India

×

Warning

JUser: :_load: Unable to load user with ID: 540


ထောပတ်ထမင်းချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတလေ

မိသားစုပိတ်ရက်ဆုံတုန်းလေး ထောပတ်ထမင်းကြိုက်သူအိမ်သားများအတွက် ထောပတ်ထမင်းချက်နည်း အကြောင်းပဲဖြစ်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ပေါ်ဆန်းဆန် ၁ ပြည်၊ ဆီ အနည်းငယ်၊ ထောပတ် အနည်းငယ်၊ ဆား အနည်းငယ်၊ သကြားအနည်းငယ်၊ သစ်ကြံပိုး အနည်းငယ်၊ ကရဝေးရွက် အနည်းငယ်၊ လေးညှင်း အနည်းငယ်၊ ဖာလာ အနည်းငယ်၊ နာနတ်ပွင့် အနည်းငယ်၊ ပြောင်းဖူးအနည်းငယ်၊ ပဲစိမ်းသီး အနည်းငယ်၊ ကြက်သွန်နီဥကြီး အနည်းငယ်တို့ လိုအပ်ပါတယ်။

ဆန်ကိုသန့်စင်အောင် ရွေးထားပါ။ ပြီးလျှင် ဆန်ဆေး၊ ရေစစ်ပြီး အသင့်ပြင်ထားပါ။ ကြက်သွန်နီများကို အခွံနွှာ ခပ်ပါးပါးလှီးထားပါ။ ထောပတ်နှင့်ဆီကိုရော၍ ဆီကျက်သည်အထိ တည်ထားပါ။ ထို့နောက် ကြက်သွန်နီ ကရဝေးရွက်၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ ဖာလာနှင့် လေးညှင်းပွင့်တို့ကို ရော၍ ဆီသတ်ထားပါ။ နောက်ဆုံးမှ ပဲစိမ်းသီး၊ မုန်လာဥနီ၊ ပြောင်းဖူးနှင့် စပျစ်သီးခြောက် တို့ကိုထည့်လိုက်ပါ။

ပြီးလျှင် ဆီသတ်ထားသော အိုးထဲသို့ ရေစစ်ပြီးသားဆန်ကိုထည့်လိုက်ပါ။ သကြားနှင့်ဆားကိုပါထည့်လိုက်ပါ။ အားလုံးသမအောင်မွှေပေးပါ။ ၎င်းနောက် ရေထည့်ပြီးတည်ပါ။ ရေထည့်ရန်အတိုင်းအတာကတော့ ထမင်းရေခန်း ချက်နည်းအတိုင်းပဲဖြစ်ပါတယ်။

အိုးကို မီးဖိုပေါ်တင်ထားပြီးနောက် ထမင်းနပ်ခါနီးတွင် တစ်ခါနှစ်ခါမွှေပေးပြီး ရေခန်းလုနီးလျှင် ဆန်အပျော့အမာကို စမ်းကြည့်ပါ။ မာလွန်းနေလျှင် ရေအနည်းငယ်ဖျန်းပေးပါ။ ထို့နောက် အိုးအဖုံးပြန်ပိတ်ပြီး မီးအနည်းငယ်လျှော့ပေးပါ။ အနံ့သင်းလာပြီး ဆီအပေါ်တက်၍ ဝေ့လာပြီဆိုလျှင် မီးဖိုပေါ်တွင် ကြာရှည် မထားပါနှင့် အိုးကိုအောက်သို့ချလိုက်ပါ။ စားခါနီးမှ ခပ်ပူပူနွေးနွေးစားလိုပါက ထပ်မံနွေးလိုက်ပါ။

Read times Last modified on Thursday, 13 September 2018 16:58
Rate this item
(6 votes)