India



အိန္ဒိယဆန် ဝယ်ယူခွင့် စင်ကာပူ ထပ်မံရရှိမည်

အိန္ဒိယဆန် ဝယ်ယူခွင့် စင်ကာပူ ထပ်မံရရှိမည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

အိန္ဒိယသည် လူသားချင်း စာနာထောက်ထားမှု ဆောင်ရွက်သည့် အနေဖြင့် ဘာစမာတီ မဟုတ်သော ဆန်ဖြူ နောက်ထပ် တန်ချိန် ၅၀,၀၀၀ ကို စင်ကာပူသို့ တင်ပို့ခွင့်ပြုမည်ဟု အစိုးရ အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။

 သံတမန်ရေးရာ အဓိကမိတ်ဖက်များ ဖြစ်သဖြင့် တင်ပို့ခွင့် တားမြစ်ထားသော ဆန်အမျိုးအစားကို  ခြွင်းချက်အဖြစ် တင်ပို့ခွင့် ပေးအပ်ခြင်းဖြစ်သည်။

 

အိန္ဒိယသည် တားမြစ်ထားသော ဆန်အမျိုးအစားကို အကန့်အသတ်ဖြင့် နိုင်ငံအချို့တို့ထံ တင်ပို့ခွင့်များ ပေးအပ်ခဲ့သည်။

မကြာသေးမီက ယူအေအီးသို့ တင်ပို့ခွင့် ပေးအပ်ခဲ့ပြီး ဩဂုတ်လတွင် ဘူတန်၊ မောရစ်သျှနှင့် စင်ကာပူတို့ထံ တင်ပို့ခွင့်များ ပေးအပ်ခဲ့သည်။

 

ဇူလိုင် ၂၀ ရက်က ဘာစမာတီ မဟုတ်သော ဆန်ဖြူ တင်ပို့မှုကို ရပ်ဆိုင်းရန် အိန္ဒိယ ကြေညာခဲ့ပြီးနောက် ၎င်းနိုင်ငံများသည် ဘာစမာတီ မဟုတ်သော ဆန်ဖြူ ဝယ်ယူခွင့် ပေးအပ်ရန် အိန္ဒိယအစိုးရထံ ပန်ကြားခဲ့ကြသည်။

ဩဂုတ်လတွင် စင်ကာပူမှ ဘာစမာတီ မဟုတ်သော ဆန်ဖြူ တန်ချိန် ၁၁၀,၀၀၀ ခန့်ကို ဝယ်ယူခွင့် ပေးအပ်ရန် ပန်ကြားခဲ့ရာ အိန္ဒိယက တန်ချိန် ၅၀,၀၀၀ တင်ပို့ရန် ခွင့်ပြုခဲ့ပါသည်။

 

Source livemint


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 01 October 2023 20:28
Rate this item
(0 votes)