India



အာရှဆန် တပတ်တာ ဈေးနှုန်းအတက်အကျများ

အာရှဆန် တပတ်တာ ဈေးအတက်အကျများ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

March 2024

March 2024

 

•  ကုန်သည်များက ပို့ကုန်ခွန် စည်းကြပ်ရန် တွက်ချက်ပုံနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားစွာ မသိရသောကြောင့် အိန္ဒိယ ပို့ကုန်ဆန် ဈေးနှုန်းများ  ယခုသီတင်းပတ်အတွင်း စံချိန်တင်ဈေး မြင့်တက်လာသည်။ 

 

•  ထိုင်းနိုင်ငံတွင် ဆန်အသစ်များ ဈေးကွက်ထဲရောက်လာဖို့ စောင့်မျှော်နေကြသည်။

 

 

၅% ဆန်ကွဲပါ အိန္ဒိယ ပေါင်းဆန် RI-INBKN5-P1 အမျိုးအစား ခေါ်ဈေးသည် တတန်လျှင် ယခင်အပတ်က $546-$554 ရှိခဲ့ပြီး ယခု သီတင်းပတ်တွင် $552-$560 သို့ မြင့်တက်သည်။

 

အိန္ဒိယနိုင်ငံ အစိုးရက ပေါင်းဆန် တင်ပို့မှုအပေါ် ပို့ကုန်ခွန် ၂၀% စည်းကြပ်ရန် ပြဋ္ဌာန်းထားရာ၌ ၎င်း ၂၀% အတွက် တွက်ပုံတွက်နည်းကို အကောက်ခွန်ဌာနက ပြောင်းလဲလိုက်ရာ တွက်နည်းအသစ် ရလဒ်သည် ယခင်ထက် ပိုများနေသည်။ သို့ဖြစ်ရာ ကုန်သည်အများစုက ဈေးန‌ှုန်း မြှင့်တင် သတ်မှတ်လိုက်ကြသည်။ 

“ဝယ်သူတွေက စံချိန်တင်ဈေးနှုန်း ပေးပြီး ဝယ်ဖို့ မလိုလားကြဘူး။ ရောင်းတဲ့သူတွေကလည်း အကောက်ခွန်က တွက်ချက်ပုံ ပြောင်းလိုက်တော့ဘအခွန်ပမာဏက ပိုများသွားတာကြောင့် ဈေးန‌ှုန်းတွေ မြှင့်တင်ကြရတယ်" ဟု ကုန်သည်တဦးက ပြောကြားသည်။

ရောင်းသူ ဝယ်သူ အသံမတူကြသဖြင့် အရောင်းအဝယ် စာချုပ် အနည်းအကျဉ်းသာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

 

၅% ဆန်ကွဲပါ ထိုင်းဆန် RI-THBKN5-P1 အမျိုးအစား ခေါ်ဈေး တတန်လျှင် ယခင်အပတ်က $615 ရှိခဲ့ပြီး ယခုအပတ်တွင် $620-$622 သို့ မြင့်တက်သည်။

ဝယ်လိုအားမှာ ပုံမှန်ဖြစ်သော်လည်း ဆန်အသစ်များ ဈေးကွက်ထဲ အရောက်နောက်ကျနေသဖြင့် ပို့ကုန်ဆန် ဈေးတက်သွားသည်ဟု ဘန်ကောက်မှ ကုန်သည်က ပြောကြားသည်။ လာမည့်အပတ်တွင် ဆန်အသစ်များ ရောက်လာမည်ဟု ခန့်မှန်းထားကြသည်။

 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် RI-VNBKN5-P1 အမျိုးအစား ခေါ်ဈေး တတန်လျှင် ယခင်အပတ်က $600 ရှိခဲ့ရာမှ $575 သို့ ကျဆင်းခဲ့ပြီးနောက် $580 သို့ ပြန်မြင့်တက်လာသည်။

 

“ဗီယက်နမ်ရဲ့ အဓိက စပါးရိတ်သိမ်းမှု အမြင့်ဆုံးအချိန်အခါလို့ သိထားတဲ့အတွက် ဆန်တင်သွင်းသူ တော်တော်များများက အလျင်စလို မဝယ်ကြပါဘူး။ ဈေးအကျကို စောင့်ကြည့်နေကြတယ်” ဟု ဟိုချီးမင်းစီးတီးမှ ကုန်သည်တဦးက ပြောသည်။ 

 

ဘင်္ဂလားဒေ့ရှ် အစိုးရသည် စပါးအထွက်ကောင်းသည့်အပြင် အရန်ဆန်များ ရှိနေသော်လည်း ပြည်တွင်း ဆန်ဈေးနှုန်းများ မြင့်တက်နေသဖြင့် ဈေးထိန်းရန် ကြိုးပမ်းနေရသည်။

ဘင်္ဂလားဒေ့ရှ်က မိသားစု ၅ သန်းကို အစိုးရ ငွေကြေးစိုက်ထုတ် ထောက်ပံ့မှုဖြင့် ဆန်တန်ချိန် ၁၅၀,၀၀၀ ကိုသက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမည်။ 

မွတ်ဆလင် လမြတ် ရမ်ဇာန်လ မတိုင်မီတွင် ရောင်းချပေးမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စားနပ်ရိက္ခာ ဝန်ကြီးက ပြောကြားသည်။

 

Source Nasdaq

Source Reuters


 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 08 March 2024 23:21
Rate this item
(0 votes)