India

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန် တစ်ပတ်တာ ဈေးနှုန်း အခြေအနေ

ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန် တစ်ပတ်တာ ဈေးနှုန်း အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ဗီယက်နမ်နိုင်ငံမှ တင်ပို့သည့် ဆန်ဈေးနှုန်းများသည် ခိုင်မာသော ဝယ်လိုအားကြောင့် ၃ ပတ်ဆက်တိုက် ဈေးမြင့်တက်ခဲ့ရာ ၁၆ လတာအတွင်း အမြင်ဆုံးဈေးသို့ ရောက်ရှိနေသည်။

 

 ၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစား ယခင်အပတ် ဈေးနှုန်း တစ်တန် $440-$445 ဖြစ်ခဲ့ပြီး ယခုသီတင်းပတ် $445-$450 သို့ မြင့်တက်သည်။၂၀၂၁ ဇူလိုင်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည်။

ဈေးတက်သော်လည်း ဗီယက်နမ်ဆန် ဝယ်လိုအား ကောင်းနေဆဲ ဖြစ်သည်။

သို့သော် တရုတ်ဝယ်လက်အချို့သည် ဈေးအမြင့်ကို လက်ရှောင်လိုက်ကြပြ္း ဈေးပိုသက်သာသည့် ပါကစ္စတန်ဆန်နှင့် အိန္ဒိယဆန် တို့ကို ဝယ်ယူကြကြောင်း ဟိုချီမင်းစီးတီမှ ဆန်ကုန်သည်များက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

 

နိုဝင်ဘာလ ဆန်တင်ပို့သည့် ပမာဏသည် အောက်တိုဘာလထက် ၂၁.၄%  လျော့နည်းခဲ့သည်။

 

၅% ဆန်ကွဲပါ ထိုင်းဆန်  <RI-THBKN5-P1> အမျိုးအစား ဈေးတက်နေသည်မှာ ၆ ပတ်ဆက်တိုက်ရှိပြီဖြစ်သည်။

ယခက်အပတ် တစ်တန် $427–$440 ဖြစ်ခဲ့ပြီး ယခုအပတ် $444 သို့ မြင့်တက်သည်။

ဝယ်လိုအား များသဖြင့် ဈေးမြင့်တက်ခြင်း မဟုတ်ဘဲ ဘတ် - ကန်ဒေါ်လာ လဲနှုန်းတွင် ဘတ်ငွေ တန်ဖိုးတက်လာသဖြင့် ဆန်ဈေးနှုန်းကို ကန်ဒေါ်လာဖြင့် သတ်မှတ်သည့်အခါ ဈေးမြင့်တက်သွားသည်။

 

၅% ဆန်ကွဲပါ အိန္ဒိယ‌ပေါင်းဆန် <RI-INBKN5-P1> အမျိုးအစား ခေါ်ဈေး ယခင်သီတင်းပတ်တွင် $375-$380 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $373- $378 သို့ ကျဆင်းသည်။

ဈေးကျသော်လည်း ဝယ်လိုအား အလွန်နည်းနေသည်။ နှစ်သစ်ကူး အားလပ်ရက်မှာ ‌ဆန်သင်္ဘော ဆိုက်ရောက်မည်ကို ရှောင်လွှဲရန် အဝယ်များ ဆိုင်းငံ့ထားကြသည်။ 

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Friday, 09 December 2022 22:56
Rate this item
(0 votes)