India



အိန္ဒိယ စားအုန်းဆီကြမ်း တင်သွင်းမှု လျှော့ချ

အိန္ဒိယ စားအုန်းဆီကြမ်း တင်သွင်းမှု လျှော့ချ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယဝယ်လက်များသည် လွန်ခဲ့သည့်လအနည်းငယ်အတွင်း စားအုန်းဆီကြမ်း တင်သွင်းမှု လွန်စွာ များပြားခဲ့ပြီးနောက် ပြည်တွင်း စားအုန်ဆီကြမ်း ဈေးနှုန်းများ ပြည်ပပေါက်ဈေးထက် သက်သာနေသဖြင့် ပြည်ပမှ တင်သွင်းမှုများ လျှော့ချလိုက်ပြီး ပြည်တွင်းမှာ ဝယ်ယူကြသည်။ သို့ဖြစ်ရာ လာမည့်  ဒီဇင်ဘာနှင့် ဇန်နဝါရီတို့အတွက် စားအုန်းဆီကြမ်း တင်သွင်းမှု လျော့ကျမည် ဖြစ်သည်။

 

ဟင်းသီးဟင်းရွက်ဆီ ကမ္ဘာ့အများဆုံး တင်သွင်းသည့် အိန္ဒိယမှ ဝယ်ယူမှု နည်းပါးသွားပါက အဓိက ထုတ်လုပ်သူ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် စားအုန်းဆီ လက်ကျန်သိုလှောင်မှု မြင့်မားလာနိုင်ပြီး စားအုန်းဆီကြမ်း ဈေးကျနိုင်သည်။

"ကုန်သည်တွေက မကြာသေးမီလများအတွင်း အများအပြား တင်သွင်းခဲ့တာကြောင့် ဆိပ်ကမ်းများမှာ စုပုံနေတဲ့ လက်ကျန်တွေ ရောင်းထုတ်နိုင်ဖို့ ကြိုးပမ်းနေကြရပါတယ်" ဟု စားသုံးဆီ ကုန်သည်နှင့် ပွဲစားလုပ်ငန်း GGN Research မှ မန်နေဂျာ Rajesh Patel က ပြောကြားသည်။

“လက်ရှိမှာ အသစ်ဝင်လာတဲ့ ဆီတွေက ဈေးမြင့်နေတယ်။ အရင်တုန်းက သွင်းထားတဲ့ ဆီတွေကို ဈေးအနိမ့်နဲ့ ရောင်းချနေကြတယ်" ဟု ၎င်းက ပြောကြားသည်။

ဒီဇင်ဘာလအတွက် ဆိပ်ကမ်းအရောက် စားအုန်းဆီကြမ်းများအတွက် သွင်းကုန်ခွန်များ မပေးဆောင်ခင် ကုန်ကျစရိတ်မှာ တစ်မက်ထရစ်တန်လျှင် ရူပီး ၇၇,၅၀၀ ဖြစ်ပြီး ယခင်သွင်းထားသည့် စားအုန်းဆီကြမ်း ရောင်းဈေးမှာ သွင်းကုန်ခွန်များ ပေးဆောင်ပြီးသား တစ်မက်ထရစ်တန်လျှင် ရူပီး ၇၆,၅၀၀ ဖြစ်သဖြင့် ဆီဟောင်းများက အသစ်ဝင်သည့် ဆီများထက် ဈေးသက်သာနေသည်။

ဇူလိုင်လမှစက်တင်ဘာလအတွင်း တင်သွင်းမှုမြင့်မားခဲ့သဖြင့် အိန္ဒိယနိုင်ငံတွင် ဟင်းသီးဟင်းရွက်ဆီလက်ကျန်သိုလှောင်မှုမှာ နိုဝင်ဘာလ ၁ ရက်တွင် တန်ချိန် ၃ ဒသမ ၃ သန်းအထိ ရှိလာခဲ့သည်။ 

ယမန်နှစ် နိုဝင်ဘာလဆန်းတွင် လက်ကျန်သိုလှောင်မှု ၂.၄၆ သန်းသာ ရှိခဲ့သည်။

လက်ရှိတွင် ပြည်ပဈေးကွက်များတွင် ဈေးမြင့်နေသည်မှာ ကြာကြာတည်တံ့မည် မဟုတ်ဟု ကုန်သည်များက တွက်ဆထားကြသည်။

 

ပြည်တွင်း ထုတ်လုပ်သည့် ပဲပုပ်ဆီနှင့် ဝါစေ့ဆီများ တိုးလာခြင်းကြောင့်လည်း သွင်းကုန် လိုအပ်ချက်ကို လျော့ကျစေသည်။

 

ယမန်နှစ် နိုဝင်ဘာလက စားအုန်းဆီကြမ်း တန်ချိန် ၁.၁ သန်း တင်သွင်းခဲ့ပြီး ယခုနိုဝင်ဘာလတွင် တန်ချိန် ၇၇၀,၀၀ သာ ရှိမည် GGN Research က ပြောကြားသည်။

 

နိုဝင်ဘာလတွင် ပဲပုပ်ဆီ တန်ချိန် ၁၃၀,၀၀၀ နှင့် နေကြာဆီ တန်ချိန် ၁၅၀,၀၀၀ တင်သွင်းမည် ဖြစ်သည်။

 

အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ စားအုန်းဆီများကို အဓိကအားဖြင့် ဝယ်ယူသည်။ ပဲပုပ်ဆီနှင့် နေကြာဆီတို့ကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့မှ ဝယ်ယူပါသည်။

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 24 November 2023 19:08
Rate this item
(0 votes)