India

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းဈေးကွက် လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန်အတွက် အိန္ဒိယအစိုးရက ကြက်သွန်နီတင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်အချို့ကို ဖြေလျော့ခြင်း

အိန္ဒိယနိုင်ငံ၌ မကြာသေးမီရက်များအတွင်း ကြက်သွန်နီလက်လီဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်ခဲ့ရာ

ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ကြက်သွန်နီတင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်အချို့ကို ဖြေလျော့ခွင့်ပြုပေးလိုက်သည်ဟု အိန္ဒိယ စားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးရေး ဝန်ကြီးဌာနက ၂၁-၁၀-၂၀၂၀ နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

 

သတင်းထုတ်ပြန်ချက်အရ အိန္ဒိယအစိုးရသည် ကြက်သွန်နီတင်သွင်းမှုနှင့်စပ်လျဉ်း၍ ၂၀၀၃ ခုနှစ် သီးနှံကာကွယ်ရေးအမိန့် (Plant Quarantine Order) အရ အပင်ရောဂါပိုးမွှားကင်းစင်မှု သက်သေခံလက်မှတ် (Phytosanitary Certificate - PSC) ဆိုင်ရာ သတ်မှတ်ချက်အချို့နှင့် ပိုးသတ်မှိုင်းတိုက်ဆောင်ရွက်ရန် လိုအပ်ချက်တို့ကို ၁၅-၁၂-၂၀၂၀ နေ့အထိ ဖြေလျော့ပေးပြီး ပြည်တွင်းသို့ ကြက်သွန်နီတင်သွင်းမှုကို တွန်းအားပေးနိုင်ရန်အတွက် ကြက်သွန်နီစိုက်ပျိုး ထုတ်လုပ် တင်ပို့သည့်နိုင်ငံများရှိ အိန္ဒိယသံရုံးများသို့လည်း ဒေသခံကုန်သည်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အစိုးရက ညွှန်ကြားထားသည်။

 

ထိုကဲ့သို့ ကြက်သွန်နီများတင်သွင်းရာတွင် သက်ဆိုင်ရာနိုင်ငံ၌ ပိုးသတ်မှိုင်းတိုက် ဆောင်ရွက်ပြီးစီးခြင်းမရှိသေးကြောင်း PSC တွင် ဖော်ပြထားပါက အိန္ဒိယဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် တင်သွင်းသူ၏ အစီအစဉ်ဖြင့် အသိအမှတ်ပြုလက်မှတ်ရ ပိုးသတ်မှိုင်းတိုက် ဝန်ဆောင်မှုလုပ်ငန်းသို့ အပ်နှံဆောင်ရွက်ရမှာ ဖြစ်ပါသည်။ အကယ်၍ Ditylenchus Dipsaci ခေါ် ပင်စည်နှင့် သီးလုံးဖောက်သန်ကောင် သို့မဟုတ် Hylimia antiqua ခေါ် ကြက်သွန်နီပိုးလောက်လန်းတို့ကို စစ်ဆေးတွေ့ရှိရပါက စစ်ဆေးခထပ်မံကျသင့်ခြင်းမရှိစေပဲ ပိုးသတ်မှိုင်းတိုက်၍ ရှင်းလင်းဆောင်ရွက်ပြီးချိန်တွင် ဆိပ်ကမ်းမှ ထုတ်ယူခွင့်ပြုမည်ဖြစ်သည်။ ၎င်းကြက်သွန်နီများအား မျိုးပွားရန်မဟုတ်ပဲ စားသုံးရန်အတွက်သာ အသုံးပြုမည်ဖြစ်ကြောင်းကို တင်သွင်းသူက တာဝန်ယူရမည်ဖြစ်ပြီး ပြည်တွင်းစားသုံးရန် တင်သွင်းလာသည့် ကြက်သွန် နီကုန်စည်အုပ်စုများအတွက် ၂၀၀၃ ခုနှစ် သီးနှံကာကွယ်ရေးအမိန့်နှင့် ကိုက်ညီမှုမရှိသည့်အပေါ် ထပ်ဆောင်းစစ်ဆေးခ ၄ ဆကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုမည် ဖြစ်သည်ဟု သိရှိရပါသည်။

 

အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ပြည်တွင်းလက်လီဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများသည် ဩဂုတ်လကုန်ပိုင်းမှစ၍ မြင့် တက်လာခဲ့ပြီး ကြေညာချက်မထုတ်ပြန်မီ ၁၀ ရက်ခန့်အတွင်း ၁ ကီလိုဂရမ်ပေါ်တွင် ရူပီးငွေ ၁၁.၅၆ ပိုမိုလျက် တစ်နိုင်ငံလုံး ပျမ်းမျှလက်လီဈေးနှုန်းမှာ ၅၁.၉၅ ရူပီးသို့ ရောက်ရှိခဲ့သည်။ ယခင်နှစ်ကာလတူ၌ ဖြစ်ပေါ်သည့် ကြက်သွန်နီ တစ်ကီလိုဂရမ်လျှင် ၄၆.၃၃ ရူပီးနှုန်းနှင့်နှိုင်းယှဉ်ပါက ၁၂.၁၃% မြင့်တက်ခဲ့ပြီး မိုးသီးနှံများရိတ်သိမ်းချိန်ကာလ၌ မဟာရတ္ထ၊ ကာနာတကာနှင့် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရိတ်သိမ်းသို လှောင်ပြီးနှင့် ရိတ်သိမ်းဆဲ ကြက်သွန်နီများမှာ ထိခိုက်ပျက်စီးခဲ့ရသည်။

 

အစိုးရအနေဖြင့် ဈေးနှုန်းမြင့်တက်မှု မဖြစ်ပေါ်စေရေးအတွက် ၁၄-၉-၂၀၂၀ နေ့တွင် ကြက်သွန်နီပြည်ပတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ပြီး စက်တင်ဘာလလယ်ပိုင်းမှစ၍ အရန်သိုလှောင်ထားရှိသည့် ကြက်သွန်နီများကို ပြည်တွင်းဈေးကွက်သို့ ရောင်းချ ပေးလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံ၏ မိုးသီးနှံရာသီစိုက်ပျိုးမှုမှ ထွက်ရှိသည့် ကြက်သွန်နီတန်ချိန် ၃၇ သိန်းခန့်မှာ ပြည်တွင်းဈေးကွက်သို့ စတင်ဝင်ရောက်ဖွယ်ရှိပြီး ဈေးနှုန်းများ မြင့်တက် နေမှုမှ သက်သာရာရရှိရန် အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနက ခန့်မှန်းလျက်ရှိပါသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)