India



အိန္ဒိယကြက်သွန်နီ ပြည်ပတင်ပို့မှု ဆက်လက်ပိတ်ပင်

အိန္ဒိယကြက်သွန်နီ ပြည်ပတင်ပို့မှု ဆက်လက်ပိတ်ပင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဈေးနှုန်းများကို ဆက်လက်ထိန်းကျောင်းထားပြီး ပြည်တွင်းရရှိနိုင်မှု သေချာစေရန် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ ကြက်သွန်တင်ပို့မှု ဆက်လက်ပိတ်ပင်ထားမည် ဖြစ်ကြောင်း စားသုံးသူရေးရာ အမြဲတမ်းအတွင်းဝန် Rohit Kumar Singh က ပြောကြားသည်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အိန္ဒိယ အစိုးရက ကြက်သွန်နီ တင်ပို့မှုကို မတ်လ ၃၁ ရက်အထိ ပိတ်ပင်ခဲ့ပါသည်။

 

“ကြက်သွန်တင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းခြင်း မရှိသေးပါ။ ပြဋ္ဌာန်းချက် ဆက်လက် သက်ရောက်နေဆဲပါ။ လက်ရှိအခြေအနေမှာ အပြောင်းအလဲ မရှိပါဘူး”ဟု Rohit Kumar Singh က ပြောကြားသည်။ 

အစိုးရ၏ အဓိက ဦးစားပေးမှာ စားသုံးသူများအတွက် သင့်လျော်သော ဈေးနှုန်းဖြင့် ပြည်တွင်း၌ ကြက်သွန်နီ လုံလုံလောက်လောက် ရရှိနိုင်စေရန် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

 

ကြက်သွန်နီ လက်ကားဈေးနှုန်းသည် ဖေဖော်ဝါရီလ ၁၇ ရက်တွင် ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၁,၂၈၀ ရှိခဲ့ရာမှ ၂ ရက်အကြာ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ရူပီး ၁,၈၀၀ သို့ ခုန်တက်သွားခဲ့သည်။

 

ရာဘီရာသီဟု ခေါ်သည့် ဆောင်းကြက်သွန် အထွက် လျော့ကျမည်ဟု ခန့်မှန်းထားသဖြင့် ကြက်သွန်နီ ဈေးနှုန်းများ တက်ရိပ် ဆက်ရှိနေသည်။

 

၂၀၂၃ ရာဘီရာသီတွင် ကြက်သွန်နီ တန်ချိန် ၂၂.၇ သန်း ထွက်သည်။ 

ယခုနှစ်တွင် စိုက်ဧက လျော့နည်းနေသည်။

 

အိန္ဒိယအစိုးရသည် မိတ်ဖက်နိုင်ငံများမှ ပန်ကြားပါက တနိုင်ငံချင်းအလိုက် စဉ်းစားပေးပြီး ခွဲတမ်းချပေးပါသည်။  ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မောရစ်ရှပ်၊ ဘာရိန်း၊ ဘူတန်နှင့် နီပေါတို့ထံ ကြက်သွန်နီ တင်ပို့ရန် ခွဲတမ်းချပေးခဲ့ပါသည်။

Source economictimes 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 22 February 2024 20:42
Rate this item
(0 votes)