India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယက စားအုန်းဆီကြမ်း အခွန်လျော့သဖြင့် မလေးရှားစားအုန်းဆီကြမ်း ဈေးတက်

အိန္ဒိယက စားအုန်းဆီကြမ်း အခွန်လျော့သဖြင့် မလေးရှားစားအုန်းဆီကြမ်း ဈေးတက်

စားအုန်းဆီ တင်သွင်းမှု ကမ္ဘာ့အများဆုံးနိုင်ငံဖြစ်တဲ့ အန္ဒိယနိုင်ငံ အစိုးရက ပြည်တွင်း စားသုံးသူများ သက်သာချောင်ချိရေးနှင့် ဆီသန့်စက်ရုံများ ဆက်လက်လည်ပတ်နိုင်စေရေးအတွက် စားအုန်းဆီအပေါ် ကောက်ခံတဲ့ အခွန် နှုန်းထား လျှော့ချပေးလိုက်အတွက် စားအုန်းဆီ သွင်းကုန်လုပ်ငန်းတွေ ပမာဏ ပိုများများ ဝယ်ယူကြတော့မယ်လို့ တွက်ဆကြတာကြောင့် ဧပြီလအတွက် ကြိုဝယ်ကြိုရောင်း တစ်တန်ဈေးနှုန်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ရင်းဂစ် ၅,၆၉၇ အထိ မြင့်တက်ခဲ့ပြီး အပိတ်ဈေး ရင်းဂစ် ၅,၆၇၂ ဖြင့် ဈေးပိတ်ခဲ့ပါတယ်။
စားအုန်းဆီအတွက် အများဆုံးအစားထိုးတဲ့ ပဲပုပ်ဆီလည်း ၄ ရက်ဆက်တိုက် ဈေးတက်ပါတယ်။
ရေနံဈေးနှုန်း တက်တာကြောင့် ဒီဇယ်ဆီ ဈေးလည်း တက်နေပြီး ဒီဇယ်မှာ စားအုန်းဆီ ရောနှောပြီး ဘိုင်အိုဒီဇယ်ကို ပိုမိုသုံးစွဲကြမှာဖြစ်လို့ စားအုန်းဆီ သုံးစွဲမှု ပမာဏ မြင့်တက်မယ်လို့ ခန့်မှန်းထားကြတာကြောင့် စားအုန်ဆီ ကြိုပွိုင့်ဈေး ဈေးမာနေပါတယ်။


အိန္ဒိယ ကုန်သည်များ ဝယ်ယူမှု

စားအုန်းဆီ တင်သွင်းခြင်းအပေါ် စည်းကြပ်တဲ့ အခွန်ကို လျှေိာ့ချပေးလိုက်တဲ့အတွက်
"ဆီကြမ်းကို အိန္ဒိယ ဝယ်လက်တွေက ဆီသန့်ထက်ပိုစိတ်ဝင်စား ကြတယ်။ ဆီသန့်စက်ရုံတွေလည်း ပိုမိုထုတ်လုပ်ဖို့ ကုန်ကြမ်းဖြစ်တဲ့ ဆီကြမ်းကို ပိုဝယ်ကြလိမ့်မယ်" လို့ မွန်ဘိုင်းအခြေစိုက် Sunvin Group မှ စီအီးအို Sandeep Bajoria က ပြောကြားပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်မှာ အိန္ဒိယ ကုန်သည်များက မတ်လမှာ ပေးပို့ရန်အတွက် စားအုန်းဆီကြမ်း တန်ချိန် ၄၀,၀၀၀ ကို အမေရိကန်ဒေါ်လာ ၁၅၁၇.၅၀ ~ ၁၅၂၅.၀၀ ဖြင့် ဝယ်ယူခဲ့ကြတယ်လို့ Bajoria က ပြောကြားပါတယ်။
အဆိုပါဈေးနှုန်းက သယ်ပို့ခ အပါအဝင်ဖြစ်ပြီး အိန္ဒိယဆိပ်ကမ်းအရောက် ဈေးနှုန်း ဖြစ်ပါတယ်။
ဆီသန့် ကြိုဝယ်မှု မရှိခဲ့ဘူးလို့ သူက ပြောပြပါတယ်။

တင်ပို့နိုင်စွမ်း လျော့ကျ

မလေးရှားမှ စားအုန်းဆီ ပွဲစားလုပ်ငန်း Pelindung Bestari မှ ညွှန်မှူး Paramalingam Supramaniam က စားအုန်ဆီဈေးနှုန်း ပြီးခဲ့တဲ့နှစ်အတွင်း ၅၀% မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
စားအုန်းဆီ တင်ပို့မှု ကမ္ဘာ့အများဆုံးနိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဒုတိယကမ္ဘာ့အများဆုံး နိုင်ငံဖြစ်တဲ့ မလေးရှားတို့ရဲ့ တင်ပို့မှု တန်ချိန်ပမာဏ လျော့ကျလာခဲ့လို့ ဖြစ်ပါတယ်။ မလေးရှားမှာ စိုက်ခင်းလုပ်သား မလုံလောက်တဲ့ အခြေအနေ ကြောင့် ၂၀၂၂ ပထမ ၃:လပတ်အတွင်း တစ်လတာ ထုတ်လုပ်မှု တန်ချိန် ၁.၈~၂.၀ သန်း အောက်မှာ ရှိနေဦးမယ်လို့ သူက ခန့်မှန်းထားပါတယ်။

အခွန်နှုန်းထား လျှော့ချ

အိန္ဒိယက စားအုန်းဆီကြမ်း crude palm oil (CPO) အပေါ်မှာ Agriculture Infrastructure and Development Cess (AIDC) အခွန်ကို ယခင်က ၇.၅% စည်းကြပ်ခဲ့ရာမှ ၅% သို့ လျှော့ချပြီး ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်မှာ စတင်သက်ရောက်ပါတယ်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ အခြေစိုက် Solvent Extractors' Association of India (SEA) အသင်းမှ အမှုဆောင်ဒါရိုက်တာ B.V. Mehta က "AIDC လျှော့ချလိုက်ပြီူချိန်မှာ ဆီသန့်နဲ့ ဆီကြမ်း အကြား အခွန်နှုန်းထား ကွာဟချက်က ၈.၂၅% ရှိပါတယ်။ တကယ်လို့ ၁၁% ဖြစ်မယ်ဆိုရင် ဆီသန့်စက်ရုံတွေ လုပ်ရတာ ပိုအားရှိမယ်" လို့ ပြောကြားပါတယ်။


စားဆီအမျိုးမျိုးတင်သွင်း

အိန္ဒိယက ပြည်တွင်း စားဆီ လိုအပ်ချက်ရဲ့ သုံးပုံနှစ်ပုံကို တင်သွင်းပါတယ်။

ပဲပုပ်ဆီနှင့် နေကြာဆီတို့ကို အာဂျင်တီးနား၊ ဘရာဇီး၊ ယူကရိန်းနှင့် ရုရှား တို့မှ အဓိကအားဖြင့် တင်သွင်းပါတယ်။
စားအုန်းဆီကို အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ တင်သွင်းပါတယ်။


ပြီးခဲ့တဲ့ လအနည်းကယ်အတွင်းမှာ စားအုန်းဆီသန့် တင်သွင်းတဲ့ တန်ချိန်ပမာဏက စားအုန်းဆီအမျိုးမျိုး တင်သွင်းတဲ့ တန်ချိန်ပမာဏ စုစုပေါင်းရဲ့ ထက်ဝက် နီးပါး ရှိခဲ့တယ်လို့ Sandeep Bajoria က ပြောကြားပါတယ်။

စားအုန်ဆီတင်ပို့တဲ့ နိုင်ငံတွေမှာ ဆီကြမ်း တင်ပို့တဲ့အတွက် စည်းကြပ်တဲ့အခွန်က ဆီသန့်ထက် ပိုများတဲ့အတွက် ဆီကြမ်းရောင်းဈေး မြင့်တက်ပါတယ်။ အိန္ဒိယမှ ဆီသန့်စက်ရုံများအနေဖြင့် ဆီကြမ်းတင်သွင်းရင် ပေးရတဲ့ အခွန်အမျိုးမျိုးကြောင့် ကုန်ကျစရိတ်များနေစေပြီး ထုတ်လုပ်တဲ့ ဆီသန့်ရောင်းဈေးက ပြည်ပဈေးကွက်မှာ ရောင်းချတဲ့ဈေးနှုန်းများကို မယှဉ်ပြိုင်နိုင်တဲ့အတွက် အခွန်ပြဌာန်ူချက်များကို ပြင်ဆင်ပေးဖို့ ဆီသန့်စက်ရုံတွေက အစိုးရကို တောင်းဆိုနေကြပါတယ်။

သက်တမ်းတိုး

အစိုးရက ၂၀၂၁ ဒီဇင်ဘာလမှာ စားအုန်းဆီချော RBD palmolein တင်သွင်းမှုအပေါ် စည်းကြပ်တဲ့ အကောက်ခွန်နှုန်းထားကို ၁၉.၂၅ မှ ၁၃.၇၅% သို့ လျှော့ချခဲ့ပါတယ်။ ဒါပေမဲ့ ဆီကြမ်း CPO ကိုတော့ လျှော့ချခြင်း မပြုခဲ့ပါဘူး။


စားအုန်းဆီ သွင်းကုန်အပေါ် အကောက်ခွန်နှုန်းထား လျှော့ချပေးထားတာ သက်တမ်း မတ်လ ၃၁ မှာ ကုန်ဆုံးတော့မှာ ဖြစ်လို့ စက်တင်ဘာလကုန်အထိ သက်တမ်းတိုးမြှင့် သတ်မှတ်ကြောင်းလည်း အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Read times
Rate this item
(0 votes)