခုလို အိန္ဒိယက ဆန်တင်ပို့မှု ချုပ်ကိုင်လိုက်တဲ့အတွက် ဆန်ကုန်သွယ်မှု အသွားအလာ စီးဆင်းပုံ ပြောင်းသွားစေမယ့် သက်ရောက်မှု ပေးလိမ့်မယ်လို့ ထိုင်းဆန်တင်ပို့သူများအသင်း Thai Rice Exporters Association ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ 

 "ထိုင်းနဲ့ ဗီယက်နမ်ဆန်တွေ အမှာစာတွေ ပိုများလာမယ်" လို့ သူက ပြောပါတယ်။

“အိန္ဒိယက ဒီမူဝါဒက ဘယ်လောက်ကြာကြာ ဆက်လက်ကျင့်သုံးမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ တကယ်လို့ ကြာရှည်ကျင့်သုံးမယ်ဆိုရင် ထိုင်းဆန် အဝယ်လိုက်လာနိုင်ပါတယ်" လို့ သူက ပြောပါတယ်။

 

ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသူ တရုတ်နှင့် ဖိလစ်ပိုင်တို့ ဆန်ဈေး ကြီးမြင့်မှုကို ချက်ချင်း ထိခိုက်နိုင်ဖွယ်ရှိပါတယ်။ 

 တိရိစ္ဆာန်အစာအတွက်အသုံးပြုရန် အိန္ဒိယဆန်ကွဲများကို အများဆုံးတင်သွင်း‌ေနတဲ့ နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ဆန်ကွဲအစား ပြောင်းကို သုံးစွဲလိမ့်မယ်လို့  မျှော်လင့်ရကြောင်း ကုန်သည်များက ပြောကြားပါတယ်။

 ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ မူဝါဒ၊ စီမံကိန်းနှင့် စည်းမျဉ်းများအတွက် လက်ထောက်အတွင်းရေးမှူး Mercedita Sombilla က  "တကယ်တော့ ထိုင်းနဲ့ ဗီယက်နမ်တို့ မဟာမိတ်ဖွဲ့ပြီး ပို့ကုန်ဈေးနှုန်းတွေ တိုးမြှင့်ဖို့ စီစဉ်နေပြီဆိုတဲ့ သတင်းတွေ ရှိနေပါတယ်" လို့ ရိုက်တာသို့ ပြောကြားပါတယ်။

 "အဲဒီလို အကွက်ရွှေ့ခဲ့ရင် ဖြစ်ပေါ်လာနိုင်မယ့်   အကျိုးသက်ရောက်မှုတွေကို ကျွန်တော်တို့ ဆန်းစစ်နေပါတယ်” လို့ သူက ပြောပါတယ်။

ထိုင်းနဲ့ ဗီယက်နမ်တို့ မဟာမိတ်ဖွဲ့ပြီး ပို့ကုန်ဈေးနှုန်းတွေ တိုးမြှင့်ဖို့ စီစဉ်နေတဲ့ သတင်း အပြည့်အစုံကို Myanmar Food Industry Guide မှာ ဖော်ပြခဲ့ပါတယ်။

ဆက်စပ်ဖတ်ရှုရန်  ခေါင်းစဉ်ပြာကို ထိပါ

ကမ္ဘာဆန်ဈေးကွက်သို့ ပို့ကုန်ဆန်ဈေးနှုန်းမြှင်တင်ဖို့ ထိုင်းနှင့် ဗီယက်နမ် သဘောတူ

 

Source Reuters

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

 

 

Read times Last modified on Saturday, 10 September 2022 08:44
Rate this item
(0 votes)