India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

24/3/2023
*

ထိုင်းဆန် ဈေးနှုန်းများ ဆန်သစ် ဝင်လာသည့်အခါ ဈေးကျမည်ဟု မျှော်လင့်ထားသည်။

*

အချို့ ပင်လယ်ရပ်ခြား ဝယ်လက်များ ဗီယက်နမ်ဆန် ပြန်ဝယ်ကြသည်။

*

အိန္ဒိယ ပို့ကုန်ဆန် ဈေးနှုန်းများ ယခုသီတင်းပတ်တွင် ဆက်လက်ကျဆင်းသည်။ ဝယ်လက်များထံမှ ဝယ်လိုအားလည်း လျော့နည်းနေသည်။ ဆန်ဈေး နောက်ထပ် တပ်ကျလိမ့်ဦးမည်ဟု တွက်ဆထားကြသည်။

၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် <RI-INBKN5-P1> အမျိုးအစား ခေါ်ဈေး တစ်တန်လျှင် ယခင်အပတ်တွင် $382-$387 ရှိခဲ့ပြီး ယခုအပတ်တွင် $380-$385 သို့ ကျဆင်းသည်။ ဇန်နဝါရီလ လလယ်နောက်ပိုင်း အနိမ့်ဆုံးဈေး ဖြစ်သည်။
ဆန်ဈေး ဆက်တိုက်ကျဆင်းလာနေသဖြင့် ထပ်ကျဦးမည်ဟု မျှော်လင့်ချက်ဖြင့် ဝယ်လက်များက မဝယ်သေးဘဲ အခြေအနေကို စောင့်ကြည့်နေကြသည်။

*

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစားသည် ဈေးမပြောင်းလဲပါ။ တစ်တန်လျှင် $450 ဖြစ်ပါသည်။ လာမည်လများတွင် ဆန်သစ်ပေါ်ခြင်းနှင့်အတူ တရုတ်နှင့် ဖိလစ်ပိုင်တို့မှ ဝယ်နေကျ ဝယ်လက်များ ဆန်ဝယ်ကြလိမ့်မည် ဖြစ်သည်။ ဆောင်း-နွေးဦး ရိတ်သိမ်းခြင်းသည် မတ်လကုန်တွင် အပြီးသတ်မည် ဖြစ်သည်။ ထိုင်းဆန်ဈေးထက် သက်သာသော ဗီယက်နမ်ဆန် အမျိုးအစားတို့ကို ဈေးသက်သာသည့်အတွက် ဝယ်လက်အချို့က ဗီယက်နမ်ဆန်ကို ဝယ်ကြသည်ခြင်းဖြင့် ၎င်းတို့အတွက် အမြတ်ပိုကျန်စေသည်။

*

၅% ဆန်ကွဲပါ ထိုင်းဆန်<RI-THBKN5-P1> အမျိုးအစားသည် ယခင်အပတ်က တစ်တန် $455 ရှိခဲ့ပြီး ယခုအပတ်တွင် $465 သို့ မြင့်တက်သည်။ ဘတ်ငွေ၏ အမေရိကန်ဒေါ်လာငွေလဲနှုန်းတွင် ဘတ်ငွေ မာလာသဖြင့် ဆန်ဈေးကို ကန်ဒေါ်လာသို့ ပြောင်းလိုက်သောအခါ ယခင်ကထက် မြင့်တက်နေသည်။ ဝယ်လိုအားမှာမူ အဝယ်အေးနေသည်။ ဆန်သစ်များ ဝင်လာနေသည်မှာ တဖြည်းဖြည်း ပိုများလာနေသည်။ ဆန်သစ် အဝင်များလျှင် ဆန်ဈေး ကျနိုင်ဖွယ်ရှိသည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 23 March 2023 22:32
Rate this item
(0 votes)