India



ပြည်ပ ပြန်လည်တင်ပို့ရန် အိန္ဒိယ ဆန်လုံးညို ဗီယက်နမ် တင်သွင်း

ပြည်ပ ပြန်လည်တင်ပို့ရန် အိန္ဒိယ ဆန်လုံးညို ဗီယက်နမ် တင်သွင်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်သည် ဆန်လုံးညိုကို ဆန်ဖြူအဖြစ်သို့  ပြောင်းလဲပြီး ပြည်ပသို့ တင်ပို့ရန်အတွက်  မကြာသေးမီက အိန္ဒိယနိုင်ငံမှ ဆန်လုံးညိုများကို နှစ်‌အတန်ကြာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တင်သွင်းခဲ့သည်။

.

ဗီယက်နမ်သည် ဆန်လုံးညိုကို ဈေးအနိမ့်ဖြင့် ဝယ်ယူပြီး ဈေးအမြင့်ဖြင့် ဆန်ဖြူကို ပြည်ပတင်ပို့ကာ ကမ္ဘာ့ဝယ်လိုအားကို ဖြည့်တင်းပေးခြင်းဖြင့် ဝင်ငွေ ရယူမည် ဖြစ်သည်။

အိန္ဒိယ အရှေ့ဘက်ကမ်း‌ေြခမှ တင်ပို့သည့် အိန္ဒိယ ဆန်လုံးညို ဈေးနှုန်း [free-on-board (FOB)] သည် တစ်မက်ထရစ်တန် $500 ဝန်းကျင် ရှိသည်။ 

ဗီယက်နမ်မှ တင်ပို့သည့် ဆန်ဖြူအချော ဈေးနှုန်းသည် တစ်မက်ထရစ်တန် $600 ကျော်သည်။

.

ဆန်ဖြူများသည် စပါးကို အခွံချွတ်ပြီးနောက် စား၍ရ‌သော ဖွဲနုအလွှာတစ်ခုကို ထပ်မံဖယ်ရှားပြီး နောက်ဆုံးတွင် ဖြူဖွေးသည်အထိ အကြိမ်ကြိမ်ဖွတ်ထားသောဆန်များ ဖြစ်သည်။ 

ဆန်လုံးညို  (လုံးတီးဆန်) မှာမူ အပေါ်ယံ စပါးခွံကို ဖယ်ရှားပြီးနောက် အကြိမ်ကြိမ် မဖွတ်ဘဲ အပေါ်ယံ ဖွဲနုလွှာပါးကို မဖယ်ရှားထားသော ဆန်ညို ဖြစ်ပါသည်။ 

သို့ဖြစ်ရာ ဆန်လုံးညိုကို ထပ်ဖွတ်ပေးပြီး ဆန်ဖြူ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့မည် ဖြစ်သည်။

.

၂၀၂၃ ခုနှစ်တွင် အိန္ဒိယက ဆန်ဖြူတင်ပို့မှု ပိတ်ပင်ခဲ့ပြီးနောက် ဗီယက်နမ်သည် ပို့ကုန်အမှာစာများ ပိုများလာနေချိန်တွင် ယခု အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

.

ကမ္ဘာ့တတိယအဆုံး ဆန်တင်ပို့သည့် ဗီယက်နမ်နိုင်ငံသည် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံမှ ဆန်လုံးညို အနည်းဆုံး မက်ထရစ်တန် ၂ သိန်း တင်သွင်းခဲ့သည်။ ၎င်း ၃ လတာတွင် အိန္ဒိယဆန်လုံးညို တစ်လလျှင် မက်ထရစ်တန် ၇၀,၀၀၀ ခန့် ဗီယက်နမ် တင်သွင်းခဲ့သည်။

.

အိန္ဒိယ ဆန်လုံးညို စုစုပေါင်းတင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းဝန်းကျင်ကို ဗီယက်နမ် ဝယ်ယူခဲ့သည်။

.

ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၈.၃ သန်း စံချိန်တင်ရောက်ရှိခဲ့သည်။ 

 

Source economictimes 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Wednesday, 28 February 2024 17:22
Rate this item
(0 votes)