India



အိန္ဒိယအစိုးရ ကြက်သွန်နီ တန်ချိန် ၃ သိန်း အရန်သိုလှောင် ကြာကြာအထားခံရန် ဓာတ်ကင်

အိန္ဒိယအစိုးရ  ကြက်သွန်နီ တန်ချိန် ၃ သိန်း အရန်သိုလှောင် ကြာကြာအထားခံရန် ဓာတ်ကင်

TO GET INSTANT UPDATE 

https://t.me/Guid4U

အိန္ဒိယအစိုးရက ယခုနှစ်တွင် အရန်သိုလှောင်မှုအဖြစ်  ကြက်သွန်နီကို ယမန်နှစ်ကထက်  ၂၀ ရာခိုင်နှုန်း ပိုမိုဝယ်ယူခဲ့ရာ တန်ချိန် ၃ သိန်းအထိ ဝယ်ယူခဲ့သည်။

သိုလှောင်မှု ကြာကြာအထားခံရန် ရန် Bhabha Atomic Research Center (BARC) အကူအညီဖြင့် ကြက်သွန်နီများကို ဓါတ်ရောင်ခြည်ဖြင့် စမ်းသပ်ဓာတ်ကင်ခဲ့သည်ဟု စားသုံးသူရေးရာ အမြဲတမ်း အတွင်းဝန် Rohit Kumar Singh က ပြောကြားသည်။ 

 

ပြီးခဲ့သည့်၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အစိုးရသည်  အရန်သိုလှောင်မှုအဖြစ် ကြက်သွန်နီတန်ချိန် ၂ ဒသမ ၅၁ သိန်း ဝယ်လှောင်ထားခဲ့သည်။

 

အရန်သိုလှောင်မှုကို စျေးနှုန်းတည်ငြိမ်ရေးရန်ပုံငွေ Price Stabilisation Fund  (PSF)  ဖြင့်ဝယ်ယူသည်။ 

ကြက်သွန်အထွက်နည်းသည့် ရာသီတွင် ကြက်သွန်နီ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာပါက ထုတ်ရောင်းပြီး ဈေးထိန်းပေးသည်။ 

 

“ပွဲတော်ရာသီမှာ ဖြစ်ပေါ်လာမယ့် ဝယ်လိုအား မြင့်တက်တဲ့ အခြေအနေတွေကို ဖြည့်ဆည်းနိုင်ဖို့ ဒီနှစ်မှာ အစိုးရက တန်ချိန် ၃ သိန်းအထိ တောင့်တောင့်တင်းတင်း သိုလှောင်ပေးထားပါတယ်။  ကြက်သွန်နီ  ပြဿနာ မရှိစေရဘူး” ဟု Singh က ပြောကြားသည်။

 

နောက်လာမည့် ကြက်သွန်နီ အသစ်ပေါ်ချိန်မှာ အောက်တိုဘာလတွင် စတင်သည်။ 

 

“ပုံမှန်အားဖြင့်တော့ လက်လီဈေးကွက်မှာ ကြက်သွန်နီဈေးက ကြက်သွန်နီ အသစ်တွေ

စျေးကွက်ထဲ မဝင်မချင်း ရက်ပေါင်း ၂၀ လောက်အထိ ဈေးတက်လေ့ ရှိပါတယ်။  ဒါပေမဲ့ အဲဒီလို ဈေးတက်တာမျိုး ဒီနှစ်မှာ ရှိတော့မှာ မဟုတ်ဘူး" ဟု ၎င်းက ပြောကြားသည်။ 

 

စားသုံးသူရေးရာဝန်ကြီးဌာနသည် အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် Bhabha အဏုမြူသုတေသနဌာနတို့နှင့်အတူ ကြက်သွန်နီများ သိုလှောင်ရန် ဓာတ်ကင်သည့် နည်းပညာကို ကြိုးပမ်းလျက်ရှိသည်။

 

"စမ်းသပ်ကြည့်တဲ့အနေဖြင့်  Maharashtra ရှိ Lasalgaon မှာ Cobalt-60 မှ ဂမ်မာရောင်ခြည်ဖြင့် တန်ချိန် ၁၅၀ ရှိတဲ့ ကြက်သွန်နီတွေကို ဓာတ်ကင်ပေးပါတယ်။

ရောင်ခြည်ကို စမ်းသပ်နေပါတယ်။  ကြက်သွန်နီတွေ ပိုကြာကြာ အထားခံမှာ ဖြစ်ပါတယ်" ဟု  Singh က ပြောကြားသည်။

 

၂၀၂၂- ၂၃ ဘဏ္ဍာနှစ်တွင် အစိုးရသည် တန်ချိန် ၂.၅၁ တန် ဝယ်ယူခဲ့သည်။ ၂၀၂၂ စက်တင်ဘာလနှင့် ၂၀၂၃ ဇန်နဝါရီလတို့တွင် ဈေးကွက်ထဲသို့ ထုတ်ရောင်းပေးခဲ့သည်။ 

 

ကြက်သွန်နီ ပထမရာသီတွင် ဧပြီ-ဇွန်တွင် ကြက်သွန်နီ အသစ် ပေါ်သည်။ အိန္ဒိယနိုင်ငံ စားသုံးမှု စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းကို ဖြည့်တင်းပေးသည်။ 

ဒုတိယရာသီတွင် အောက်တိုဘာ-နိုဝင်ဘာတွင် ကြက်သွန်နီ အသစ်ပေါ်သည်။ 

 

အစိုးရမှ ထုတ်ပြန်သော အချက်အလက်အရ ဇူလိုင်လ ၁၅ ရက်တွင် ကြက်သွန်နီ တကီလိုဂရမ်လျှင် ရူပီး ၂၆.၇၉ ပျမ်းမျှပေါက်ဈေးရှိသည်။  အမြင့်ဆုံးဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင်  ၆၅ ရူပီး ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၁၀ ရူပီး ဖြစ်သည်။ 

 

Source tribuneindia

 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Saturday, 22 July 2023 21:34
Rate this item
(0 votes)