India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
ht tps://t.me/Guid4U

16 June 2023

 

ပြည်တွင်းဈေးကွက် စပါးဈေး မြင့်တက်လာသဖြင့် ဗီယက်နမ် ပို့ကုန်ဆန် ဈေးခုန်တက်သည်။

ဆန်ကုန်သည်များက အယ်နီညိုကြောင့် စပါးအထွက်နည်းနိုင်သည့်အတွက် စိုးရိမ်မကင်း ဖြစ်ကြသည်။

 

ဗီယက်နမ်ဆန် ဈေးနှုန်းများ ယခု သီတင်းပတ်အတွင်း ၂ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသည်။ 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ခေါ်ဈေး တစ်တန်လျှင် ယခင်အပတ်က $490-$495 ရှိခဲ့ပြီး ယခု အပတ်တွင် $498 ဖြစ်လာသည်။ ၂၀၂၁ ဧပြီလနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်သည်။

 

ဇန်နဝါရီမှ မေလအထိ ယခုနှစ် ပထမ ၅ လအတွင်း ဗီယက်နမ်ဆန် တင်ပို့မှုမှာ ယခင်နှစ်ကထက် ၃၀.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁.၉ ဘီလီယံတန်ဖိုးရှိသည်။ အကောက်ခွန်စာရင်းများအရ မက်ထရစ်တန် ၃.၆၂ သန်း တင်ပို့ခဲ့သည်။

.

အယ်နီညိုကြောင့် ဖြစ်ပေါ်လာသော ပူပြင်းခြောက်သွေ့သော ရာသီဥတု၏ အစောပိုင်းလက္ခဏာများ အာရှတစ်ဝှမ်း တွေ့ကြုံကြခြင်းသည် စိုက်ပျိုးရေးကဏ္ဍအတွက် စိုးရိမ်စရာ ဖြစ်နေသည်။ အာရှ အချို့ဒေသများတွင် မိုးခေါင်ရေရှားခြင်း ကြုံရဖွယ် ရှိသည်ဟု ခန့်မှန်းထားကြသည်။

.

၅% ဆန်ကွဲပါ ထိုင်းဆန်  ခေါ်ဈေး ဈေးငြိမ်နေသည်။ ယခင်အပတ်ကအတိုင်း ယခုအပတ်တွင်လည်း  တစ်တန်လျှင် $490-$495 ရှိသည်။

မေလတွင် $500 အထက် ရေချိန်မှ အနည်းငယ်ပြန်နိမ့်ကျလာခဲ့ခြင်း ဖြစ်သည်။

ဆန်သစ် မပေါ်သေးခင် ပို့ကုန်ဆန် ဝယ်လိုအားလည်း ရှိနေသည့်အပြင် မိုးမမှန်သဖြင့် ရေကြီးခြင်းနှင့် မိုးခေါင်ခြင်းတို့လည်း ဖြစ်ပေါ်သဖြင့် ပို့ကုန်ဆန်ဈေး ဆက်မာနေဦးမည်ဟု ဘန်ကောက် အခြေစိုက် ကုန်သည်က ခန့်မှန်းသည်။

.

အိန္ဒိယပြည်တွင်းဈေးကွက်တွင် စပါးအဝင်နည်းခြင်း၊ အစိုးရက အရန်ဆန်အတွက် ဆန်ဝယ်ယူနေသည့် ဈေးနှုန်း မြှင့်တင်ထားခြင်းတို့ကြောင့် ၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် အမျိုးမျိုး ဈေးတက်လာသည်။ ယခင်အပတ်က ခေါ်ဈေး တစ်တန်လျှင် $388-$395 ရှိခဲ့ပြီး ယခုအပတ်တွင် $390-$398 သို့ မြင့်တက်သည်။ ၃ လကျော်ကာလအတွင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်သည်။

ပြီးခဲ့သည့် အပတ်က ဆောင်းမှာ စိုက်သည့်စပါး ဈေးကွက်ထဲသို့ အဝင် သိသိသာသာ ထိုးကျသွားသဖြင့် စပါးဈေး ခုန်တက်သွားသည်။

အိန္ဒိယအစိုးရက လယ်သမားများထံမှ ဝယ်ယူသည့် ရာသီပေါ်စပါးအသစ် ဈေးနှုန်းကို ပြီးခဲ့သည့် အပတ်က  ၇% တိုးမြှင့် သတ်မှတ်ခဲ့သည်။

Source Reuters

TO GET INSTANT UPDATE 

Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 16 June 2023 18:18
Rate this item
(0 votes)