India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယအစိုးရက တန်ချိန်တစ်သိန်း ဝယ်ယူမည့် အစီအစဉ်အတွက် တင်သွင်းသည့် ပဲစဉ်းငုံများအတွက် ပုံသေဈေးနှုန်းများ သတ်မှတ်ပြဋ္ဌာန်း

အိန္ဒိယအစိုးရက တန်ချိန်တစ်သိန်း ဝယ်ယူမည့် အစီအစဉ်အတွက် တင်သွင်းသည့် ပဲစဉ်းငုံများအတွက် ပုံသေဈေးနှုန်းများ သတ်မှတ်ပြဋ္ဌာန်း

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 


 

အိန္ဒိယအစိုးရသည် ပဲစဉ်းငုံ တန်ချိန် တစ်သိန်းနှင့် မတ်ပဲ တန်ချိန် ငါးသောင်း ဝယ်ယူပြီး ပြည်တွင်း စားသုံးမှု ဖူလုံရေးအတွက် သိုလှောင်ထားမည့် အစီအစဉ်အတွက် အိန္ဒိယသို့  တင်သွင်းလာသော ပဲစဉ်းငုံများအတွက် ပုံသေဈေးနှုန်းများကို အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်သတ်မှတ်လိုက်ပြီဖြစ်ပါသည်။

 

အိန္ဒိယအစိုးရ၏ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်ပမှ တင်သွင်းလာသော ပဲစဉ်းငုံများ အားလုံးအတွက် ပုံသေအခြေခံစျေးနှုန်းကို သတ်မှတ်လိုက်ပြီး၊ ၎င်းမှာ ၂၀၂၂ ခုနှစ်၊ အောက်တို ဘာလ ၁၈ ရက်မှ စတင်အသက်ဝင်ပြီ ဖြစ်ပါသည်။ 

 

အာဖရိကပင်ရင်းဖြစ်သော ပဲစဉ်းငုံများ အတွက် အခြေခံစျေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၂၆.၂၀ ဒေါ်လာဖြစ်ကာ မာလာ ဝီ၊ မိုဇမ်ဘစ်နှင့် တန်ဇန်းနီးယားနိုင်ငံတို့အပေါ် ကျင့်သုံးမည်ဖြစ်ပါသည်။ 

 

အာဖရိက ပြင်ပနိုင်ငံ များဖြစ်သည့် မြန်မာနိုင်ငံကဲ့သို့နိုင်ငံများ၌ တင်သွင်းလာသည့်အပေါ် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၉၆၅.၇၀ ဒေါ်လာ သတ်မှတ်ထားကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ Tridge

Read times Last modified on Friday, 28 October 2022 14:46
Rate this item
(0 votes)