India
အိန္ဒိယဝယ်လိုအားမြင့်၍ မတ်ပဲနှင့် ပဲစင်းငုံ ဈေးကောင်းရ
အိန္ဒိယဝယ်လိုအားမြင့်၍ မတ်ပဲနှင့် ပဲစင်းငုံ ဈေးကောင်းရ
အိန္ဒိယဝယ်လိုအားကောင်းပြီး ဒေါ်လာငွေလဲလှယ်မှုနှုန်း မြင့်မားနေခြင်းကြောင့် ပို့ကုန်ပဲနှစ်မျိုးဖြစ်သော မတ်ပဲနှင့် ပဲစင်းငုံ
အဝယ်လိုက်နေပြီး ဈေးကောင်းရရှိကာ ပြည်တွင်းပဲ၊ နှမ်း ဈေးကွက်အေးနေကြာင်း သိရသည်။
ပို့ကုန် မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ်နှစ်သိန်းဝန်းကျင် ပေါက်ဈေးရှိနေပြီး ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၂၀၅,၀၀၀ ပေါက်ဈေးရှိကာ
လက်ကျန်ပစ္စည်း နည်းလာခြင်းကြောင့် ဈေးဆက်လက် မြင့်တက်နိုင်ခြေရှိနေသည်။
တရုတ်ပို့ကုန် ပဲတီစိမ်းနှင့် မြေပဲဆန်များ ဈေးကျဆင်းကာ အဝယ်ရပ်လုနီးပါးဖြစ်နေပြီး ကုလားပဲသည် ဈေးမကျဘဲ အဝယ်အေးနေသည်။
Source: MDN
Myanmar Food Industry Guide