India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
ht tps://t.me/Guid4U

  ၂၆ မေ ၂၀၂၃

 

ဗီယက်နမ်နိုင်ငံမှ တင်ပို့သည့် ဆန်ဈေးသည် ယခုသီတင်းပတ်တွင် ဧပြီလနှောင်းပိုင်းမှစပြီး အမြင့်ဆုံးသို့ တက်သွားခဲ့သည်။

ပြည်တွင်းဈေးကွက်ထဲ ဆန် အဝင်နည်းနေသဖြင့် ဈေးအမြင့်သို့ မြင့်တက်စေသည်။ 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ယခင်အပတ်က တစ်တန်လျှင် ခေါ်ဈေး $485-$495 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $490-$495 ဖြစ်လာသည်။

အင်ဒိုနီးရှား ဝယ်လက်နှင့် ချုပ်ဆိုထားသော စာချုပ်များအတွက် ဆန်များ ဆက်လက်တင်ပို့နေသည်။ 

မေလတွင် ဗီယက်နမ်ဆန် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အာဖရိကသို့ တင်ပို့ခဲ့သည်။

.

၅% ဆန်ကွဲပါ ထိုင်းဆန် တစ်တန်လျှင် ခေါ်ဈေး  ယခင်အပတ်က $500 ရှိခဲ့ပြီး ယခုအပတ်တွင် $495-$500 ရှိသည်။

ဇန်နဝါရီလနောက်ပိုင်း ဈေးအမြင့်ဆုံး ဖြစ်သည်။

ပြည်ပဝယ်လိုအား လျော့ကျနေသည်။ ဆန်သစ် ပေါ်ချိန်ကို စောင့်နေကြသည်ဟု ဘန်ကောက်မှ ကုန်သည်တစ်ဦးက ပြောကြားသည်။

.

 ကမ္ဘာ့အများဆုံး တင်ပို့သည့် အိန္ဒိယသည် ဆန်ကွဲတင်ပို့မှုကို ဆက်လက်ထိန်းချုပ်ထားသည်။ နိုင်ငံခြားကုန်သွယ်မှု ညွှန်ကြားမှုဦးစီးဌာနက နှစ်နိုင်ငံ ချစ်ကြည်ရေးအနေဖြင့်သာ အခြားနိုင်ငံများသို့ ဆန်ကွဲတင်ပို့မည်ဟု ဆိုသည်။

 ၅% ဆန်ကွဲပါ အိန္ဒိယ ပေါင်းဆန် တစ်တန်လျှင် ခေါ်ဈေး ယခင်အပတ်က $374-$378 ရှိခဲ့ပြီး ယခုအပတ်တွင် အတက်အကျ မရှိပါ။ ဈေးငြိမ်နေသည်။ ရူပီဈေးကျသော်လည်း ဈေးမကျသဖြင့်  ဆန်တင်ပို့သူများ အမြတ်ပိုရရှိကြသည်။

 ပြည်ပဝယ်လက်များ အချိန်ရွှေ့ဆိုင်းထားကြသဖြင့် အဝယ်အေးနေသည်။

.

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရက ဆန်သစ်ပေါ်ချိန် ဆန်ဝယ်နေသည်။ မေ ၇ မှ ဩဂုတ် ၃၁ အတွင်း ဆန်တန်ချိန် ၁.၂ သန်း ဝယ်ယူရန် အစိုးရက ရည်မှန်းထားသည်။ အရံဆန် အလုံအလောက် သိုလှောင်ထားပြီး ပြည်တွင်းဆန်ဈေးကို ထိန်းပေးမည် ဖြစ်သည်။

Source brecorder

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 26 May 2023 18:18
Rate this item
(0 votes)