India



အာရှဆန် ဈေးနှုန်း တပတ်တာ အတက်အကျများ

အာရှဆန် ဈေးနှုန်း  တပတ်တာ အတက်အကျများ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

February 1, 2024

 

• အိန္ဒိယမှ ပေါင်းဆန် တင်ပို့မှု ဈေးနှုန်းသည် ယခု သီတင်းပတ်တွင် စံချိန်တင် မြင့်တက်ခဲ့သည်။ ပြည်တွင်းဈေးကွက်ထဲ ဆန် အဝင်နည်းနေပြီး ပြည်ပဝယ်လိုအား ခိုင်မာနေခြင်းကြောင့် ဈေးတက်သည်။ ထို့သို့ အိန္ဒိယပေါင်းဆန် ဈေးတက်သော်လည်း ထိုင်းဆန်၊ ဗီယက်နမ်ဆန်တို့ထက် ဈေးသက်သာနေဆဲ ဖြစ်သည်။ 

 

• ထိုင်းပြည်တွင်းဈေးကွက်ထဲ ဆန်သစ်များ စတင်ဝင်ရောက်လာသဖြင့် ထိုင်းဆန်ဈေး ကျဆင်းသည်။

 

 ဆန် ထိပ်တန်းတင်ပို့သူ အိန္ဒိယမှ  ၅% ဆန်ကွဲပါ ပေါင်းဆန် RI-INBKN5-P1 အမျိုးအစားသည် ခေါ်ဈေး တတန်လျှင် ယခင်သီတင်းပတ်တွင် $533 - $542 ရှိခဲ့ပြီး ယခုအပတ်တွင် $537 - $546 သို့ စံချိန်တင် မြင့်တင်သည်။

 

အိန္ဒိယဆန် ဈေးတက်နေတယ်။ ဒါပေမဲ့ ပါကစ္စတန်ဆန်၊ ထိုင်းဆန်တို့ထက် အများကြီး ဈေးသက်သာပါတယ်။ အဲဒီလို ဈေးသက်သာနေလို့ ဈေးတက်ပေမဲ့လည်း ဝယ်လိုအား ခိုင်မာနေတယ္" ဟု မွမ်ဘိုင်းအခြေစိုက် အရောင်းကိုယ်စားလှယ်တဦးက ပြောကြားသည်။

 

ပါကစ္စတန်၏ ဆန်တင်ပို့မှုသည် ဇွန်လတွင် ကုန်ဆုံးမည့်ဘဏ္ဍာနှစ်တွင် စံချိန်တင် အမြင့်ဆုံးသို့ ခုန်တက်ဖွယ်ရှိသည်။ ပါကစ္စတန်ဆန်ဖြူကို ၁၆ နှစ်တာအတွင်း အမြင့်ဆုံးဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိသည်။

 


 

အိန္ဒိယဆန် တင်ပို့မှု ကန့်သတ်ခြင်းကြောင့် ပါကစ္စတန်ဆန် တင်ပို့မှု စံချိန်တင် မြင့်မား

https://www.foodindustrydirectory.com.mm/food-industry/cuisine/india/item/7437

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

၅% ဆန်ကွဲပါ ထိုင်းဆန် RI-THBKN5-P1 အမျိုးအစား ခေါ်ဈေး တတန်လျှင် ယခင်သီတင်းပတ်တွင် $665 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် 640 - $658 သို့ ကျဆင်းသည်။

 

စပါးအသစ်ပေါ်ချိန် စတင်သဖြင့် ဆန်သစ်များ ဈေးကွက်ထဲ ဝင်လာနေပြီဖြစ်သည်။

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန်  RI-VNBKN5-P1  အမျိုးအစား ခေါ်ဈေး တတန်လျှင် ယခင်အပတ်က $630 ရှိခဲ့ပြီး ယခုအပတ်တွင် $635-$640 သို့ မြင့်တက်လာသည်။ 

 

အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၅ သိန်း တင်ပို့ရမည် ဖြစ်သဖြင့် ဆန်ဈေး တက်ရိပ်ပြသည်။ 

ထို့ပြင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ ၅ နှစ်တာ သင်တမ်းရှိ ဆန်အရောင်းအဝယ် သဘောတူညီချက်ကို နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြခြင်းကြောင့်လည်း ဆန်ဈေးတက်စေသည်။

 


 

လာမည့်ငါးနှစ်တာ ဆန်ကုန်သွယ်မှု သဘောတူညီချက် ဗီယက်နမ်နှင့် ဖိလစ်ပိုင် လက်မှတ်ရေးထိုး

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/7434-asiarice.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

ဘင်္ဂလားဒေ့ရှ်သည် ပြည်တွင်းဆန်ဈေး မြင့်မတက်အောင် ထိန်းကျောင်းရန်အတွက် လိုအပ်ပါက ပြည်ပမှ ဆန်တင်သွင်းရန် ခွင့်ပြုပေးမည်ဖြစ်ပြီး သွင်းကုန်ခွန် လျော့ပေါ့ပေးမည်ဟု စားသောက်ကုန် ဝန်ကြီးဌာနမှ ဝန်ကြီး Sadhan Chandra Majumdar က ပြောကြားသည်။

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

 
Read times Last modified on Friday, 02 February 2024 15:23
Rate this item
(0 votes)