India



ဆန်ပို့ကုန်ခွန် အသစ်ကြောင့် အိန္ဒိယတန် တန်ချိန် ၅ သိန်း တင်ပို့မှု ရွှေ့ဆိုင်း

ဆန်ပို့ကုန်ခွန် အသစ်ကြောင့် အိန္ဒိယတန် တန်ချိန် ၅ သိန်း တင်ပို့မှု ရွှေ့ဆိုင်း

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

အိန္ဒိယ၏ ပေါင်းဆန်တင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ရန် အစိုးရက ပြဋ္ဌာန်းလိုက်သည့်အတွက် ဝယ်သူများနှင့် ရောင်းချသူများသည် ၎င်းပို့ကုန်ခွန် မပေးရအောင် ပေါင်းဆန် မက်ထရစ်တန် ၅၀၀၀၀၀ ခန့် တင်ပို့မှုကို  အောက်တိုဘာလလယ် နောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြသည်။ 

 

ဆန် ကမ္ဘာ့အများဆုံး တင်ပို့သည့် အိန္ဒိယထံမှ ဆန်တင်သွင်းနေသည့် နိုင်ငံများတွင် ပေါင်းဆန်လက်ကျန် လျော့နည်းသွားဖွယ် ရှိသည်။

အိန္ဒိယဆန် တင်သွင်းသည့် ဘီနင်၊ ဂါနာ၊ အိုင်ဗိုရီနှင့် လိုက်ဘေးရီးယားတို့တွင် ဆန်ဈေး ခေါင်ခိုက်နေသည်။

 

အိန္ဒိယအစိုးရက ပြည်တွင်း ကုန်ဈေးနှုန်းများ မြင့်တက်စေသည့် ဆန်ဈေးမြင့်တက်ခြင်းကို ထိန်းရန် ပြည်ပသို့ ဆန်တင်ပို့မှု လျော့ကျအောင် ပို့ကုန်ခွန် ၂၀% ကို ပေါင်းဆန်အပေါ် အောက်တိုဘာလ ၁၅ ရက်အထိ စည်းကြပ်မည်ဟု ဩဂုတ်လ ၂၅ ရက်တွင် ကြေညာခဲ့သည်။

 

"ဝယ်သူတွေက တင်ပို့ရမယ့်အချိန်ကို နောက်ဆုတ်လိုက်ကြတယ်။ ဘယ်သူကမှ အခွန်ပေးဆောင်ဖို့ ဆန္ဒမရှိဘူး"ဟု Satyam Balajee ပို့ကုန်လုပ်ငန်းမှ အမှုဆောင် ဒါရိုက်တာ Himanshu Agarwal က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

 

တန်ချိန် ၅၀၀,၀၀၀ ခန့် တင်ပို့မှုကို ရပ်ဆိုင်းထားလိုက်ကြောင်း  ဆန်တင်ပို့သူများအသင်း Rice Exporters Association (REA) ဥက္ကဋ္ဌ B.V.  Krishna Rao က ပြောကြားသည်။

 

အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များသည် ယခင်အပတ်က ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ပေါင်းဆန်ကို မက်ထရစ်တစ်တန်လျှင် ကန်ဒေါ်လာ ၄၅၀ - ၄၅၅ ဖြင့် ကမ်းလှမ်းခဲ့သည်။

ပို့ကုန်ခွန် ၂၀% စတင်စည်းကြပ်ပြီးနောက် ကန်ဒေါ်လာ ၅၂၀ - ၅၄၀ သို့ ဈေးတက်သွားသည်။

 

"ပို့ကုန်ခွန် မပြဋ္ဌာန်းခင်ကတည်းက ဝယ်လက်တွေက ဆန်ဈေး တက်နေလို့ မသက်မသာ ဖြစ်နေကြတယ်။ အာဖရိက နိုင်ငံတွေက လက်ရှိဈေးအမြင့်ကို ဝယ်ဖို့ မတတ်နိုင်ကြဘူး" ဟု Rao က ပြောကြားသည်။

 

photo_2023-08-29_22-13-49.jpg

 

နွေစပါး ပေါ်မည့် အောက်တိုဘာလကျမှ စပါးဈေးနှုန်းများ ဈေးကျမည်ဖြစ်ပြီး ပို့ကုန်ဆန် ဈေးနှုန်းများလည်း ဈေးကျမည်ဟု Rao က ပြောကြားသည်။

 

အိန္ဒိယသည် ၂၀၂၂ ခုနှစ်တွင် ဆန်တန်ချိန် ၂၂ ဒသမ ၂ သန်း စံချိန်တင် တင်ပို့ခဲ့ပြီး ယင်းတွင် ပြုတ်ဆန်တန်ချိန် ၇ ဒသမ ၄ သန်း ပါဝင်သည်။

 

ဆန်တင်ပို့သည့် ထိုင်း၊ ဗီယက်နမ် နှင့် ပါကစ္စတန်နိုင်ငံတို့သည်လည်း လတ်တလော ရက်သတ္တပတ်များအတွင်း ဆန်ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

 

အာရှနှင့် အာဖရိကရှိ ဝင်ငွေနည်း စားသုံးသူများသည် ယခင်က ဆန်ကွဲ ၁၀၀ ရာခိုင်နှုန်းကို ရွေးချယ်ကြသည်။ ဆန်ကွဲတစ်တန်လျှင် ၃၂၅ ဒေါ်လာဖြင့် ရနိုင်သော်လည်း အိန္ဒိယသည် ယမန်နှစ်ကတည်းက ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့သည်။

 

ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကို တင်ပို့သည့် အိန္ဒိယသည် ဆန်တင်ပို့မှု အများဆုံး အမျိုးအစားဖြစ်သည့် ဘာစမာတီမဟုတ်သော ဆန်ဖြူကို ဇူလိုင်လတွင် ပြည်ပတင်ပို့မှု ရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့သည်။ ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်သွားစေခဲ့သည်။

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 
Read times Last modified on Wednesday, 30 August 2023 00:46
Rate this item
(1 Vote)