India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

10/3/2023

*

ကုန်စည်ပို့ဆောင်ခနှုန်းထားများ မြင့်တက်လာသဖြင့် အိန္ဒိယဆန် ဝယ်လိုအားကို ထိခိုက်နေပါသည်။

 

*

၂၀၂၃ ခုနှစ် ပထမနှစ်လအတွက် ဗီယက်နမ် ဆန်တင်ပို့မှုသည် ယမန်နှစ်  ပထမနှစ်လထက် ၈ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 

*

ဆန်သစ်ပေါ်ချိန် စောင့်နေကြစဉ် ထိုင်းဆန် ဈေးငြိမ်နေပါသည်။

 

*

အိန္ဒိယဆန် အဓိက တင်သွင်းသည့် နိုင်ငံများ ဝယ်လိုအား ကျဆင်းနေတာကြောင့် အိန္ဒိယဆန် ဈေးနှုန်းများ ယခုအပတ်မှာ ဆက်လက် ကျဆင်းခဲ့ပါသည်။

 

*

 မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် နွေစပါးရိတ်သိမ်းမှု အမြင့်မားဆုံးအချိန် ဖြစ်ခြင်းကြောင့် ဗီယက်နမ်တွင် ဆန်သစ်များ ဈေးကွက်ထဲ ပိုများလာနေပါသည်။

 

*

 

၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် <RI-INBKN5-P1> အမျိုးအစား ခေါ်ဈေး တစ်တန် ယခင်သီးတင်ပတ်တွင် $390-$395 ရှိခဲ့ရာမှ ယခုအပတ်တွင် $385-$390 သို့ ကျဆင်းသည်။

ဖေဖော်ဝါရီ ၂၃ သီတင်းပတ်တွင် ၂၀၂၁ မတ်လနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည့် $400 ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

 

အိန္ဒိယသည် ဆန်ကွဲတင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းရန်နှင့် ပြည်ပသို့ ဆန်ဖြူတင်ပို့မှုအပေါ် အခွန် ၂၀% စည်းကြပ်ခြင်းကို ရုပ်သိမ်းရန် အစီအစဉ် မရှိပေ။

ကမ္ဘာ့ဆန်အများဆုံး တင်ပို့သည့် အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆန်ဈေး ထိန်းရန်အတွက် ပြည်ပတင်ပို့မှုကို ထိန်းကျောင်းထားခြင်း ဖြစ်သည်။

 

*

 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစား ခေါ်ဈေး ယခင်အပတ်အတိုင်း ဈေးငြိမ်နေသည်။ တစ်တန် $440-$445 ဖြစ်ပါသည်။

 

အစိုးရအကောက်ခွန်အချက်အလက်များအရ ဖေဖော်ဝါရီလအတွင်း ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၅၃၄,၆၀၇ တင်ပို့ခဲ့သည်။

 

*

၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> အမျိုးအစား ယခင်သီတင်းပတ်ဈေးနှုန်းအတိုင်း ငြိမ်နေပါသည်။ ခေါ်ဈေး တစ်တန် $460 ဖြစ်ပါသည်။

ဆန်သစ်အဝင် ပါးနေဆဲဖြစ်ပြီး ပြည်ပမှ အဝယ်လည်း အေးနေပါသည်။

 

*

 

ဘင်္ဂလားဒေ့ရှ် ပြည်တွင်းဆန်ဈေးက မြင့်နေဆဲ ဖြစ်ပါသည်။

ခဲ့ပါတယ်။

အစိုးရက ပုဂ္ဂလိက ကုန်သည်များကို ဆန်တင်သွင်းခွင့် ပြုထားသည်။

အစိုးရကလည်း ဗီယက်နမ်၊ အိန္ဒိယနှင့် မြန်မာတို့ ထံမှ ဆန်တင်သွင်းလျက် ရှိပါသည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 11 March 2023 07:58
Rate this item
(0 votes)