India



ထူထောင်ခါစ သမဝါယမ လုပ်ငန်းသစ် အိန္ဒိယဆန် တန်ချိန် ၁၅ သိန်းနီးပါး တင်ပို့ခွင့် ရရှိ

ထူထောင်ခါစ သမဝါယမ လုပ်ငန်းသစ် အိန္ဒိယဆန် တန်ချိန် ၁၅ သိန်းနီးပါး တင်ပို့ခွင့် ရရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယနိုင်ငံတွင် သမဝါယမလုပ်ငန်း National Cooperative Exports Ltd (NCEL) ကို  Multi-State Co-operative Societies Act, 2002 အရ ယခုနှစ် ဇန်နဝါရီလတွင် သမဝါယမလုပ်ငန်း မှတ်ပုံတင်ခဲ့ပါသည်။

 

NCEL သည် ယခုအချိန်အထိ ကုန်သည်၊ လယ်သမား စသဖြင့် အလွှာအမျိုးမျိုးမှ  အဖွဲ့ဝင်ရန်အတွက် လျှောက်လွှာပေါင်း ၂,၅၈၁ စောင်ကို ပြည်နယ်အသီးသီးမှာ လက်ခံရရှိထားပါသည်။

အသစ်ဖွဲ့စည်းထားသော သမဝါယမ ပို့ကုန်အဖွဲ့အစည်း NCEL သည် နိုင်ငံပေါင်း ၁၆ နိုင်ငံသို့ ဘာစမာတီမဟုတ်သော ဆန်တန်ချိန် ၁၄,၉၂,၈၀၀ နှင့် သကြားတန်ချိန် ၅၀,၀၀၀ တို့ကို တင်ပို့ရန် ခွင့်ပြုချက်ရရှိထားကြောင်း သမဝါယမဝန်ကြီး Amit Shah က ပြောကြားသည်။

 

NCEL သည် အိန္ဒိယနိုင်ငံအနေဖြင့်  နှိုင်းယှဉ်အားသာချက်ရှိသည့် စိုက်ပျိုးရေးသုံးကုန်ပစ္စည်းများ တင်ပို့မှုမြှင့်တင်ရေးအတွက် ပြီးပြည့်စုံသော ဂေဟစနစ်ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် တောင်သူလယ်သမားများ၏ အကျိုးကျေးဇူး ခံစားနိုင်ရန်အတွက် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 Source business standard


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 10 December 2023 20:30
Rate this item
(0 votes)