India



အိန္ဒိယမှာ ပဲစဉ်းငုံ မလုံလောက်သည့် ပြဿနာ ဘာကြောင့် ဆက်ရှိနေရသလဲ

အိန္ဒိယမှာ ပဲစဉ်းငုံ မလုံလောက်သည့် ပြဿနာ ဘာကြောင့် ဆက်ရှိနေရသလဲ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ပဲမျိုးစုံအများဆုံး ထုတ်လုပ်သည့် အိန္ဒိယနိုင်ငံသည် ပဲစင်းငုံ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ပြည်ပတင်သွင်းမှု တိုးစေသည်။

 

ပြည်ပမှ တင်သွင်းမှုတွင် အုပ်စုဖွဲ့ ကြီးစိုးထားခြင်းနှင့် ပြည်တွင်းမှာ လှောင်လက်များက လှောင်ထားခြင်းတို့ကြောင့်  ဈေးနှုန်းမြင့်တက်စေသည်။

 

ပဲစင်းငုံပဲခြမ်းဈေးကွက်တွင် ပျမ်းမျှဈေးသည် ဩဂုတ်လတွင် တစ်ကီလိုဂရမ်လျှင် ၁၀ ရူပီးအထိ မြင့်တက်ခဲ့ပြီး တစ်ကီလိုလျှင် ၁၄၉ ရူပီးအထိ ဖြစ်လာခဲ့သည်။

 

လက်ကားရောင်းချသူများနှင့် လက်လီအရောင်းဆိုင်ကြီးများမှ သိုလှောင်ထားသော ပဲစင်းငုံ ပဲခြမ်း အများဆုံးပမာဏ ကန့်သတ်ချက်ကို အစိုးရက လျှော့ချသည်။

 

စားသုံးသူရေးရာဦးစီးဌာနသည် သိုလှောင်သည့် ရေချိန်များကို စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

 

အစိုးရက ပြည်တွင်းမှာ ပဲစဉ်းငုံ ပဲခြမ်း ရရှိနိုင်မှု မြှင့်တင်ရန်နှင့် ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန်  ဆောင်ရွက်လျက်ရှိသည်။

tur dal ဟုလည်းကောင်း၊ arhar ဟုလည်းကောင်း ဒေသိယစကားဖြင့် ခေါ်ဝေါ်သည့် ပဲစဉ်းငုံ ပဲခြမ်းများကို အိန္ဒိယက အ‌မြောက်အမြား တင်သွင်းသည်။ မြန်မာ၊ အာဖရိကနိုင်ငံများ ဖြစ်သည့် မိုဇမ်ဘစ်နှင့် မာလာဝီတို့ထံမှ တင်သွင်းသည်။

 

ကမ္ဘာပေါ်တွင် အမေရိကန်နှင့် ကနေဒါပြီးလျှင် အိန္ဒိယသည် ပဲစဉ်းငုံ တတိယအများဆုံး တင်သွင်းသည့် နိုင်ငံ ဖြစ်သည်။ ထိုသို့ တင်သွင်းသော်လည်း ပဲစဉ်းငုံ ဈေးတက်သည့် ပြဿနာ ဆက်ရှိနေဆဲ ဖြစ်သည်။

 

ပြည်တွင်း ထွက်ရှိမှု မများပြားခြင်း၊ စတင်စိုက်ပျိုးချိန် နောက်ကျခြင်း၊ တင်သွင်းသည့်နှုန်း နှေးခြင်း စသည့်အချက်များသည် ဈေးတက်စေသည့် အကြောင်းတရားများ ဖြစ်သည်။ 

 

ပဲစဉ်းငုံ ပဲခြမ်းကို ဈေးတက်စေရန် လှောင်ထားကြခြင်းကို ကာကွယ်ရန် ဗဟိုအစိုးရက ပဲသိုလှောင်ခွင့် ရှိသည့် အများဆုံးပမာဏများကို လျှော့ချသတ်မှတ်ပြီး ပြဋ္ဌာန်းထားသည်။

စက်တင်ဘာလ ၂၅ ရက်တွင် လက်ကားရောင်းချသူများနှင့် လက်လီအရောင်းဆိုင်ကြီးများ ပဲစဉ်းငုံနှင့် မတ်ပဲ သိုလှောင်ခွင့်ရှိသည့် အများဆုံး ပမာဏကို တန် ၂၀၀ ခွင့်ပြုထားသည်ကို တန် ၅၀ အထိသာ သိုလှောင်ကြရမည်ဟု လျှော့ချပြဋ္ဌာန်းခဲ့သည်။

လက်လီအရောင်းဆိုင်များသည် ၅ တန်အထိသာ ခွင့်ပြုထားသည်ကို ဆက်လက်ပြဋ္ဌာန်းသည်။

၎င်းပြဋ္ဌာန်းချက်သည် လတ်တလော နှစ်များတွင် အနည်းဆုံးဖြစ်ပြီး ပြဋ္ဌာန်းချက် သက်တမ်းမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ဖြစ်သည်။

အိန္ဒိယစားသုံးသူရေးရာ ဝန်ကြီးဌာန အတွင်းရေးမှူး Rohit Kumar Singh က ယခုနှစ် ဇွန်လတွင်ပြည်တွင်း ရရှိနိုင်မှုနှင့် စျေးနှုန်းမြင့်တက်ခြင်းကို ထိန်းကျောင်းနိုင်မှု မြှင့်တင်ရန် ယမန်နှစ် ကထက် ၃၅ ရာခိုင်နှုန်း တိုးမြှင့် တင်သွင်းမည်ဟု ကြေညာသည်။ သို့ဖြစ်ရာ ပဲစင်းငုံတန်ချိန် ၁၂ သိန်း တင်သွင်းမည် ဖြစ်သည်။

 

မိုဇမ်ဘစ်ရှိ အိန္ဒိယသံရုံးက အဆိုပါနိုင်ငံရှိ ပဲစင်းငုံတင်ပို့ရောင်းချသူများ အားလုံးကို 'အလွတ် အမျိုးအစား' အောက်တွင် အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်ကြောင်း ဩဂုတ်လတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဆိုလိုသည်မှာ ပမာဏ ကန့်သတ်ချက် ခွဲတမ်းမရှိ တင်ပို့နိုင်မည် ဖြစ်သည်။ ထို့ပြင် ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ သွင်းကုန်ခွန် ကင်းလွတ်ခွင့် ပေးသည်။

 

အိန္ဒိယသည် ယခင်က မိုဇမ်ဘစ်နှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး အိန္ဒိယသို့ နှစ်စဉ် ပဲစင်းငုံတန်ချိန် ၂ သိန်း တင်ပုိ့ရန် ခွင့်ပြုထားသည်။

 

ယခုအခါ ဗဟိုအစိုးရသည် မိုဇမ်ဘစ်မှ ပဲစင်းငုံ တင်သွင်းမှုအတွက် မူရင်းနိုင်ငံလက်မှတ် လိုအပ်ချက်နှင့် သွင်းကုန်ခွန်ကို ဖယ်ရှား‌ေပးထားသည်။

 

မတ်လတွင် အစိုးရသည် တင်သွင်းသူများ၊ ဆန်စက်များ၊ ကုန်စည်ဒိုင်များနှင့် ကုန်သည်များမှ ချုပ်ကိုင်ထားသော ပဲစင်းငုံစာရင်းကို ကြီးကြပ်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ လှောင်လက်များနှင့် ဈေးကစားပြီး ဈေးတင်ခြင်းတို့ကို တားဆီးရန် ရည်ရွယ်သည်။

အတွင်းရေးမှူး Rohit Kumar Singh က ပြည်တွင်းလက်လီရောင်းချသူများသည် ပဲမျိုးစုံ အထူးသဖြင့် ပဲစင်းငုံအပေါ်  မဆီလျော်သည့် ပမာဏဖြင့် အမြတ်များ တိုးမြှင့်ပြီး မယူရန် ညွှန်ကြားခဲ့သည်။

 

အိန္ဒိယသည် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် စျေးကွက်နှစ် ၂၀၂၃-၂၄ တွင် ပဲစင်းငုံတန်ချိန် တစ်သန်းခန့် တင်သွင်းရန် မျှော်မှန်းထားသည်။

 ပိုးမွှားရောဂါကြောင့် ပြည်တွင်းထုတ်လုပ်မှု ကျဆင်းလာမည်ဟု မျှော်မှန်းထားခြင်း‌ေကြာင့် ပြည်ပမှ တင်သွင်းမှု တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပိုးအပြင် မိုးမမှန်ခြင်းကြောင့်လည်း အထွက်နည်းမည်ဟု ခန့်မှန်းထားသည်။

ယခင်နှစ်က ပဲစဉ်းငုံ တန်ချိန် ၄.၂ သန်း ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် တန်ချိန် ၃.၄ သန်း ထွက်မည်ဟု ခန့်မှန်းထားသည်။

စိုက်ပျိုးဧရိယာသည် ယမန်နှစ်က ဟက်တာ ၁၂၈.၄၉ သိန်း ရှိခဲ့ပြီး ယခုနှစ်တွင် ဟက်တာ ၁၂၂.၅၇ သိန်း ရှိသဖြင့် ယမန်နှစ်ထက် လျော့နည်းသည်။

 

အိန္ဒိယ ပဲအမျိုးမျိုး ဈေးကွက်တွင် ပဲစဉ်းငုံသည် ဈေးအတက်အကျ ကြမ်းသည်။ ပဲဈေးကွက်ထဲ ဂယက်ထစေပြီး အခြားပဲအမျိုးအမည်များကိုပါ ဈေးအတက်အကျ ဖြစ်ပေါ်စေသည်။ ကုန်ဈေးနှုန်းများ မြင့်တက်ကုန်သည်အထိ ဖြစ်ပေါ်စေတတ်သည်။ 

Source economictimes 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 08 October 2023 10:36
Rate this item
(0 votes)