India



အာရှဆန်ဈေးကွက် တပတ်တာ ဈေးအတက်အကျများ

အာရှဆန်ဈေးကွက် တပတ်တာ ဈေးအတက်အကျများ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

၂၀၂၄ ဇန် ၁၈

 

• အိန္ဒိယပေါင်းဆန် ပြည်ပတင်ပို့သည့် ဈေးနှုန်းများ ယခုသီတင်းပတ်တွင် ဈေးခုန်တက်ခဲ့သည်။

ပြီးခဲ့သည့် ၄ လတာအတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိသည်။

 

• ထိုင်းဆန် ပြည်တွင်းဈေးကွက်ထဲ ဆန်အဝင်နည်းနေပြီး ပြည်ပဝယ်လိုအား အားကောင်းနေသဖြင့် ဈေးခိုင်နေသည်။

 

၅% ဆန်ကွဲပါ အန္ဒိယပေါင်းဆန် ခေါ်ဈေးသည် တတန်လျှင် ယခင်သီတင်းပတ်တွင် $510 ~ $517 ရှိခဲ့ပြီး ယခု သီတင်းပတ်တွင် $525 ~ $535 သို့ ခုန်တက်သည်။ ၂၀၂၃ စက်တင်ဘာလ နောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပါသည်။ 

 

ပြည်ပ ဝယ်လိုအား လျော့နည်းနေသော်လည်း ပြည်တွင်းမှာ ဆန်မရသဖြင့် ကုန်သည်များက ဈေးတင်ထားကြသည်။ အိန္ဒိယအစိုးရက အရန်ဆန် သိုလှောင်ရန် စပါးများ ဝယ်သိမ်းနေသဖြင့် ဈေးကွက်ထဲ ဆန်အဝင်နည်းနေသည်။

 

၅% ဆန်ကွဲပါ ထိုင်းဆန် ခေါ်ဈေး တတန်လျှင် ယခင် သီတင်းပတ်တွင် $648-$650 ရှိခဲ့ပြီး ယခု သီတင်းပတ်တွင် ကြာသပတေးနေ့ (ဇန်နဝါရီ ၁၈) က $665 သို့ ခုန်တက်သည်။

 

အင်ဒိုနီးရှားနှင့် အာဖရိကမှ နိုင်ငံအချို့တို့ထံမှ အဝယ်လိုက်နေသဖြင့် ထိုင်းဆန် ဈေးမြင့်တက်သည်။

ထိုင်းဆန်ဈေးကွက်ထဲ ဆန်သစ်များ နောက်လ ဖေဖော်ဝါရီကျမှ စတင်စီးဝင်လာမည် ဖြစ်ပြီး ယခုလောလောဆယ် ဆန်အဝင်နည်းနေခြင်းကြောင့်လည်း ထိုင်းဆန် ဈေးတက်သည်။ 

 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ဈေးတည်ငြိမ်နေသည်။ ယခင်အပတ် ခေါ်ဈေး အတိုင်း ယခင်အပတ်တွင် မပြောင်းမလဲဘဲ တတန်လျှင် $653 မှာ  ဆက်ရှိနေသည်။ 

ဗီယက်နမ်ဆန် ဈေးတည်ငြိမ်နေပြီး အတက်အကျ မရှိသည်မှာ ၃ ပတ် ရှိပြီ ဖြစ်သည်။

 

ဝယ်လက်များသည် ဆောင်းနွေဦး စပါးအသစ်ပေါ်ချိန် ဈေးကျရိပ်ရှိဘာမည့် အချိန်ကို စောင့်နေကြသဖြင့် အဝယ်အေးနေသည်။ 

၂၀၂၄ တွင်လည်း ၂၀၂၃ နည်းတူ ဆန်တန်ချိန် ၈ သန်း တင်ပို့နိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။

 

ဘင်္ဂလားဒေ့ရှ်တွင် ဆန်ဈေး တက်သည်။ စပါးအထွက်ကောင်းသည်။ ဆန်လက်ကျန်များလည်း ရှိသည်။ အရန်ဆန်လည်း ရှိသည်။ သို့ပါလျက် ဆန်ဈေး တက်သည်မှာ ဆန်လှောင်ပြီး ဈေးဆွဲတင်ခြင်းကြောင့်ဟု အစိုးရက အပြစ်တင်သည်။

 

မသမာသော စီးပွားရေးလုပ်ငန်းများက အမြတ်အစွန်း များများရရန် ဆန်လှောင်ထားကြသည်ဟု အစိုးရက ပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏စားနပ်ရိက္ခာဝန်ကြီး Sadhan Chandra Majumder က ဆန်စက်များနှင့် ကုန်သည်များအား စျေးနှုန်းများ ကျဆင်းအောင် ဆောင်ရွက်ရန် သတိပေးထားသည်။ ဆန်ဈေး မကျပါက ဆန်သိုလှောင်မှုများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source Reuters 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Friday, 19 January 2024 13:22
Rate this item
(0 votes)