India

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာဈေးကွက်အပါဝင် ဈေးကွက်သစ်များသို့ ကောက်ပဲသီးနှံ အိန္ဒိယတင်ပို့ခဲ့

အိန္ဒိယသည် ဆန်နှင့်ဂျုံကဲ့သို့သော သီးနှံများကို နိုင်ငံ၏လယ်ယာထွက်ကုန်တင်ပို့မှုကို တိုးမြှင့်နိုင်ရန် ပူတာရီကို၊ ယီမင်နှင့်ပိုလန်အပါအဝင် နေရာအသစ်များသို့စတင်တင်ပို့ခဲ့တယ်လို့စီးပွားကူးသန်း ဝန်ကြီးဌာနကာပြောကြားခဲ့သည်။

အိန္ဒိယသည် ဘာစမာတီ မဟုတ်သောဆန် တင်ပို့မှုကို တီမောလက်စ်တီ၊ ပူတာရီကို၊ ပါပူဝါနယူးဂီနီ၊ ဇင်ဘာဘွေ၊ ဘူရွန်ဒီ၊ အက်စ်ဝါတီနီ၊ နီကာရာဂွား အပါအဝင် နိုင်ငံ (၉) နိုင်ငံသို့ဆန်တင်ပို့ခဲ့သည်။ ထိုနိုင်ငံများသည် ပထမဆုံးအကြိမ်အဖြစ် တင်ပို့ခြင်းနှင့် ယခင်က တင်ပို့မှုပမာဏနည်းပါးသော နိုင်ငံများ ဖြစ်သည်။

 

အဆိုပါ ကိုးနိုင်ငံသို့ ဆန်တင်ပို့သည့် စုစုပေါင်းပမာဏသည် ၂၀၁၉ -၂၀ အတွင်းတွင် (၁၉၇) တန်ရှိခဲ့ပြီး ၂၀၂၀ -၂၁ တွင် ဆန်တန်ချိန် သိန်းပေါင်း ၁.၅၃ တန်အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့သည်။

အိန္ဒိယသည် ၂၀၂၀-၂၁-၂၀၁၁ အတွင်း မြန်မာ၊ယီမင်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ အီရန်နှင့် ကမ္ဘောဒီးယား စုစုပေါင်းနိုင်ငံပေါင်း ၇ ခုသို့ ဂျုံတင်ပို့ခဲ့သည်။
၂၀၁၈-၁၉ တွင် အဆိုပါ ၇ နိုင်ငံသို့ ဂျုံတင်ပို့မှု မရှိခဲ့ချေ။
၂၀၁၉-၂၀ တွင် ဂျုံတင်ပို့မှု မက်ထရစ်တန်ချိန် ၄ တန်သာတင်ပို့နိုင်ခဲ့သည်။
၂၀၂၀-၂၁ တွင် ထိုနိုင်ငံများသို့ ဂျုံတင်ပို့မှုပမာဏသည် တန်ချိန်၁.၄၈ သိန်းအထိ မြင့်တက်ခဲ့သည်။

 

ဆန်နှင့်ဂျုံများမှအပဖြစ်သော အခြားကောက်ပဲသီးနှံများတင်ပို့မှုတွင် အိန္ဒိယသည် ဆူဒန်၊ ပိုလန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ကွန်ဂိုနှင့် ဂါနာ နိုင်ငံများသို့ ပထမဆုံးအကြိမ်အဖြစ် တင်ပို့နိုင်ခဲ့သည်။

 

ဘာစမာတီ မဟုတ်သောဆန် တင်ပို့မှုသည် ၁၃၆.၀၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၇၉၄.၅၄ သန်း ရှိသည်။ ဂျုံတင်ပို့မှုသည် ၇၇၄.၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၄၉.၁၆ သန်း ရှိသည်။ အခြားသီးနှံများဖြစ်သည့် ပြောင်း အစရှိသည်တို့ကို တင်ပို့ခြင်းသည် ၂၃၈.၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆၉၄.၁၄ သန်း ရှိသည်။

Ref: business-standard

Read times Last modified on Monday, 28 June 2021 14:29
Rate this item
(0 votes)