India



ဘာစမာတီဆန် တင်ပို့မှုအပေါ် အိန္ဒိယအစိုးရ ကန့်သတ်ချက် ပြဋ္ဌာန်း

ဘာစမာတီဆန် တင်ပို့မှုအပေါ်  အိန္ဒိယအစိုးရ  ကန့်သတ်ချက် ပြဋ္ဌာန်း

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

အိန္ဒိယနိုင်ငံ ပြည်ထောင်စုအစိုးရမှ ပြည်ပသို့ ဘာစမာတီဆန် တစ်တန်ကို ကန်ဒေါ်လာ ၁၂၀၀ အောက်ဖြင့် ရောင်းချနေသည့် မည်သည့် ဘာစမာတီဆန်ကိုမဆို တင်ပို့မှုအား ယာယီရပ်ဆိုင်းလိုက်ကြောင်း‌ တနင်္ဂနွေနေ့(ဩဂုတ်၂၇)တွင် ကြေညာသည်။

 

အဆိုပါ စျေးနှုန်းသတ်မှတ်ချက် တစ်တန်ကို ကန်ဒေါ်လာ ၁၂၀၀နှင့်အထက် ဈေးနှုန်းဖြင့် ချုပ်ဆိုထားသော စာချုပ်များကို တင်ပို့မှုများ ဆက်လက် ခွင့်ပြုထားမည် ဖြစ်သည်။

 

အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၀၂၃ ခုနှစ်တွ င်ဘာစမာတီဆန်ကို ကန်ဒေါ်လာ ၄.၇၉ ဘီလီယံကျောဖိုး တင်ပို့ခဲ့ပြီး အများစုမှာ အရှေ့အလယ်ပိုင်းနှင့် အမေရိကန်သို့ တင်ပို့ခဲ့သည်။

ယခုအခါ အိန္ဒိယသည် 

• ဆန်ကွဲ တင်ပို့မှု၊ 

• ဘာစမာတီ မဟုတ်သော ဆန်ဖြူ တင်ပို့မှု၊ 

• တစ်တန်ကို ကန်ဒေါ်လာ ၁၂၀၀ အောက် ဈေးနှုန်းဖြင့် ဘာစမာတီဆန် တင်ပို့မှုတို့ကို ပိတ်ပင်ထားပါသည်။

ဘာစမာတီ ပြည်ပတင်ပို့မှုဆိုင်ရာ စည်းမျဥ်းသစ်သည် ဘာစမာတီ မဟုတ်သော ဆန်များကို ရနံ့‌ေမွှး ဘာစမာတီဆန်မျိုးစိတ်များဟု စာရင်းပြ ကြေညာပြီး တင်ပို့နေကြခြင်းများ ရှိနေသည့်အတွက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုအခြင်းအရာကို Food Industry Guide တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။

 


ယခင်တင်ပြချက်

ဘာစမာတီဆန်အတွက် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်း အိန္ဒိယအစိုးရ သတ်မှတ်ဖွယ်ရှိ

https://www.foodindustrydirectory.com.mm/food-industry/cuisine/india/item/6747


တစ်တန်လျှင် ကန်ဒေါ်လာ ၁၂၀၀ အောက် ဈေးနှုန်းဖြင့် စာချုပ်ထားသော ဘာစမာတီဆန် တင်ပို့မှုများကို စိုက်ပျိုးရေးနှင့် ပြုပြင်ပြီး စားသောက်ကုန် ထုတ်ကုန်များ ပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ Agriculture and Processed Food Products Export Development Authority (APEDA) က ကော်မတီတရပ် ဖွဲ့စည်း စစ်ဆေးစိစစ်ပြီး ဘာစမာတီဆန် ဟုတ်မှန်ပါက ခွင့်ပြုပေးမည် ဖြစ်သည်။

 

Source Hindustan Times 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 27 August 2023 16:07
Rate this item
(0 votes)