India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယအစိုးရ ဆန်ကွဲတင်ပို့မှု ပိတ်ပင်၊ ဆန်တင်ပို့မှု အခွန် ၂၀% ပြဋ္ဌာန်း

အိန္ဒိယအစိုးရ  ဆန်ကွဲတင်ပို့မှု ပိတ်ပင်၊ ဆန်တင်ပို့မှု အခွန် ၂၀% ပြဋ္ဌာန်း

 

အိန္ဒိယအစိုးရက စက်တင်ဘာလ ၉ ရက်မှာ စတင်သက်ရောက်တဲ့ ဆန်အမျိုးအစားအချို့ တင်ပို့မှုကို  ပိတ်ပင်ခြင်းနှင့် အခွန်စည်းကြပ်ခြင်းတို့ကို ထုတ်ပြန်ခဲ့ပါတယ်။ ပြည်တွင်း ဖူလုံစေရေးအတွက် ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။ 

 

အိန္ဒိယ အစိုးရက ဆန်ကွဲ ပြည်ပတင်ပို့မှုကို တားမြစ်လိုက်ပါတယ်။ ဆန်လုံးညို၊ ဆန်ဖြူအပါအဝင်ဆန်အမျိုးအစားအချို့ ပြည်ပတင်ပို့မှုအပေါ် အခွန် ၂၀% စည်းကြပ်ဖို့ကိုလည်း ပြဋ္ဌာန်းလိုက်ပါတယ်။ 

 

မုတ်သုံမိုး မညီမညာ ကွက်ကြား ရွာသွန်းမှုကြောင့် အချို့သောဒေသများ ခြောက်သွေ့နေသဖြင့် စပါး မစိုက်နိုင်တာကြောင့် စပါးပေါ်ချိန်မှာ   စပါးအထွက်နှုန်း လျော့နည်းမည်ကို စိုးရိမ်မှုများကြောင့် ယခုကဲ့သို့  ဆန်ပြည်ပတင်ပို့မှုကို အခွန်စည်းကြပ်ခြင်းဖြင့် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။ 

 

သောကြာနေ့ (စက်တင်ဘာလ ၉ ရက်)တွင် စားနပ်ရိက္ခာအတွင်းဝန် Sudhanshu Pandey က သတင်းထောက်များအား ရှင်းလင်းပြောကြားရာတွင် အိန္ဒိယနိုင်ငံမှာ  မကြာသေးမီလများအတွင်း ဆန်ဈေးများ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

 

တိရစ္ဆာန်အစာတွင် အသုံးပြုတဲ့ ဆန်ကွဲဈေးနှုန်းက ဇန်နဝါရီတွင် ၁၆ ရူပီးမှ တစ်ကီလိုလျှင် ၂၂ ရူပီးအထိ မြင့်တက်ခဲ့ကြောင်း Pandey က ပြောပါတယ်။ 

 

ယခုနှစ် စပါးစိုက်ပျိုးထားတဲ့ ဧရိယာစုစုပေါင်းက ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဟက်တာ ၃ ဒသမ ၈ သန်း ကျဆင်းခဲ့ကြောင်း Pandey က ပြောပါတယ်။ 

အဆိုးဝါးဆုံး အခြေအနေမှာ တန်ချိန် ၁၀ မှ ၁၂ သန်းအထိ လျော့နည်းနိုင်ကြောင်း Pandey က ပြောပါတယ်။ 

 "စိုက်တဲ့အပိုင်းက ပြီးသွားပါပြီ။ တချို့နေရာတွေမှာ အထွက်နှုန်းကောင်းရင် မစိုက်လိုက်ရတဲ့ နေရာတွေကြောင့် လျော့နည်းတာကို ထေမိနိုင်ပါတယ်" လို့ သူက ပြောပါတယ်။ 

 

အိန္ဒိယအစိုးရရဲ့ အချက်အလက်များအရ   ပြီးခဲ့သည့် သီးနှံနှစ်  ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၂ ခုနှစ် ဇွန်လအထိတွင် ဆန်တန်ချိန် ၁၃၀ ဒသမ ၂၉ သန်း စံချိန်တင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ 

ငါးနှစ်တာ ပျမ်းမျှထုတ်လုပ်မှု တန်ချိန် ၁၁၆ ဒသမ ၄၄ သန်းကို ကျော်လွန်ခဲ့ပါတယ်။ 

 

သို့သော်လည်း လွန်ခဲ့တဲ့လက ထုတ်ပြန်ခဲ့သော အမေရိကန် စိုက်ပျိုးရေးဌာန အစီရင်ခံစာတွင် အိန္ဒိယ ဆန်ထုတ်လုပ်မှု ယခုနှစ်တွင် ၀.၉% ကျဆင်းနိုင်တယ်လို့  သတိပေးထားပါတယ်၊ "ဒါဟာ အိန္ဒိယရဲ့ ဆန်ထုတ်လုပ်မှု ၂၀၁၅/၁၆ နောက်ပိုင်း ပထမဆုံး ကျဆင်းလာတာပါ" လို့ USDA  က ဆိုပါတယ်။ 

 

ထုတ်လုပ်မှုအရကြည့်လျှင် တရုတ်နိုင်ငံက ဆန်အများဆုံး ထုတ်လုပ်ပြီး အိန္ဒိယက ဆန် ဒုတိယအများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ တင်ပို့မှုအရကြည့်လျှင် အိန္ဒိယက ဆန် အများဆုံး တင်ပို့နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာ့ဆန်ကုန်သွယ်မှု စုစုပေါင်းရဲ့ ၄၀%ကို အိန္ဒိယ တင်ပို့ပါတယ်။ 

 

မတ်လတွင် ကုန်ဆုံးခဲ့သော ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယ၏ စုစုပေါင်း လယ်ယာထွက်ကုန် တင်ပို့မှုဟာ ယခင်နှစ်ထက် ၁၉.၉၂ ရာခိုင်နှုန်း တိုးလာပြီး ဒေါ်လာ ၅၀.၂၁ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။ 

"ဆန် (ဒေါ်လာ ၉.၆၅ ဘီလီယံ)၊

 ဂျုံ (ဒေါ်လာ ၂.၁၉ ဘီလီယံ)၊ 

သကြား (ဒေါ်လာ ၄.၆ ဘီလီယံ) နှင့် 

အခြားသီးနှံများ (ဒေါ်လာ ၁.၀၈ ဘီလီယံ) 

ကဲ့သို့သော အဓိကပို့ကုန်များအတွက် အမြင့်ဆုံး တင်ပို့နိုင်ခဲ့ကြောင်း အစိုးရက ပြီးခဲ့တဲ့နှစ် ပို့ကုန်ဆိုင်ရာ ကြေညာချက်တွင် ဖော်ပြထားပါတယ်။

 

 ယခုနှစ်မှာတော့ အိန္ဒိယ အစိုးရက  စားနပ်ရိက္ခာတင်ပို့မှုအပေါ် တင်းကျပ်ထားတာ တွေ့ရပါတယ်။ 

ဆန်က တတိယမြောက် ချုပ်ကိုင်လိုက်တာ ဖြစ်ပါတယ်။ ယခင်က ဂျုံနှင့် သကြား တင်ပို့မှုများကို ချုပ်ကိုင်ခဲ့ပါတယ်။ 

 

အိန္ဒိယနိုင်ငံ ခြုံငုံငွေကြေးဖောင်းပွမှုနှုန်းက  ဇူလိုင်လမှာ ၆.၇၁ ရာခိုင်နှုန်း ရှိပါတယ်။ ဩဂုတ်လမှာတော့ စားသောက်ကုန် ကုန်ဈေးနှုန်းများ မြင့်တက်နေလို့ ငွေဖောင်းပွနှုန်း မြင့်တက်ပါလိမ့်မယ်လို့ စီးပွားရေး ပညာရှင်များက ယူဆထားကြပါတယ်။ 

 

အိန္ဒိယက ဆန်ကွဲတင်ပို့မှုကို ယတိပြတ် ပိတ်ပင်လိုက်တာ ဖြစ်ပေမဲ့ ပေါင်းဆန် တင်ပို့မှုကို ဖွင့်ပေးထားပါတယ်။ 

 

“လူစားသုံးတဲ့ ပေါင်းဆန်ကို အိန္ဒိယပေါင်းဆန်အပေါ် မှီခိုနေရတဲ့  နိုင်ငံတွေဆီ  တင်ပို့တာကိုတော့ တားမြစ်ထားတာ မရှိပါဘူး၊” လို့ Pandey  က ပြောကြားပါတယ်။

လူကြိုက်များတဲ့ ဘာစမာတီ Basmati  ဆန် တင်ပို့တာကိုလည်း လွှတ်ပေးထားကြောင်း သူက ပြောကြားပါတယ်။ 

 

ကြာသပတေးနေ့နှောင်းပိုင်းတွင် အစိုးရက စီမံချက် မထုတ်ပြန်မီ သင်္ဘောတင်ထားပြီးဖြစ်သော ဆန်ကွဲများကို စက်တင်ဘာ ၁၅ ရက်အထိသာ တင်ပို့ခွင့်ပြုမှာ ဖြစ်ပါတယ်။ 

Source asia nikkei

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

 

 

Read times Last modified on Saturday, 10 September 2022 10:11
Rate this item
(0 votes)