India



အိန္ဒိယအစိုးရ ဆန်တင်ပို့မှု ပိတ်ပင်သဖြင့် ဒေါ်လာ ၁ ဘီလီယံဖိုး စာချုပ်များ ဖျက်သိမ်းရမည်

အိန္ဒိယအစိုးရ ဆန်တင်ပို့မှု ပိတ်ပင်သဖြင့် ဒေါ်လာ ၁ ဘီလီယံဖိုး စာချုပ်များ ဖျက်သိမ်းရမည် 

TO GET INSTANT UPDATE 

https://t.me/Guid4U

ဘာစမာတီမဟုတ်သော ဆန်ဖြူ တင်ပို့မှုကို ပိတ်ပင်ရန် အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်သည် ကုန်သည်များအား ကမ္ဘာ့ဈေးကွက်တွင် ကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ဆန်မက်ထရစ်တန် ၂ သန်းခန့် ရောင်းချရန် စာချုပ်များကို ဖျက်သိမ်းရတော့မည်ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

 

 ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကို တင်ပို့ပေးသည့် အိန္ဒိယနိုင်ငံသည် ၎င်း၏ အများဆုံးတင်ပို့သည့် ဆန်အမျိုးအစားကို တင်ပို့မှု ချက်ချင်း  ရပ်ဆိုင်းရန် ဇူလိုင်လ ၂၀ ရက်တွင် အမိန့်ထုတ်ခဲ့သည်။ ပြည်တွင်း ဆန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ပြည်ပတင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ ပြည်တွင်း ဆန်ဈေးနှုန်းများသည် တောက်လျှေိာက် မြင့်တက်လာခဲ့သည်။ ထို့ပြင် အယ်နီညိုရာသီဥတုကြောင့် စပါးအထွက်နည်းမည် ဖြစ်သဖြင့် ဆန်တင်ပို့မှု ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

အစိုးရက ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ချမှတ်မည်ဟု မျှော်လင့်ထားသဖြင့် ကုန်သည်များသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း letters of credit (LC) များ၊  ငွေပေးချေမှုဆိုင်ရာ အာမခံချက်များ ရယူထားကြကြောင်း မွန်ဘိုင်းအခြေစိုက် ကုန်သည်တစ်ဦးက ပြောပြသည်။

 

“ဒါပေမဲ့ ကုန်သည်လောကမှာ အစိုးရအနေနဲ့ ကန့်သတ်ချက်တွေကို မကြာခင်မှာ ချမှတ်လိမ့်မယ် မမျှော်လင့်ထားပါဘူး။ ဩဂုတ်၊  စက်တင်ဘာလလောက်ကျမှ ဖြစ်ယ်လို့ မှန်းဆထားကြပါတယ်။ ရလဒ်အနေဖြင့် ကုန်သည်များက စာချုပ်ကို ဖျက်သိမ်းရန် force majeure clause (မလွန်ဆန်နိုင်သောအဖြစ်)ကို အသုံးပြုရန်မှလွဲလို့ တခြားရွေးချယ်စရာမရှိပါဘူး" ဟု ၎င်းက ပြောကြားသည်။

 

Force Majeure (မလွန်ဆန်နိုင်သောအဖြစ်) သည် စာချုပ်ပါအတိုင်း လိုက်နာဖြည့်ဆည်းရန်  တားဆီးသည့် မမျှော်လင့်ထားသော ပြင်ပအခြေအနေများကို ရည်ညွှန်းပါသည်။

 

ကန်ဒေါ်လာ ၁ ဘီလီယံဖိုး ဆန်မက်ထရစ်တန် ၂ သန်းခန့် တင်ပို့ရန် စာချုပ်များကို ဖျက်သိမ်းကြရတော့မည်ဖြစ်ကြောင်း ကုန်သည်လေးဦးမှ အတည်ပြုသည်။

 

ဇူလိုင် ၂၀ ရက်တွင် အစိုးရက ထုတ်ပြန်သည့်တားမြစ်ချက်သည် ချက်ချင်းစတင်အသက်ဝင်မည်ဖြစ်ကြောင်း အမိန့်စာမှာ ဖော်ပြထားသည်။

လက်ရှိတင်နေသော သင်္ဘောများကိုသာ တင်ပို့ရန် ခွင့်ပြုမည်ဖြစ်သည်။ LC ရထားသော်လည်း သင်္ဘောမတင်သေးလျှင် ခွင့်ပြုမည် မဟုတ်ပါ။

 

"ပုံမှန်အားဖြင့် ကုန်သည်တွေက စာချုပ်‌ေတွကို လက်မှတ် ကြိုတင်ရေးထိုးကြပါတယ်။ လာမယ့်

 လအနည်းငယ်အတွင်း သင်္ဘောတင်မှာတွေအတွက် ချုပ်ဆိုထားတဲ့ စာချုပ်တွေ သင်္ဘောတင်လို့ မရတော့ဘူး"ဟု Olam Agri India Ltd မှ အကြီးတန်း ဒုဥက္ကဋ္ဌ Nitin Gupta က ပြောကြားသည်။

အိန္ဒိယသည် လစဉ် ဘာစမာတီမဟုတ်သော ဆန်ဖြူတန်ချိန် ၅၀၀,၀၀၀ ခန့် ရောင်းချခဲ့သည်ဟု Gupta က ဆိုသည်။

အိန္ဒိယဆိပ်ကမ်းအသီးသီးတွင် ဆန်တန်ချိန် ၂၀၀,၀၀၀ ခန့် သင်္ဘောတင်နေသည်။ ၎င်းဆန်များကို တင်ပို့ရန် ခွင့်ပြုထားကြောင်း ဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ B.V. Krishna Rao က ပြောကြားသည်။

သက်တမ်းရှိ LC များ ရထားသည့် ဆန်များကိုလည်း တင်ပို့ရန် အစိုးရက ခွင့်ပြုသင့်သည်ဟု Rao က ပြောကြားသည်။ သို့သော် အစိုးရက လိုက်လျောမည် မဟုတ်ဟု ကုန်သည်များက ပြောကြားသည်။

 

အချို့သော ဆန်တင်ပို့သူများသည် ပို့ကုန်ဆန် ဈေးကောင်းရသဖြင့် ဆန်စက်များထံမှ ဆန်ဝယ်ထားကြသည်။

ပြည်တွင်း ဆန်ဈေးကျမည်။ ကုန်သည်များ အရှုံးပေါ်ကြမည်။ ကမ္ဘာ့ဆန်ဈေး မြင့်တက်မည်။

 

အိန္ဒိယမှ ဘာစမာတီမဟုတ်သော ဆန်ကို အများဆုံး ဝယ်ယူသည့် နိုင်ငံများမှာ ဘီနင်၊ ဆီနီဂေါ၊ အိုင်ဗရီကို့စ်၊ တိုဂို၊ ဂီနီ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါတို့ဖြစ်သည်။

 Source Reuters 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Sunday, 23 July 2023 14:09
Rate this item
(0 votes)