India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယ ပဲထွက်နှုန်းကျ

အိန္ဒိယ ပဲထွက်နှုန်းကျ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

အိန္ဒိယတွင် လက်ရှိ ပဲအထွက်နည်းနေသဖြင့်  စိတ်ပျက်စရာဖြစ်ပြီး ပဲနီ လိုအပ်ချက် များနေသည်ဟု လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

.

အစိုးရသည် နွေပဲ တန်ချိန် ၈ ဒသမ ၄ သန်း ထွက်မည်ဟု ခန့်မှန်းထားသည်။ မူလလျာထားချက်  တန်ချိန် ၁၀ ဒသမ ၅ သန်းထက် အတော်များများ လျော့နည်းနေသည်။

.

ပဲစင်းငုံသည် အဓိက စိုက်ပျိုးသည့် ပဲမျိုးဖြစ်သည်။ အစိုးရက ထုတ်လုပ်မှု တန်ချိန် ၃ ဒသမ ၈၉ သန်း မျှော်မှန်းထားပြီး တန်ချိန် ၄ ဒသမ ၅၅ သန်း မူလလျာထားချက်ထက် လျော့နည်းနေသည်။ 

ထိုသို့ ပဲအထွက်နည်းနေသဖြင့် ပြည်ပမှ တင်သွင်းပြီး ဖြည့်တင်းရန် အစိုးရက ပဲစဉ်းငုံ၊ မတ်ပဲ နှင့် ပဲနီများ တင်သွင်းခွန်အားလုံးကို ၂၀၂၃ ခုနှစ် မတ်လအထိ လျှော့ချခဲ့သည်။

.

မြန်မာနိုင်ငံနှင့် မိုဇမ်ဘစ်နိုင်ငံတို့နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားပြီး ပဲစင်းငုံနှင့် မတ်ပဲ တန်ချိန် ၇၀၀,၀၀၀ မှ ၉၀၀,၀၀၀ အထိ  တင်သွင်းရန် သဘောတူညီထားကြောင်း သိရသည်။

.

အိန္ဒိယသည် ၂၀၂၂-၂၃ တွင် ကနေဒါနှင့် ဩစတေးလျတို့မှ ပဲနီ  တန်ချိန် ၆၀၀,၀၀၀ မှ ၈၀၀,၀၀၀ တင်သွင်းရလိမ့်မည်ဟု ပဲကုန်သည်တို့က ခန့်မှန်းထားသည်။ သို့ရာတွင် ဩစတေးလျမှာ ယခုနှစ် ပဲနီ  အထွက်နည်းနေသဖြင့် ကနေဒါမှ အများဆုံး တင်သွင်းရလိမ့်မည်ဟု ဆိုသည်။ 

Source producer 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Saturday, 19 November 2022 20:10
Rate this item
(0 votes)