India

×

Warning

JUser: :_load: Unable to load user with ID: 540


စားလို့အရမ်းကောင်းတဲ့ မလေးရှားခေါက်ဆွဲကြော်

ခေါက်ဆွဲကြော်ကို ပုံစံအမျိုးမျိုးနဲ့ကြော်ကြပါတယ်။ ယခုတော့ ခေါက်ဆွဲကို  လွယ်လင့်တကူ ပြုလုပ်နိုင်တဲံ မလေးရှားစတိုင်ကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ခေါက်ဆွဲ၊ ပုစွန်၊ ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ငရုတ်သီးလေးစိတ်ကွဲ၊ ပဲပင်ပေါက်၊ ပန်းငရုတ်ပွ၊ ပဲငံပြာရည်၊ ကြက်သားမှုန့်၊ ဂေါ်ဖီ၊ ကြက်ဥ၊ ဆီ တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားနဲ့ ပုစွန်ကို ရေသန့်စင်အောင် ဆေးကြောထားပါ။

 

ကြက်သားကို အတုံးကလေးများတုံးပြီးထားပါ။ ပြီးနောက် ကြက်သားနဲ့ ခေါက်ဆွဲကို ပဲငံပြာရည်၊ ကြက်သားမှုန့်နဲ့ နယ်ထားပေးပါ။

 

ပြီးနောက် ဆီကို ဒယ်အိုးထဲပြီး ဆီပူလာလျှင်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ပါးပါးလှီးထားတာကို ဆီသတ်ပေးပါ။

 

ပြီးလျှင် ကြက်သားကို ထည့်လိုက်ပါ။  ပြီးနောက် လှီးထားတဲ့ ဂေါ်ဖီကို ထည့်မွှေပေးပါ။  ပြီးလျှင် ငရုတ်သီးလေးစိတ်ကွဲထည့်ပြီး မွှေထားပေးပါ။

 

ပြီးတော့မှ ပုစွန်ကို ထည့်လိုက်ပြီး မိနစ်အနည်းငယ်ကြာရင် ခေါက်ဆွဲထည့်၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်ထည့်ပြီး သမအောင် ရောမွှေပေးပါ။

 

Read More >>>>>   ကလေးငယ်များအတွက် ကန်စွန်းဥ ကတ်တလိပ်

 

ပြီးရင်တော့ ပဲပင်ပေါက်နှင့် ကြက်သွန်မြိတ်ထည့်ပြီး ထပ်မွှေပေးပါ။  နောက်ဆုံးမှ ကြက်ဥကြော်ထားတာကို ထည့်ပြီး သမအောင်ရောမွှေပေးပါ။


ပြီးနောက် စားလို့အရမ်းကောင်းတဲ့ မလေးရှားခေါက်ဆွဲကြော်ကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory

Read times Last modified on Thursday, 22 August 2019 12:48
Rate this item
(1 Vote)