India

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှားစတိုင်လ် ထောပတ်ပုစွန်ထုပ်ကြော်

ပုစွန်ကို ဒီအတိုင်းချည်းစားရတာ ရိုးအီသွားသူများ ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း

ကိုယ်တိုင်ကိုယ်ကျ လုပ်စားနိုင်တဲ့ မလေးရှားစတိုင်လ် ထောပတ်ပုစွန်ထုပ်ကြော် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ပုစွန်၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ပျဉ်းတော်သိမ်ရွက်၊ ဟင်းခတ်မှုန့်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ကော်မှုန့်၊ ထောပတ်ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ပုစွန်များကို ရေဆေးသန့်စင်ပြီးလျှင် အခွံ၊ ခေါင်းမဖယ်ဘဲ ကျောခွဲလိုက်ပါ။

 

ပြီးလျှင် ပုစွန်များကို ဟင်းခတ်အရသာများနှင့် ကြက်ဥအကာတို့ဖြင့် ရောနယ်ပေးပါ။

 

ပြီးနောက် ဟင်းခတ်မှုန့်ထည့်၊ ဆားထည့်၊ သကြားထည့်၊ ငရုတ်ကောင်းမှုန့်ထည့်၊ ပဲငံပြာရည်ထည့်၊ ကော်မှုန့်ထည့်ပြီးရောမွှေပေးပါ။

 

ပြီးလျှင် ဒယ်အိုးထဲကို ထောပတ်ဆီထည့် ဆီပူလာလျှင် ပုစွန်များကို ထည့်ကြော်လိုက်ပါ။

 

ပြီးရင်တော့ ကြက်ဥအနှစ်များကို လောင်းချပြီး ဆီအိုးထဲသို့ အမျှင်များဖြစ်အောင် ကြော်ပါ။

 

ပြီးနောက် ကြက်သွန်ဖြူ၊ ပျဉ်းတော်သိမ်ရွက်နှင့် ငရုတ်သီးများကို ထည့်ကြော်လိုက်ပါ။

 

နောက်ဆုံးတွင် ကြော်ပြီးသား ပုစွန်နှင့် ကြက်ဥများကို ရောမွှေလိုက်ပါ။

ကျက်ရင်တော့ ပန်းကန်တစ်ချပ်ထဲထည့်ပြီး အပေါ်မှ ပျဉ်းတော်သိမ်ရွက်ကို ထည့်လိုက်ပါ။ ပြီးလျှင်တော့ အရသာရှိတဲ့ မလေးရှားစတိုင်လ် ထောပတ်ပုစွန်ထုပ်ကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read 2135 times Last modified on Tuesday, 18 September 2018 14:35
Rate this item
(0 votes)