India



မတ်ပဲ တင်သွင်းရန် ဘရာဇီးနှင့် အိန္ဒိယ ဆွေးနွေးမှု အပြီးသတ်အဆင့် ရောက်ရှိ

မတ်ပဲ တင်သွင်းရန် ဘရာဇီးနှင့် အိန္ဒိယ ဆွေးနွေးမှု အပြီးသတ်အဆင့် ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အိန္ဒိယသည် ပြည်တွင်းဖူလုံရေး မြှင့်တင်ရန်နှင့် ဈေးနှုန်းများကို ထိန်းကွပ်နိုင်ရန်အတွက် မတ်ပဲတင်သွင်းမှုအတွက် ဘရာဇီးလ်နှင့် အပြီးသတ်အဆင့် ဆွေးနွေးနေကြောင်း စားသုံးသူရေးရာအတွင်းရေးမှူး Rohit Kumar Singh က အင်္ဂါနေ့(မေ ၂၃)တွင် ပြောကြားခဲ့သည်။

.

အိန္ဒိယနိုင်ငံသည် မတ်ပဲ နှစ်စဉ်တန်ချိန် ၇-၇.၅ တန် တင်သွင်းပြီး ၇၄% ကို မြန်မာနိုင်ငံမှ တင်သွင်းကြောင်း ၎င်းက ပြောကြားပါသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံမှ မတ်ပဲ တန်ချိန် ၂ သိန်းခန့် တင်သွင်းထားပြီးကြောင်း ၎င်းက ပြောကြားသည်။

အိန္ဒိယသည် မတ်ပဲဖူလုံရေးအတွက် မြန်မာနိုင်ငံအပေါ်  မှီခိုနေရခြင်းကို လျှော့ချနိုင်ရန်အတွက် အခြားရင်းမြစ်များကို ရှာဖွေနေပါသည်။

.

၂၀၂၂ ဇူလိုင်လမှ ၂၀၂၃ ဇွန်လအထိ တစ်နှစ်တာ မတ်ပဲ ထုတ်လုပ်မှု တန်ချိန် ၂.၆၈ သန်းရှိမည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ယခင်နှစ်ထက် တန်ချိန် ၂.၇၇ သန်း လျော့နည်းပါသည်။

.

မြန်မာနိုင်ငံမှ တင်သွင်းသည့် မတ်ပဲနှင့် ပဲစဉ်းငုံများကို အိန္ဒိယအစိုးရက ခွဲတမ်း သတ်မှတ်ခြင်းမရှိဘဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့်ကာလအား ၃၁-၃-၂ဝ၂၄ ရက်နေ့အထိ တိုးမြှင့်ခွင့်ပြုထားပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 25 May 2023 09:42
Rate this item
(0 votes)